Main menu

Background

ပို့ကုန်တန်ဖိုးမြှင့်တင်ရန် အွန်လိုင်းကုန်စည်ပြပွဲ( Online Trade Fairs)များ

Tue, 05/18/2021 - 10:40 -- journal_editor

         အပြည်ပြည်ဆိုင်ရာ  ကုန်သွယ်မှုမြှင့်တင်ရေးဉီးစီးဌာနအနေဖြင့်  ဒုတိယနှစ်ဝက်တွင်တိုင်းပြည်၏ ပြည်ပတင်ပို့မှုကိုတိုးမြှင့်နိုင်ရန်အတွက် အွန်လိုင်း ကုန်စည်ပြပွဲ (Virtual Online Trade Fairs)များနှင့် စီးပွားရေး ဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများ (Business Activities )ကို ပိုမို တိုးမြှင့်ဆောင်ရွက်သွားရန်စီစဉ်လျှက်ရှိနေကြောင်းသိရှိရပါသည်။ အပြည်ပြည်ဆိုင်ရာ ကုန်သွယ် မှုမြှင့်တင်ရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် Somdet Susomboon ၏ ပြောကြားချက်အရ ဌာနအနေဖြင့်ယခုနှစ်ဒုတိယနှစ်ဝက်အတွင်းအွန်လိုင်းကုန်စည်ပြပွဲပေါင်း(၃၀)ကျော်နှင့်စီးပွားရေးဆိုင်ရာလှုပ်ရှားမှုActivitiesများကိုပို့ကုန်တင်ပို့မှု(၄%)ကျော်မြှင့်တင်နိုင်ရေးအတွက် စီစဉ်ပြင်ဆင် ဆောင်ရွက် လျှက်ရှိကြောင်း သိရှိရပါသည်။

          မိမိတို့အနေဖြင့် ယခုနှစ်ဒုတိယနှစ်ဝက်တွင် နိုင်ငံ၏ပို့ကုန်တင်ပို့မှု အလားအလာအနေဖြင့်ပထမနှစ်ဝက်ထက် ပိုမိုကောင်းမွန်နိုင်မည်ဟု အကောင်းမြင်မျှော်လင့်ကြောင်း၊ ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူလာမှုနှင့် တရုတ်၊ အမေရိကန်၊ ဂျပန်နှင့် ဉရောပကဲ့သို့သော ကုန်သွယ်ဖက် နိုင်ငံများတွင် စီးပွားရေးတိုးတက်မှုများကြောင့်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

          ကမ္ဘာတစ်ဝှန်းCovid-19ကာကွယ်ဆေးဖြန့်ဖြူးမှု၏ ရလဒ်ကြောင့် စားသုံးသူများအနေဖြင့်စီးပွားရေးလုပ်ငန်းများအပေါ် ပိုမို၍ယုံကြည်မှုရှိလာလိမ့်မည်ဖြစ်ပြီး ၎င်းက ကမ္ဘာ့စီးပွားရေးကို ပြန်လည်နာလန်ထူလာစေလိမ့် မည်ဖြစ်ကြောင်း သိရှိရပါသည်။ အပြည်ပြည်ဆိုင်ရာ  ကုန်သွယ်မှု မြှင့်တင်ရေးဉီးစီးဌာနညွှန်ကြားရေးမှုးချုပ် Mr. Somdet ၏ပြောကြားချက်အရ အဓိက ထုတ်ကုန်(၃)မျိုးဖြစ်သော အစားအစာ(Food)၊ အိမ်မှနေရင်းအလုပ်လုပ်သည့် ထုတ်ကုန်များ၊ ဆေးဘက် ဆိုင်ရာနှင့်ရာဘာလက်အိတ်များကဲ့သို့သော ကျန်းမာရေးဆိုင်ရာထုတ်ကုန်များနှင့်ဆေးဘက်ဆိုင်ရာအထောက်အပံ့ပစ္စည်းများ ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အဆိုပါ   ထုတ်ကုန်များသည်   ပြည်ပပို့ကုန် ဈေးကွက်၌ဆက်လက်၍ကြီးထွားနေလိမ့်မည်ဖြစ်ကြောင်း၎င်းကပြောကြားခဲ့ပါ သည်။

          ဆက်လက်၍Mr. Somdet က Covid-19 ဖြစ်ပွားနေစဉ်အတွင်း ၎င်း၏ ဉီးစီးဌာနအနေဖြင့်တစ်ကဲ့မြေပြင်တွင် ခင်းကျင်းပြသသည့် ကုန်စည်ပြပွဲ(Physical Trade Shows)များမှနေ၍ အွန်လိုင်းVirtual and Online Business and e-commerce များအဖြစ်သို့ပြောင်းလဲစီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြင့် ပြည်ပပို့ကုန်မြှင်တင်ရေးအစီအစဉ်များကို ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့ပါ သည်။  အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေး ဉီးစီးဌာနအနေဖြင့် ထိုင်းအစားအစာနှင့် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများကို အပြည်ပြည်ဆိုင်ရာသို့ ရောင်းချနိုင်ရန်အတွက် ဧပြီလ(၂၈)ရက်နေ့တွင် ကျင်းပခဲ့သော World International Direct Export (WIDE)အွန်လိုင်းပွဲအစီအစဉ်ဖြင့်စတင်

ပြောင်းလဲဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဉီးစီးဌာနအနေဖြင့်ရုပ်ရှင်ကားများ၊Animations များ၊ ဂိန်းများ၊ Seriesများနှင့် Soap Opera များအပါအဝင် အခြားသော ထုတ်ကုန်ပစ္စည်းများ အတွက်လည်း ပို့ကုန်ဈေးကွက်ရရှိရန်အတွက်အလားတူပွဲများကိုယခုလနှောင်းပိုင်းတွင်ဆက် လက် ဆောင်ရွက်သွားရန်စီစဉ်နေကြောင်းသိရှိရပါသည်။Mr.Somdetက ဉီးစီးဌာနအနေဖြင့် စီစဉ် ထားသည့်အတိုင်း ပြည်ပပို့ကုန် (၄%) မြှင့်တင် ရရှိရန်အတွက် ယုံကြည်မှုရှိနေကြောင်း၊ သို့ရာတွင် Covid-19 ဖြစ်ပွားမှု၊ ကွန်တိန်နာရှားပါးမှုနှင့် သယ်ယူပို့ဆောင်ရေး    စရိတ်များမြင့်တက်မှုတို့နှင့်ပတ်သက်၍ အနီးကပ် စောင့်ကြည့်လေ့လာသွားရန်လိုအပ်မည်ဟု ပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံ၏ ပြည်ပပို့ကုန် တန်ဖိုးမှာ မတ်လတွင် နှစ်အလိုက်၌ (၈.၄၇%)မြင့်တက်ခဲ့ပြီး အမေရိကန် ဒေါ်လာ(၂၄.၂)ဘီလီယံ၊ ထိုင်းဘတ်ငွေ အားဖြင့် (၇၅၅.၄ဘီလီယံ)ရရှိခဲ့ကြောင်း၎င်းမှာကုန်သွယ်ဖက်နိုင်ငံများ၏ စီးပွားရေး နှိုးဆွမှုအစီအမံများ၊ ကမ္ဘာလုံးဆိုင်ရာကာကွယ်ဆေးဖြန့်ဖြူးမှုနှင့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း မြင့် တက်ခဲ့မှုတို့ကြောင့်ဖြစ်ကြောင်း ဧပြီလ(၂၃)ရက် နေ့တွင် အစီရင်ခံတင်ပြခဲ့ပါသည်။ပထမ(၃)လပတ်တွင်ထိုင်းနိုင်ငံ၏ပြည်ပတင်ပို့မှုမှာ(၂.၂၇%)တိုးတက်ခဲ့ပြီးအမေရိကန်ဒေါ်လာ(၆၄.၂)ဘီလီယံ ရရှိခဲ့ကြောင်း၊ သွင်းကုန်တင်သွင်းမှုမှာလည်း(၉.၃၇%)တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ(၆၃.၆) ဘီလီယံရှိခဲ့ကြောင်း၊ရလဒ်အနေဖြင့်ကုန်သွယ်မှုပိုငွေအမေရိကန်ဒေါ်လာ(၅၁၆)သန်းရရှိခဲ့ကြောင်း သိရှိရပါသည်။

Bangkok Post

(လွင်မျိုးဇော်၊ စီးပွားရေးသံမှူး)

   မြန်မာသံရုံး၊ဗန်ကောက်မြို့