တရုတ်ဘဏ္ဍာရေးဆိုင်ရာမီဒီယာလုပ်ငန်းဖြစ်သည့် Yicai က မေလ (၂၇)ရက်နေ့တွင် ထုတ်ပြန်သည့်ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဆွဲဆောင်မှုရှိသောတရုတ်မြို့တော်များစာရင်းတွင် ပထမအဆင့်မြို့တော်များအနက် ထိပ်တန်းမြို့တော်(၄) မြို့မှာ ရှန်ဟိုင်း၊ ပေကျင်း၊ ရှန်းကျန့်နှင့်ကွမ်ကျိုးတို့ဖြစ်ပါသည်။
ထို့ပြင် နာမည်ကျော်တံဆိပ်ဖြင့် ထုတ်လုပ်သောပစ္စည်းများကို ရောင်းချပေးသည့်နေရာ(၁၇၀)မှ ဈေးဝယ်အချက်အလက်များ၊ ဉီးဆောင်နေသည့်အင်တာနက်ကုမ္ပဏီကြီး (၁၇)ခုမှ စားသုံးသူအမူအကျင့်အချက်အလက်များနှင့် မြို့တော်အချက်အလက်အေဂျင်စီများ၏ big data အချက်အလက်များမှတစ်ဆင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဆွဲဆောင်မှုရှိသည့်မြို့ (၃၃၇)မြို့၏ အဆင့်များကိုထုတ်ပြန်ကာ၊ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်နှင့် စတုတ္ထအဆင့် မြို့တော်များကိုအုပ်စုခွဲထားပါသည်။
၎င်းစာရင်းများအရ တရုတ်နိုင်ငံ၏ပထမအဆင့် မြို့များစာရင်းသို့အသစ်ဝင်လာသည့် မြို့တော်(၁၅)မြို့မှာ အောက်ဖော်ပြပါအတိုင်းဖြစ်သည်ကိုတွေ့ရပါသည် -
(၁) ချန်ဒူး (Chengdu)
(၂) ဟန်ကျိုး (Hangzhou)
(၃) ချုံချင်း (Chongqing)
(၄) ရှီအန်း (Xi'an)
(၅) စူးကျိုး (Suzhou)
(၆) ဝူဟန် (Wuhan)
(၇) နန်ကျင်း (Nanjing)
(၈) တီရန်ကျင်း (Tianjin)
(၉) ကျန်းကျိုး (Zhengzhou)
(၁၀) ကျန်းရှ (Changsha)
(၁၁) တုန်းကွမ် (Dongguan)
(၁၂) ဖော်ဆန်း (Foshan)
(၁၃) နင်းဘို (Ningbo)
(၁၄) ချင်းတောင် (Qingdao)
(၁၅) ရှန်ယန်း (Shenyang)
ရင်းမြစ်၊ CHINA DAILY (၁၉-၉-၂၀၂၁)
ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး