Main menu

Background

အာရေဗီကာကော်ဖီဈေးနှုန်းများ အနည်းငယ်မြင့်တက်

Thu, 05/20/2021 - 11:36 -- journal_editor

            စီးပွားရေးဆိုင်ရာသုတေသနစင်တာ(Cepea)၏ အညွှန်းကိန်းများအရ Minas Gerais၊ São Paulo နှင့် and Paraná ကော်ဖီဈေးကွက်များတွင် အာရေဗီကာကော်ဖီဈေးနှုန်းများ အနည်းငယ်မြင့်တက်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ မေလ ၁၈ ရက်နေ့တွင် ကော်ဖီ ၁ အိတ်လျင် ဘရာဇီးလ်ဟဲရာ ၈၀၅.၅၅ မှ ၈၀၅.၇၁ သို့ ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပြီး တစ်နှစ်လုံး ပျမ်းမျှအနေဖြင့် ၃၇.၃၇ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

              နယူးယောက်ဈေးကွက်တွင်မူ အာရေဗီကာကော်ဖီဈေးနှုန်းများ ၃ ရက်ဆက်တိုက် ကျဆင်းခဲ့သော်လည်း လောင်စာဆီဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေသဖြင့်  ဇူလိုင်လအတွက် ကော်ဖီကြိုပွိုင့်ဈေးနှုန်းများသည် ၀.၅၂ ရာခိုင်နှုန်းမြင့်တက်သွားပြီး ကော်ဖီ ၁ ပေါင်လျင် အမေရိကန်ဒေါ်လာ ၁.၄၅ မှ ၁.၄၅၈ သို့ အနည်းငယ် မြင့်တက်ခဲ့သည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - canalrural.com.br