Main menu

Background

ပဲပုတ်စေ့ဈေးနည်းများ အကျဘက်သို့ ဦးတည်နေ

Thu, 05/20/2021 - 11:33 -- journal_editor

         ဘရာဇီးလ်သီးနှံဈေးကွက်တွင် ပဲပုတ်စေ့ဈေးနှုန်းများသည် လတ်တလောတွင်တည်ငြိမ် နေသော်လည်း အကျဘက်သို့ဦးတည်နေကြောင်း လယ်ယာထွက်ကုန်ရောင်းဝယ်ရေးနှင့် အကြံပေး ကုမ္ပဏီ Safras & Mercado ၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဒေါ်လာဈေးကွက် တည်ငြိမ်လျက်ရှိသဖြင့် အမေရိကန်နိုင်ငံရှိ ချီကာဂိုစတော့ဈေးကွက်တွင် ပဲပုတ်စေ့ဈေးနှုန်းများ တည်ငြိမ်မှုရှိနေသော်လည်း အရောင်းအဝယ်များ အေးလျက်ရှိနေသည်။ ပဲပုတ်စေ့ ၁ အိတ် ဈေးနှုန်း သည် In Passo Fundo (RS)ဈေးကွက်တွင် ဘရာဇီးလ်ဟဲရာ ၁၇၅ မှ ၁၇၄ သို့ ဈေးနှုန်းအနည်းငယ် ကျဆင်းခဲ့သော်လည်း Paranaguá(PR) ဈေးကွက်တွင် ဟဲရာ ၁၇၅ ဖြင့်ဈေးနှုန်း တည်ငြိမ်နေ ကြောင်း သတင်းတွင် ဖော်ပြထားသည်။

              မေလပထမရက်သတ္တပတ် ၂ ပတ်အတွင်း ဘရာဇီးလ်နိုင်ငံ၏ ပဲပုတ်စေ့ပြည်ပတင်ပို့ မှုသည် တန်ချိန် ၈.၈ သန်းရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် မေလကာလတူတင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ၂၄.၇၇ ရာခိုင်နှုန်း ပိုမိုတင်ပို့ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - canalrural.com.br