Main menu

Background

ချီကာဂိုဈေးကွက်တွင် ပြောင်းဈေးနှုန်းများကျဆင်းမှုကြောင့် ဘရာဇီးလ်နိုင်ငံ၏ ပြည်တွင်းပြောင်း ဈေးနှုန်းများ ကျဆင်းလျက်ရှိ

Thu, 05/20/2021 - 11:32 -- journal_editor

         ချီကာဂိုစတော့ဈေးကွက်တွင် ပြောင်းဈေးနှုန်းများ သိသိသာသာကျဆင်းမှုကြောင့် အကျိုးဆက်အဖြစ် ဘရာဇီးလ်နိုင်ငံ၏ စတော့ဈေးကွက်တွင်လည်း ပြောင်းဈေးနှုန်းများ ကျဆင်း လျက်ရှိကြောင်း လယ်ယာထွက်ကုန် ရောင်းဝယ်ရေးနှင့် အကြံပေးကုမ္ပဏီ Safras & Mercado ၏ သတင်းများတွင် ဖော်ပြထားသည်။ ကုမ္ပဏီ၏လေ့လာတွေ့ရှိချက်အရ ပြောင်း ၁ အိတ် တန်ဖိုးသည် Cascavel (PR) ဈေးကွက်တွင် ဘရာဇီးလ်ဟဲရာ ၁၀၄ မှ ၁၀၃ သို့ လည်းကောင်း၊ Campinas (SP) ဈေးကွက်တွင် ဟဲရာ ၁၀၉ မှ ၁၀၄.၉၀ သို့လည်းကောင်း အသီးသီးကျဆင်းခဲ့သည်။ ဘရာဇီးလ် နိုင်ငံသည် မေလပထမရက်သတ္တပတ်တွင် ပြောင်းတန်ချိန် ၄၈၄.၅၀ တန်နှင့် ဒုတိယရက်သတ္တပတ် တွင် ပြောင်းတန်ချိန် ၇၀၁.၅ အား ပြည်ပသို့တင်ပို့ထားပြီး ဖြစ်သည်။ မေလရက်သတ္တပတ် ၂ ပတ် အတွင်း ပြောင်းတန်ချိန်စုစုပေါင်း ၁၁၈.၆၀ တန်အား တင်ပို့နိုင်ခဲ့ သော်လည်း ၂၀၂၀ ပြည့်နှစ်၊ ကာလတူတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ၉၀.၅ ရာခိုင်နှုန်းလျှော့နည်းခဲ့ကြောင်း သတင်းတွင်ဖော်ပြ ထားသည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - canalrural.com.br