Main menu

Background

WTO ၏ ငါးလုပ်ငန်း အမတော်ကြေးထောက်ပံ့မှုဆိုင်ရာ အဆိုပြုမူကြမ်းအား အိန္ဒိယနိုင်ငံက ကန့်ကွက်ဖွယ်ရှိခြင်း

Tue, 05/18/2021 - 10:52 -- journal_editor

    

               ကမ္ဘာတစ်ဝန်းရှိ ငါးဖမ်းလုပ်ငန်းများ၌ အမတော်ကြေးများ ထောက်ပံ့လုပ်ကိုင်နေမှုကို လျော့ ချရန် ရည်ရွယ်လျက် အဆိုပြုမူကြမ်းတစ်စောင်အား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) က အဖွဲ့ဝင် နိုင်ငံများသို့ ၁၁-၅-၂၀၂၁ နေ့၌ ဖြန့်ဝေခဲ့ပါသည်။ အဆိုပါစာမူကြမ်းတွင် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှု အနည်း ဆုံးနိုင်ငံများအတွက် အချိန်ကန့်သတ်ချက်ဖြင့် ဖြေလျော့ခွင့်ပြုလျက် ပင်လယ်ငါးဖမ်းလုပ်ငန်းများ၌ အစိုးရ၏ အထောက်အပံ့ပေးမှုများကို လျော့ချသွား ရန်နှင့် လုပ်ကိုင်နိုင်စွမ်းထက် ကျော်လွန်ဆောင် ရွက်မှု သို့မဟုတ် အလွန်အကျွံ ငါးဖမ်းမှုတွင် အမတော်ကြေးထောက်ပံ့မှုများပြုပါက သင့်လျော်သည့် ငါးဖမ်းလုပ်ငန်း၌ ဇီဝဆိုင်ရာ ရေရှည်တည်တံ့မှုအဆင့်နှင့်လျော်ညီစွာ ထိန်းသိမ်း လုပ်ဆောင်ခြင်း ဖြစ် သည်ကို အထောက်အပံ့ပေးအပ်သူက သရုပ်ဖော်ပြသရန် ဖော်ပြထားကြောင်း သိရှိရသည်။

            ထိုသို့ အဆိုပြုချက်သည် ငါးဖမ်းလုပ်ငန်းကဏ္ဍ၌ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အထူးနှင့် သီးခြား သက်သာမှု အခွင့်အရေးများကို လျော့ပါးစေနိုင်ဖွယ်ရှိပြီး ပိုမိုတင်းကျပ်သည့် အသိပေးထုတ်ပြန်ရန် လိုအပ်ချက်များအား ပြဌာန်းရန် ရည်ရွယ် သည်ဟု ရှုမြင်လျက်ရှိသော အိန္ဒိယနိုင်ငံနှင့် အာဖရိက၊ ကာရစ်ဘီယန်နှင့် ပစိဖိတ်ဒေသအုပ်စုမှ အဖွဲ့ဝင် ၇၉ နိုင်ငံတို့က ကန့်ကွက်ဖွယ်ရာရှိကြောင်း အိန္ဒိယ Economic Times သတင်းဌာနက ဖော်ပြပါသည်။

         အိန္ဒိယအစိုးရအရာရှိတစ်ဦးက WTO အဆိုပြုချက်ပါ ရေးသားဖော်ပြချက်မှာ ပြဿနာများ ရှိပြီး S&DT ခေါ် အထူးနှင့်သီးခြားသက်သာမှု အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းစဉ် အပေါ် မူတည်နေကြောင်း၊ လက်ရှိဖော်ပြချက်များသည် အချိန်ကန့်သတ်ချက်ဖြင့် ဖြေလျော့မှုနှင့် အတူ အိန္ဒိယကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြုပြင်ပြောင်းလဲလွယ်မှုများကို ကန့်သတ် လျက် သက်သာခွင့်များကို အားနည်းစေမည်ဖြစ်ကြောင်း၊ ယခုအဆို ပြုမူကြမ်းအပေါ် အခြားသော အစိုးရ ဌာနဆိုင်ရာများကလည်း ပြင်းထန်စွာကန့်ကွက်ဖွယ်ရှိကြောင်း၊ သို့ဖြစ်ရာ စာမူကြမ်းအား ပြင်ဆင်မှု  များစွာရှိလာနိုင်ပြီး လာမည့် ဝန်ကြီးများအဆင့် အစည်းအဝေး၌ ဤကိစ္စရပ်အပေါ် ဆွေးနွေး မှုများမှာ အရာမထင်ဖြစ်မည်ကို စိုးရိမ်ရကြောင်း ပြောဆိုပါသည်။  ၁၅-၇-၂၀၂၁ နေ့တွင် ကျင်းပရန်စီစဉ်ထား ရှိသည့် WTO ၏ ဝန်ကြီးများအဆင့် အစည်းအဝေးတွင် ယခု ငါးလုပ်ငန်း အမတော်ကြေး ထောက်ပံ့မှု ဆိုင်ရာ အဆိုပြုမူ ကြမ်းအား တင်ပြဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source:         India to oppose WTO draft text on fisheries subsidies, 13-5-2021, Economic Times

(နေအေးလွင်၊စီးပွားရေးသံမှူး)