Main menu

Background

ပဲပုတ်စေ့ဈေးနှုန်းများ အလျင်အမြန်ကျဆင်းနေသည့် ချီကာဂိုစတော့ဈေးကွက်

Tue, 05/18/2021 - 12:55 -- journal_editor

         အမေရိကန်နိုင်ငံ၏ ရေကြောင်းပိတ်ဆို့မှုများကြောင့် ချီကာဂိုစတော့ဈေးကွက်တွင် ပြောင်းဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေသကဲ့သို့ ပဲပုတ်စေ့ဈေးနှုန်းများလည်း ကျဆင်း လျက်ရှိသည်။ ဇူလိုင်လအတွက် ကြိုပွိုင့် ရောင်းချမှု များတွင် ၃.၅၆ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ပဲပုတ်စေ့ ၁ စည်လျင် အမေရိကန်ဒေါ်လာ ၁၆.၄၂၄ မှ ၁၅.၈၄၀ သို့ ကျဆင်းခဲ့သည်။ ထို့အပြင် မေလ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် စတော့ဈေးကွက်၌  ရောင်းဝယ်မှုသဘောတူညီချက် အချို့ကို ဖျက်သိမ်းခဲ့မှုများလည်းရှိခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

              ချီကာဂိုသီးနှံစတော့ဈေးကွက်တွင် ဈေးနှုန်းများကျဆင်းမှုကြောင့် ဘရာဇီးလ်နိုင်ငံ Paranaguá (PR)သီးနှံဈေးကွက်တွင်လည်း ပဲပုတ်စေ့ဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း လယ်ယာထွက်ကုန်ရောင်းဝယ်ရေးနှင့် သုတေသနကုမ္ပဏီ Cepea က ပြောကြားခဲ့သည်။ ပဲပုတ်စေ့ဈေးနှုန်းသည် မေလ ၁၃ ရက်နေ့နှင့်နှိုင်းယှဉ်ပါက ၁ အိတ်လျင် ဘရာဇီးလ်ဟဲရာ ၁၈၂.၉၇ မှ ၁၇၈.၂၇ သို့ ကျဆင်းခဲ့ရာ ဈေးနှုန်းကျဆင်းမှုသည် ၂.၅၇ ရာခိုင်နှုန်းအထိ ရှိ ကြောင်း သတင်းတွင်ဖော်ပြထားသည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - canalrural.com.br