Main menu

Background

၂၀၂၀-၂၀၂၁ ခုနှစ်ကာလတွင် အမေရိကန်နိုင်ငံမှ ပဲပုတ်စေ့တန်ချိန် ၂၉၂,၅၀၀ တင်ပို့နိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဌာန(USDA)က ပြောကြား

Wed, 05/12/2021 - 14:59 -- journal_editor

                     ၂၀၂၀-၂၀၂၁ ခုနှစ်ကာလတွင် အမေရိကန်နိုင်ငံရှိပဲပုတ်စေ့တင်ပို့သူများမှ ပဲပုတ်စေ့ တန်ချိန် ၂၉၂,၅၀၀ တင်ပို့ခဲ့ကြောင်း ဧပြီလ ၂၉ ရက်နေ့တွင် အမေရိကန်စိုက်ပျိုးရေးဌာန (Department of Agriculture - USDA)က သတင်းဌာနသို့ ပြောကြားခဲ့သည်။

              ဧပြီလတတိယပတ်တွင် မက္ကစီကိုနိုင်ငံသို့ ပဲပုတ်စေ့တန်ချိန် ၁၁၅,၃၀၀၊ တရုတ်နိုင်ငံသို့ ပဲပုတ်စေ့တန်ချိန် ၆၂,၅၀၀၊ အီဂျစ်နိုင်ငံသို့ ပဲပုတ်စေ့တန်ချိန် ၅၁,၉၀၀၊ ဆော်ဒီအာရေဗျနိုင်ငံသို့ ပဲပုတ်စေ့တန်ချိန် ၂၉,၂၀၀ နှင့် ဂျပန်နိုင်ငံသို့ ပဲပုတ်စေ့တန်ချိန် ၂၃,၀၀၀ တို့အား အသီးသီးတင်ပို့ ခဲ့သည့်အပြင် အခြားနိုင်ငံများသို့လည်း တင်ပို့မှုများရှိကြောင်း စိုက်ပျိုးရေးဌာနက ပြောကြားခဲ့သည်။  

             ၂၀၂၁-၂၀၂၂ ခုနှစ်သီးနှံရာသီချိန်အတွက် တရုတ်နိုင်ငံသို့ ပဲပုတ်စေ့တန်ချိန် ၁၉၈,၀၀၀ နှင့် ပါကစ္စတန်နိုင်ငံသို့ ပဲပုတ်စေ့တန်ချိန် ၅၅,၀၀၀ အပါအဝင် ပဲပုတ်စေ့တန်ချိန်စုစုပေါင်း ၄၃၉,၀၀၀ ကိုလည်း ရောင်းချထားပြီးဖြစ်ကြောင်း၊ သင်္ဘော တင်ပြီးစီးမှုအနေဖြင့် ပဲပုတ်စေ့တန်ချိန်စုစုပေါင်း ၃၄၀,၄၀၀ ရှိကြောင်း သတင်းဌာနသို့ ပြောကြားခဲ့သည်။

(ထွန်းအောင်ဇော်၊စီးပွားရေးသံမှူး)