Main menu

Background

အမေရိကန်နိုင်ငံ၏ ပြောင်းတင်ပို့မှု ၃၅ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့ကြောင်း USDA ပြောကြား

Wed, 05/12/2021 - 15:00 -- journal_editor

၂၀၂၀-၂၀၂၁ ခုနှစ်ကာလတွင် အမေရိကန်နိုင်ငံမှ ပြောင်းစေ့တန်ချိန် ၅၂၁,၃၀၀ တင်ပို့နိုင် ခဲ့ကြောင်း၊ ပြောင်းစေ့အဓိကဝယ်လက်များဖြစ်သည့် မက္ကဆီကိုနိုင်ငံသို့ ပြောင်းစေ့တန်ချိန် ၂၉၆,၉၀၀၊ တောင်ကိုးရီးယားနိုင်ငံသို့ ပြောင်းစေ့တန်ချိန် ၁၁၇,၁၀၀၊ ဆော်ဒီအာရေဗျနိုင်ငံသို့ ပြောင်းစေ့တန်ချိန် ၈၉,၂၀၀၊ ကိုလံဘီယာနိုင်ငံသို့ ပြောင်းစေ့တန်ချိန် ၇၁,၁၀၀ နှင့် အီဂျစ်နိုင်ငံသို့ ပြောင်းစေ့တန်ချိန် ၅၈,၂၀၀ တို့အား အသီးသီးတင်ပို့ခဲ့ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာနက ပြောကြားခဲ့သည်။

              ၂၀၂၁-၂၀၂၂ ခုနှစ် သီးနှံရာသီအတွက် အမေရိကန်နိုင်ငံမှ ပြောင်းစေ့တန်ချိန် ၅၅၃,၄၀၀ အားလည်း ရောင်းချထားပြီးဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ၏အဓိကဝယ်လက်နိုင်ငံသို့ ပြောင်းစေ့ တန်ချိန် ၃၆၁,၄၀၀၊  ဂွါတီမာလာနိုင်ငံသို့ ပြောင်းစေ့တန်ချိန် ၁၃၆,၇၀၀၊ ပနားမားနိုင်ငံသို့ ပြောင်းစေ့ တန်ချိန် ၂၀,၄၀၀နှင့် မက္ကစီကိုနိုင်ငံသို့ ပြောင်းစေ့တန်ချိန် ၂၀,၃၀၀ အား ရောင်းချထားပြီး ဖြစ်ကြောင်း၊ သင်္ဘောတင်ပြီးစီးမှုအနေဖြင့် ပြောင်းစေ့တန်ချိန် ၁.၉၁၅ သန်းရှိကြောင်း၊ တရုတ် နိုင်ငံသို့ ပြောင်းစေ့တန်ချိန် ၅၆၁,၆၀၀၊ ဂျပန်နိုင်ငံသို့ ပြောင်းစေ့တန်ချိန် ၃၉၉,၅၀၀၊ မက္ကစီကို နိုင်ငံသို့ ပြောင်းစေ့တန်ချိန် ၂၈၇,၄၀၀၊ တောင်ကိုးရီးယားနိုင်ငံသို့ ပြောင်းစေ့တန်ချိန် ၁၈၃,၈၀၀ နှင့် ကိုလံဘီယာနိုင်ငံသို့ ပြောင်းစေ့တန်ချိန် ၉၄,၆၀၀ တို့အား အသီးသီးတင်ပို့ခဲ့ကြောင်း သတင်းဌာနသို့ ပြောကြားခဲ့သည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - canalrural.com.br