Main menu

Background

Brexit အလွန် အီးယူ-ဗြိတိန် ကုန်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို ဥရောပပါလီမန်က တရားဝင်အတည်ပြုခဲ့ခြင်း

Thu, 05/13/2021 - 10:43 -- journal_editor

                   အီးယူနှင့် ဗြိတိန်နိုင်ငံတို့အကြား ၂၀၂၀ ပြည့်နှစ်က သဘောတူညီချက်ရရှိခဲ့သည့် Brexit အလွန် ကုန်သွယ်မှုနှင့်ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက် (post-Brexit Trade and Cooperation Agreement (TCA)) အား ဥရောပပါလီမန်က တရားဝင် အတည်ပြုခဲ့ကြောင်း သိရသည်။ ယင်းသဘောတူညီချက်သည် အီးယူမှ ဗြိတိန်နိုင်ငံ တရားဝင်ထွက်ခွာပြီးနောက် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ ယာယီအသက်ဝင် ခဲ့ပြီး၊ အမြဲတမ်းအသက်ဝင်နိုင်ရေးအတွက် ဥရောပပါလီမန်၏ သဘောတူညီမှုကို ရယူရန် လိုအပ်ခြင်းဖြစ်သည်။

              အဆိုပါသဘောတူညီချက်အား ဥရောပပါလီမန်၌ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ (၆၆၀)မဲ၊ ကန့်ကွက်မဲ (၅) မဲ နှင့် ကြားနေမဲ (၃၂) မဲ ရလာဒ်ထွက်ပေါ်ခဲ့ကြောင်း ဥရောပ ပါလီမန်၏ ထုတ်ပြန်ချက်အရ သိရသည်။ Brexit အလွန် ကုန်သွယ်မှုနှင့်ပူးပေါင်းဆောင်ရွက် ရေးသဘောတူညီချက်သည် ဗြိတိန်နိုင်ငံနှင့် အီးယူအကြား ခိုင်မာ၍နီးကပ်သောမိတ်ဖက် ပြုမှုတစ်ရပ်၏ အခြေခံဖြစ်ပြီး၊ သဘောတူညီချက်အကောင်အထည်ဖော်ရေးသည် အရေးပါ ကြောင်း ဥရောပကော်မရှင် ဥက္ကဌ Ursula von der Leyen ကပြောကြားခဲ့ပါသည်။

              အီးယူမှ ဗြိတိန်ခွဲထွက်မှုကိစ္စရပ်အား ဝေဖန်မှုများရှိသော်လည်း ဗြိတိန်ခွဲထွက်မှု၏ ဆိုးကျိုးသက်ရောက်မှုများကို အကန့်အသတ်ဖြင့်သာဖြစ်ပေါ်စေသည့် အီးယူ-ဗြိတိန် ကုန်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီ ချက် ရရှိခဲ့ခြင်းကို ဥရောပပါလီမန်က အခိုင်အမာ ကြိုဆိုခဲ့ကြောင်း သိရသည်။ အထူးသဖြင့် ယင်းသဘောတူညီချက်အရ အီးယူ-ဗြိတိန် ကုန်သွယ်မှုတွင် အကောက်ခွန်နှင့် ကိုတာကင်းလွတ်ခွင့်များ ရရှိခဲ့သည့် ဆုံးဖြတ်ချက် အပေါ် ဥရောပပါလီမန်အမတ်များက ကြိုဆိုခဲ့ကြပါသည်။

ရင်းမြစ် -  (The Brussels Times)

(ကျော်စိန်ဝင်း၊စီးပွားရေးသံမှူး)