Main menu

Background

ဂျပန်၌ စက်ဘီးအသုံးပြု သွားလာမှုများကို အားပေးမည်ဖြစ်ကြောင်းသိရ

Wed, 05/19/2021 - 15:44 -- journal_editor

          ဂျပန်နိုင်ငံ၊ Ministry of Land, Infrastructure, Transport and Tourism (MLIT) က ပြည်သူများ စက်ဘီးအသုံးပြု၍ အလုပ်သွားလာရာတွင် အဆင်ပြေစေမည့် နည်းလမ်းများ ဖော် ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

          ထိုသို့ အကောင်အထည်ဖော်ရာတွင် စက်ဘီးရပ်နားမည့်နေရာများ တည်ဆောက်ထားသည့် ကုမ္ပဏီများကို ငွေကြေးပံ့ပိုးပေးမည့်အစီအစဉ်လည်း ပါဝင်ပါသည်။ ၂၀၂၅ ဘဏ္ဍာနှစ်အထိ အကျုံး ဝင်သည့်  စက်ဘီး အသုံးပြု သွားလာမှုများကို လှုံ့ဆော်အားပေးသော စီမံကိန်းမူကြမ်းကို (MLIT) က ရေးဆွဲခဲ့ပါသည်။ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျော့ချရေး၊ ပြည်တွင်းခရီးသွားလုပ်ငန်း ပြန် လည်ဖွံ့ဖြိုးလာမှုမှတစ်ဆင့် ဒေသန္တရစီးပွားရေး ပြန်လည် ရှင်သန်လာစေရန်နှင့် ပြည်သူများ၏ ကျန်းမာရေး ပိုမိုကောင်းမွန်လာစေရန် စသည်တို့ကို ရည်မှန်း၍ အဆိုပါစီမံကိန်းကို ဆောင်ရွက် မည်ဖြစ်ကြောင်း သိရပါသည်။

          စီမံကိန်းမူကြမ်းအရ ၂၀၁၅ ဘဏ္ဍာနှစ်တွင် ၁၅.၂ % ရှိခဲ့သည့် စက်ဘီးအသုံးပြုသွားလာမှု နှုန်းကို ၂၀၂၅ ဘဏ္ဍာနှစ်အရောက်တွင် ၁၈.၂ % အထိ မြှင့်တင်သွားရန် (MLIT) က ရည်မှန်းထားပါ သည်။ စက်ဘီးရပ်နားရာနေရာများ တည်ဆောက်ထားသည့် ကုမ္ပဏီများကို ငွေကြေးပံ့ပိုးနိုင်ရန် ဘတ်ဂျက်ခွဲဝေမှုနှင့် အခွန်ကောက်ခံမှုများကို စနစ်တကျ ဆုံးဖြတ်ဆောင်ရွက်သွားမည်ဟု သိရပါ သည်။

          ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ၏ သက်ရောက်မှုကြောင့် ကျဆင်းနေသည့် ဒေသန္တရစီးပွား ရေးကို ပြန်လည်နာလန်ထူလာစေရန် ဂျပန်နိုင်ငံတစ်ဝှမ်းလုံးတွင် စက်ဘီးစီးနင်းသွားလာနိုင်မည့် လမ်းကြောင်းတစ်ခုကို သတ်မှတ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ စက်ဘီးစီးခရီးသွား လုပ်ငန်းကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါစီမံကိန်းကို ၂၀၂၁ ခုနှစ်၊ မေလနှောင်းပိုင်း ခန့်တွင် အပြီးသတ်ရေးဆွဲဆောင်ရွက်သွားရန် (MLIT) က ဆောင်ရွက်နေပါသည်။

ရင်းမြစ်။ https://www.mlit.go.jp/en

(နန္ဒာဝင်း)

 စီးပွားရေးသံမှူး

  မြန်မာသံရုံး၊ တိုကျိုမြို့