Main menu

Background

ကမ္ဘာ့စိုက်ပျိုးထုတ်လုပ်မှုမှ နှံစားသီးနှံတန်ချိန် ၂.၂၈၇ ဘီလီယံထွက်ရှိရန် နိုင်ငံတကာနှံစားသီးနှံ အဖွဲ့ ခန့်မှန်း

Wed, 05/12/2021 - 14:56 -- journal_editor

            ၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် ကမ္ဘာ့စိုက်ပျိုးထုတ်လုပ်မှုမှ နှံစားသီးနှံတန်ချိန် ၂.၂၈၇ ဘီလီယံထွက်ရှိနိုင်ရန် နိုင်ငံတကာနှံစားသီးနှံအဖွဲ့(International Grain Council - IIC)က မျှော်မှန်း ထားသည်။ ယခင်သီးနှံရာသီချိန်တွင်ထွက်ရှိခဲ့သည့် အခြေအနေများအပေါ်မူတည်၍ လာမည့်သီးနှံ ရာသီချိန်တွင် နှံစားသီးနှံတန်ချိန်စုစုပေါင်း ၂.၂၈၇ ဘီလီယံ စိုက်ပျိုးထုတ်လုပ်နိုင်ရန် ခန့်မှန်းထား သည်။ ၂၀၂၀-၂၀၂၁ ခုနှစ် ကာလအတွက်လည်း နှံစားသီးနှံ ၂.၂၂၆ ဘီလီယံ စိုက်ပျိုးထုတ်လုပ်နိုင်ရန် IIC  က ခန့်မှန်းခဲ့သည်။

              နှံစားသီးနှံအဖွဲ့(IIC)ကထုတ်ပြန်သော အချက်အလက်များအရ ၂၀၂၀-၂၀၂၁ ခုနှစ်ကာလ အတွက် ပြောင်းစေ့တန်ချိန်စုစုပေါင်း ၁.၁၄ ဘီလီယံနှင့်  ၂၀၂၁-၂၀၂၂ ခုနှစ်ကာလအတွက် ပြောင်းစေ့တန်ချိန်စုစုပေါင်း ၁.၁၉၂ ဘီလီယံတို့ကို စိုက်ပျိုးထုတ်လုပ်ရန် ခန့်မှန်းခဲ့သည်။

              ကမ္ဘာ့ဂျုံစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် ဂျုံတန်ချိန် ၇၇၄ သန်း ထွက်ရှိရန်နှင့် ၂၀၂၁-၂၀၂၂ ခုနှစ်ကာလအတွက် ဂျုံတန်ချိန် ၇၉၀ သန်းတို့ကို စိုက်ပျိုးထွက်ရှိရန် ခန့်မှန်းခဲ့သည်။

              ကမ္ဘာ့ပဲပုတ်စေ့စိုက်ပျိုးထုတ်လုပ်မှုတွင် ၂၀၂၀-၂၀၂၁ ခုနှစ်ကာလ နောက်ဆုံးသီးနှံ ရိတ်သိမ်းချိန်တွင် ပဲပုတ်စေ့တန်ချိန် ၃၆၂ သန်း ထုတ်လုပ်နိုင်ရန်နှင့် ၂၀၂၁-၂၀၂၂ ခုနှစ်၊ ဧပြီလ သီးနှံရိတ်သိမ်းချိန်တွင် ပဲပုတ်စေ့တန်ချိန် ၃၈၃ သန်းတို့ကို ထုတ်လုပ်နိုင်ရန် ခန့်မှန်းထားသည်။

              ကမ္ဘာ့ဆန်စိုက်ပျိုးထုတ်လုပ်မှုတွင် ၂၀၂၀-၂၀၂၁ ခုနှစ်ကာလအတွက် ဆန်တန်ချိန် စုစုပေါင်း ၅၀၄ သန်း ထုတ်လုပ်နိုင်ရန်နှင့် ၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် ဆန်တန်ချိန်စုစုပေါင်း ၅၀၉ သန်းတို့ကို စိုက်ပျိုးထုတ်လုပ်နိုင်ရန် ခန့်မှန်းခဲ့သည်။

 

(ထွန်းအောင်ဇော်၊စီးပွားရေးသံမှူး)