Main menu

Background

Japan Airlines (JAL) ၏ ကုမ္ပဏီခွဲဖြစ်သည့် Zipair လေကြောင်းလိုင်းက ဝန်ထမ်းအသစ်များ ခန့်အပ်ခဲ့ကြောင်းသိရ

Wed, 05/12/2021 - 14:42 -- journal_editor

                 ဂျပန်နိုင်ငံမှ စျေးသက်သာသည့် လေကြောင်းလိုင်း Japan Airlines (JAL) ၏ လုပ်ငန်းခွဲ တစ်ခုဖြစ်သော Zipair သည် လေယာဉ်ဝန်ထမ်း ၁၀၀ ခန့်အား အလုပ်ခန့်အပ်ခဲ့ကြောင်း သိရပါ သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါပြန့်ပွားနေမှုကြောင့် အခြားလေကြောင်းလိုင်းများအနေဖြင့် ဝန်ထမ်းဦးရေ လျှော့ချနေသည့်အချိန်တွင်  တိုကျိုအခြေစိုက် Zipair လေကြောင်းလိုင်းသည်  ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါအလွန်ကာလကို ကြိုတင်ရှေးရှု၍ ၎င်း၏ လေကြောင်းခရီးစဉ်များ တိုးချဲ့ရန် ပြင်ဆင်နေကြောင်းသိရပါသည်။ Zipair လေကြောင်းလိုင်းသည် မေလ ၁၀ ရက် (တနင်္လာနေ့) တွင် Narita လေဆိပ်ရှိ ၎င်းတို့၏ ရုံးချုပ်တွင် ဝန်ထမ်းသစ် ၂၄ ဦးအား ကြိုဆိုသည့် အခမ်းအနားတစ်ခုကို ကျင်းပခဲ့ပါသည်။  အဆိုပါ ဝန်ထမ်းအသစ်များကို ၂ လခန့် လေ့ကျင့်သင် ကြားပေးကာ လေယာဉ်ခရီးစဉ်များတွင် တာဝန်ထမ်းဆောင်စေမည်ဖြစ်ကြောင်း သိရပါသည်။

                 အဆိုပါ Zipair လေကြောင်းလိုင်း၏ ဥက္ကဋ္ဌနှင့်အမှုဆောင်အရာရှိချုပ်ဖြစ်သည့် Nishida Shingo က ဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးများ ကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်ပြီးနောက် နိုင်ငံတကာ လေကြောင်းလိုင်း အသုံးပြုမှုများ ပြန်လည်စတင်လာနိုင်မည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ အလွန်ကာလအတွက်ကြိုတင်မျှော်တွေးကာ ၎င်းတို့လေကြောင်းလိုင်းအနေဖြင့် ယခုကဲ့သို့ ဝန်ထမ်းသစ်များခန့်အပ်ကာ ပြင်ဆင်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့ပါသည်။

                Japan Airlines (JAL) သည် ၂၀၂၀ ဘဏ္ဍာနှစ်အတွက် အသားတင်အရှုံး ယန်း၂၈၆.၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၆ ဘီလီယံခန့်) ရှိခဲ့ပြီး အဆိုပါပမာဏသည် ၂၀၁၂ ခုနှစ်နောက်ပိုင်း ရင်ဆိုင်ရသည့် ပထမဆုံးအကြိမ် ကြီးမားသည့် ဆုံးရှုံးသည့်ပမာဏဖြစ်ကြောင်း သိရပါသည်။

                   ANA Holdings သည် ၂၀၂၀ ဘဏ္ဍာနှစ်အတွက် အသားတင်အရှုံး ယန်း ၄၀၄.၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃.၇ ဘီလီယံ) ရှိခဲ့ပြီး အဆိုပါလုပ်ငန်းအုပ်စုအတွက် စံချိန်တင်သည့် အရှုံး ပမာဏဖြစ်ကြောင်း သိရပါသည်။

ရင်းမြစ်။ The NHK World New

(နန္ဒာဝင်း၊စီးပွားရေးသံမှူး)