Main menu

Background

အစိုးရအနေဖြင့် GIမှတ်ပုံတင်ခြင်းကိုအရှိန်မြှင့်တင်ဆောင်ရွက်လျှက်ရှိခြင်း

Tue, 05/18/2021 - 10:47 -- journal_editor

           ထိုင်းနိုင်ငံအနေဖြင့် ယခုနှစ်ကပ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း နိုင်ငံခြား   ကုန်သည် များကထိုင်းနိုင်ငံ၏ထုတ်ကုန်များကို ထုတ်လုပ်နေခြင်းအားတားဆီးရန်အတွက်ပထဝီဝင်ဆိုင်ရာ ဒေသအညွှန်းကိန်းGeographical Indication (GI)ဆိုင်ရာ ထုတ်ကုန်များမှတ်ပုံတင်ခြင်းကို နိုင်ငံ (၄)ခုတွင်မှတ်ပုံတင်နိုင်ရန်အရှိန်မြှင့်တင်ဆောင်ရွက်လျှက်ရှိကြောင်းသိရှိရပါသည်။  Geographical  Indication (GI)ဆိုသည်မှာ ထူးခြားသော လက္ခဏာအသွင်အပြင်ရှိသည့် အချို့သော ဒေသ များ၊ပြည်နယ်များ၊ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်များမှလာသော ထုတ်ကုန်ပစ္စည်းများ အတွက် တရားဝင်အထောက်အထားလက်မှတ်(Certificate)ဖြစ်ပါသည်။

               အဆိုပါမှတ်ပုံတင်ခြင်းအတွက်လျှောက်ထားလွှာ(Applications) များကို တရုတ်၊ ဂျပန်၊ ဗီယက်နမ်နှင့်မလေးရှားအာဏာပိုင်များထံပေးပို့ထားကြောင်း၊IPဦးစီးဌာန၏ ဒုတိယအကြီး အကဲPrayoth Benyasut ကပြောကြားခဲ့ကြောင်းသိရှိရပါသည်။အဆိုပါ မှတ်ပုံတင်မည့်ထုတ်ကုန် ပစ္စည်းများမှာ တရုတ်နိုင်ငံတွင်မှတ်ပုံတင်မည့် Thung Kula Rong Hai Hom Mali Rice ဟုမ်းမလိဆန်၊ Pakpanang Tub Tim Siam Pomelo ကျွဲကောသီး နှင့်  Phetchabun sweet Tamarind မန်ကျည်းချိုသီး၊ ဂျပန်နိုင်ငံတွင်မှတ်ပုံတင်မည့် Doi Chaang and Doi Tung coffee ကော်ဖီနှင့် အလားတူ Huay Mon Pineapple နာနတ်သီးတို့ဖြစ်ကြောင်း၊ဗီယက်နမ် နိုင်ငံတွင်မှတ်ပုံတင်မည့်

Phetchabun sweet Tamarind မန်ကျည်းချိုသီးနှင့် Lamphun golden dried long လောင်ဂန်သီး၊ မလေးရှားနိုင်ငံတွင်မှတ်ပုံတင်မည့်Thung  Kula Rong Hai Hom Mali Rice ဟုမ်းမလိဆန်၊ Sangyod Muang Phatthalung Rice ဆန် နှင့် Pakpanang Tub Tim Siam Pomelo ကျွဲကောသီးတို့ဖြစ်ကြောင်းသိရှိရပါသည်။

          နိုင်ငံခြား တိုင်းပြည်များတွင် GI မှတ်ပုံတင်ခြင်းဖြင့် အချို့သော ဒေသများမှ မူရင်းအဖြစ် ထွက်ရှိသည့် ထိုင်းထုတ်ကုန်များအပေါ် အကာအကွယ်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း၊ အဆိုပါ ထုတ်ကုန်များ၏ ထူးခြားသော အသွင်အပြင်လက္ခဏာများသည် ထိုင်းနှင့် နိုင်ငံခြားဝယ်ယူသူများ

နှစ်ဘက်လုံးအပေါ် ဆွဲဆောင်မှုဖြစ်စေလိမ့်မည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

          ထိုင်းနိုင်ငံ၏ GIထုတ်ကုန်များ ပြည်ပတင်ပို့မှုအနေဖြင့် ယခင်နှစ်က ဘတ်ငွေ (၁) ဘီလီယံရှိခဲ့ရာမှ ယခုနှစ်အတွက် (၅%-၁၀%)တိုးတက်ရန်မျှော်မှန်းထားကြောင်းသိရှိရပါသည်။ ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံခြားတိုင်းပြည်များတွင် ထုတ်ကုန်များစွာကို မှတ်ပုံတင်ပြုလုပ်ထား ကြောင်း၊ အီးယူ တွင် Thung Kula Rong Hai Hom Mali Rice ဟုမ်းမလိဆန်၊ Doi Chaang coffee ကော်ဖီ ၊ Doi Tung Coffee ကော်ဖီနှင့် Sangyod Mung Phatthalung Rice ဆန်တို့မှတ်ပုံတင်ထားကြောင်း၊ ဗီယက်နမ်နိုင်ငံတွင် IsanIndigenous Thai Silk Yarn ထိုင်း ပိုးချည်ထည်အားလည်းကောင်း၊ အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံများတွင် Lamphun brocade Thai Silk ထိုင်းဘရိုကိတ်ပိုးထည်တို့အားလည်းကောင်း မှတ်ပုံတင်ထားကြောင်းသိရှိရပါသည်။

          ဖေါက်သည်များအကြားလူသိများလာသည်နှင့်အမျှ GI ထုတ်ကုန်များ ရောင်းချမှုသည် အလား အလာကောင်းလာကြောင်း၊ ၎င်းက အစိုးရအနေဖြင့် များစွာသော အဖွဲ့အစည်းများသို့ ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းတန်ဖိုးများကို မြှင့်တင်နိုင်ရန် အရည်အသွေးကိုမြှင့်တင်ကြစေဖို့ အတွက် အားပေးအားမြှောက်ပြုပေးစေခဲ့ကြောင်းသိရှိရပါသည်။ အစိုးရက GI ထုတ်ကုန်များ အပေါ်မြှင့်တင်ဆောင်ရွက်ပေးခဲ့ချိန်မှ စတင်၍ ထိုင်းနိုင်ငံအနေဖြင့် စုစုပေါင်း ဈေးကွက်ပမာဏကိုဘတ်ငွေ(၃၆)ဘီလီယံအထိ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း ဉီးစီးဌာန၏ပြောကြားချက်အရ သိရှိရပါသည်။ ထိုင်းနိုင်ငံ ပြည်နယ်(၇၆)ခုမှ GI မှတ်ပုံတင်ထားသော ပင်ရင်းဒေသ ထုတ်ကုန် (၁၃၇)ခုရှိကြောင်း၊ ယခုနှစ်အတွင်း  ပြည်နယ်(၇၇)ခုလုံးမှ ထုတ်ကုန်များကို မှတ်ပုံတင်နိုင်ရန်  ဉီးစီးဌာနအနေဖြင့်စီစဉ်ထားရှိကြောင်း၊ နောက်ဆုံး GI ထုတ်ကုန်မှာ Kaw Diew Phichit Rice ဆန်ဖြစ်ကြောင်း၊ ၎င်းထုတ်ကုန်ကို ဧပြီလ(၂၇)ရက်နေ့တွင်

မှတ်ပုံတင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါ သည်။

Bangkok Post

 (လွင်မျိုးဇော်၊ စီးပွားရေးသံမှူး)                                                                              

  မြန်မာသံရုံး၊ဗန်ကောက်မြို့