Main menu

Background

ရေကြောင်းသယ်ယူပို့ဆောင်ရေးတွင် ပိတ်ဆို့မှုများဖြစ်ပေါ်နေမှုကြောင့် အမေရိကန်ဈေးကွက် တွင် ပြောင်းနှင့်ပဲပုတ်စေ့ဈေးနှုန်းများ သိသိသာသာ ကျဆင်း

Tue, 05/18/2021 - 12:54 -- journal_editor

         အမေရိကန်နိုင်ငံ၏ ရေကြောင်းသယ်ယူပို့ဆောင်မှုတွင် အဓိကအသုံးပြုသည့် မစ်စစ်စပီ မြစ်ပေါ်တွင် တံတား ( ၁ ) စင်းကျိုးကျကာ ကုန်တင်သင်္ဘောများနှင့်ဖယ်ရီများ လမ်းပိတ်ဆို့မှု ဖြစ်ပွားနေသည့်သတင်းကြောင့် ချီကာဂို စတော့ဈေးကွက်တွင် ပြောင်းဈေးနှုန်းများ အလျင် အမြန်ကျဆင်းခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။ ချီကာဂိုစတော့ဈေးကွက်သည် နိုင်ငံ တကာသို့တင်ပို့မည့် သီးနှံများအရောင်းအဝယ်ပြုလုပ်သည့်နေရာဖြစ်ပြီး သယ်ယူပို့ဆောင် ရေး လုပ်ငန်းများရပ်တန့်သွားသည့်အတွက် နိုင်ငံတကာသို့တင်ပို့မည့်သီးနှံများ၏ ဝယ်လိုအားမှာ လည်း သိသာစွာကျဆင်းသွားကြောင်း သတင်းတွင်ဖော်ပြထားသည်။ ၎င်းအခြေအနေတွင် အမေရိကန်နိုင်ငံ၏သီးနှံတင်ပို့မှုသည် ခန့်မှန်း ထားသည့်ပမာဏထက် ပိုမိုလျှော့ကျခဲ့ပြီး ဇူလိုင်လ အတွက် ကြိုပွိုင့်ရောင်းချရမှုတွင် ၅.၆ ရာခိုင်နှုန်းကျဆင်းကာ ပြောင်း ၁ စည်လျင် အမေရိကန် ဒေါ်လာ ၆.၇၄၆ ဈေးနှုန်းဖြင့် ရောင်းဝယ်မှုများပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

              အမေရိကန်နိုင်ငံရှိ ချီကာဂိုသီးနှံဈေးကွက်တွင် ပြောင်းဈေးနှုန်းများကျဆင်းမှုကြောင့် ဘရာဇီးလ်နိုင်ငံပြောင်းဈေးကွက်တွင်လည်း ဈေးနှုန်းများ ဆက်လက်ကျဆင်းခဲ့ကြောင်း၊ Cascavel(PR) ဈေးကွက်တွင် ပြောင်း ၁ အိတ် လျင် ဘရာဇီးလ်ဟဲရာ ၁၀၉ မှ ၁၀၅ သို့လည်း ကောင်း၊  Campinas(SP) ဈေးကွက်တွင် ပြောင်း ၁ အိတ်လျင် ဟဲရာ ၁၁၀ မှ ၁၀၉ သို့လည်း ကောင်း၊ B3 အဆင့် ပြောင်းစေ့ ၁ အိတ်လျင် ဘရာဇီးလ်ဟဲရာ ၁၀၀ အောက်သို့ လည်းကောင်း အသီးသီးဈေးနှုန်းများကျဆင်းခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

(ထွန်းအောင်ဇော်၊စီးပွားရေးသံမှူး)