Main menu

Background

နည်းပညာအသုံးပြုခဲ့သဖြင့် ပဲပုတ်စေ့စိုက်ပျိုးရေးတွင် မြေဟက်တာ ၇၁ သန်းကျော် လျှော့ချနိုင်ခဲ့

Thu, 05/13/2021 - 10:28 -- journal_editor

ဘရာဇီးလ်နိုင်ငံတွင် မြေသုံးစွဲမှုလျှော့နည်းသက်သာစေသော စိုက်ပျိုးရေးနည်းပညာကို အသုံးပြုခဲ့သဖြင့် ပဲပုတ်စေ့စိုက်ပျိုးမြေဟက်တာ ၇၁ သန်းကျော်အထိ လျှော့ချစိုက်ပျိုးနိုင်ခဲ့ကြောင်း Brazilian Agricultural Research Company(Embrapa)၏ လေ့လာတွေ့ရှိချက်အား သတင်းတွင် ဖော်ပြခဲ့သည်။ ဆန်းသစ်သောစိုက်ပျိုးရေးနည်းစနစ်ကြောင့် ကျေးငှက်တိရိစ္ဆာန်များရှင်သန်နေထိုင် သည့် မြေရိုင်းဟက်တာ ၁.၅၅ သန်းအား စိုက်ပျိုးမြေအဖြစ် ခုတ်ထွင်ပြုပြင်အသုံးပြုခြင်းမှ အကာအကွယ်ပေးနိုင်ခဲ့ပြီး ဝက်မွေးမြူရေးလုပ်ငန်းများတွင်လည်း မြေဟက်တာ ၁ သန်းအား လျှော့ချနိုင်ခဲ့ကြောင်း ၎င်းသုတေသနကုမ္ပဏီက သတင်းဌာနသို့ပြောကြားခဲ့သည်။

   မြေသုံးစွဲမှုလျှော့ချရေးနည်းပညာသည် လက်ရှိမြေဧရိယာတွင် ပိုမိုတိုးတက်ထုတ်လုပ် နိုင်စေရန် ပေါင်းစည်းကုန်ထုတ်လုပ်မှုစနစ်ကို အသုံးပြုသည့်နည်းစနစ်ဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများတိုးချဲ့လုပ်ကိုင်ရန်အတွက် သစ်တောများခုတ်ထွင်ရှင်းလင်းခြင်းကို ရှောင်ရှား နိုင်မည်ဖြစ်သည်။ အဆိုပါနည်းပညာသစ်သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောများပုံမှန် ရှင်သန်ပေါက်ရောက်မှုအား ပေါင်းစည်းထား သည့်စနစ်(integrated crop-livestock-forest system - ILPF)ဖြစ်ပြီး စိုက်ပျိုးရေးအတွက်ထွန်ယက်ခြင်းနှင့် ဓာတ်မြေဩဇာသုံးစွဲရခြင်းတို့ကို ဆောင်ရွက် ရန်မလိုအပ်ဘဲ သဘာဝဇီဝမြေဩဇာများကိုအသုံးပြု၍ စိုက်ပျိုးနိုင် မည်ဖြစ်သည်။

              ဘရာဇီးလ်နိုင်ငံတွင် မြေသုံးစွဲမှုလျှော့ချရေးနည်းစနစ်ကဲ့သို့သော ရေရှည်ဖွံ့ဖြိုးတိုးတက် စေမည့်စနစ်များနှင့် နည်းပညာများ အဆင်သင့်ရှိနေကြောင်း၊ ထို့ကြောင့် ဘရာဇီးလ်နိုင်ငံ၏ အဓိကစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းများတွင် အဆိုပါနည်းစနစ်များကို မဟာဗျူဟာချမှတ် ကျင့်သုံးဆောင်ရွက်ရန် စဉ်စားသင့်ကြောင်း Embrapa ကုမ္ပဏီမှ စိုက်ပျိုးရေးပညာရှင် Samuel Roof က သတင်းဌာနသို့ ပြောကြားခဲ့သည်။

              မြေသုံးစွဲမှုလျှော့ချရေးနည်စနစ်သည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင် နေကြသည့် အသေးစား၊ အလတ်စားနှင့် အကြီးစားလုပ်ငန်းအရွယ်အစားအားလုံးကို အကျိုး ဖြစ်ထွန်းစေသဖြင့် အလေးထား လုပ်ဆောင်သင့်သည့်နည်းစနစ်ဖြစ်ကြောင်း Embrapa ကုမ္ပဏီ၏ သုတေသနနှင့်ဖွံ့ဖြိုးမှုဌာန ညွှန်ကြားရေးမှူးက သတင်းဌာနသို့ ပြောကြားခဲ့သည်။

              ယခင်က စိုက်ပျိုးမြေဟက်တာ ၃၆.၉ သန်းမှ ပဲပုတ်စေ့တန်ချိန် ၁၂၀.၉ သန်းသာ ထွက်ရှိ ခဲ့သော်လည်း မြေသုံးစွဲမှုလျှော့ချရေးနည်းစနစ်ကို အသုံးပြုစိုက်ပျိုးခဲ့ရာ ၂၀၁၉-၂၀၂၀ ခုနှစ်ကာလ ရိတ်သိမ်းချိန်တွင် စိုက်ပျိုးမြေ ဟက်တာ ၆၅.၈ သန်းမှ ပဲပုတ်စေ့တန်ချိန် ၂၅၁ သန်း ထွက်ရှိခဲ့ ကြောင်း၊ လတ်တလောကာလတွင် နည်းစနစ်သစ်ဖြင့်စိုက်ပျိုးထွက်ရှိသည့် ပဲပုတ်စေ့ပမာဏကို  ၁၉၇၀ နှစ်များတွင် စိုက်ပျိုးထုတ်လုပ်မည်ဆိုပါက လက်ရှိပဲပုတ်စေ့ စိုက်ပျိုးမြေဧရိယာ၏ ၃ ဆခန့် အထိ စိုက်ပျိုးရမည်ဖြစ်ကြောင်း ၎င်းညွှန်ကြားရေးမှူးက သတင်းဌာနသို့ ပြောကြားခဲ့သည်။

(ထွန်းအောင်ဇော်)

စီးပွာရေးသံမှူး

သတင်းရင်းမြစ် - canalrural.com.br