Main menu

Background

ကွမ်ရှီးလွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်၏ နန်နင်းနယ်မြေတွင် နိုင်ငံခြား ကုမ္ပဏီပေါင်း (၂၅,၀၀၀)ခန့် လုပ်ငန်းတည်ထောင်ပြီးဖြစ်

Fri, 11/05/2021 - 11:20 -- journal_editor

ယခုနှစ် ပထမ (၉)လအတွင်း ကွမ်ရှီးလွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်၏ နန်နင်းနယ်မြေတွင် ကုမ္ပဏီအသစ်ပေါင်း (၁၇,၁၀၀) တည်ထောင်ခဲ့ကာ ယခင်နှစ်က ထက် (၂၅၂.၉) ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ ကွမ်ရှီးလွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန်၏ နန်နင်းနယ်မြေကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် တည်ထောင်ခဲ့ကာ၊ စုစုပေါင်းဧရိယာ (၄၆.၈) စတုရန်းကီလိုမီတာ ကျယ်ဝန်းပါသည်။

နန်နင်းနယ်မြေတွင် ခေတ်မီဘဏ္ဍာရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ စမတ် နည်းပညာသုံး ကုန်စည်သယ်ယူပို့ဆောင်ရေး၊ အသစ်ပေါ်ထွန်းလာသည့် စက်မှုကုန်ထုတ် လုပ်ရေးနှင့် ယဉ်ကျေးမှု၊ အားကစားနှင့် ဆေးဝါးဟူသည့် ကဏ္ဍကြီး (၅)ရပ်အပေါ် အထူး အလေးထားကာ ဆောင်ရွက်နေပါသည်။

လက်ရှိအချိန်တွင် နန်နင်းနယ်မြေ၌ လုပ်ငန်းကြီးများဖြစ်ကြသည့် Deutsche Post DHL Group၊ China Taiping Insurance Group နှင့်Alibabaတို့အပါအဝင် ကုမ္ပဏီ ပေါင်း (၂၅,၀၀၀)ကျော်တို့က ၎င်းတို့၏ လုပ်ငန်းများကို လာရောက်တည်ထောင်ထားပြီး ဖြစ်ပါသည်။

ရင်းမြစ်၊ chinadaily.com.cn (၂၆-၁၀-၂၀၂၁)

ဒေါက်တာရွှေစင်ကို

 စီးပွားရေးသံမှူး