Main menu

Background

ဘရာဇီးလ်နိုင်ငံမှ ဆန်တန်ချိန် ၁ဒသမ၂ သန်းအထိ တင်ပို့နိုင်ရန် မျှော်မှန်း

Fri, 11/19/2021 - 10:36 -- journal_editor

              ၂၀၂၁ ခုနှစ်တွင် ဆန်တန်ချိန် ၁ဒသမ၂ သန်းအထိ တင်ပို့နိုင်ရန်မျှော်မှန်းထားကြောင်း ဆန်စက်လုပ်ငန်းရှင်များအသင်း(Brazilian Rice Industry Association - Abiarroz) က ပြောကြားခဲ့သည်။ ဘရာဇီးလ်နိုင်ငံမှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ဆန်တန်ချိန် ၉၅၈,၀၀၀ တန်အား တင်ပို့ခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် တန်ချိန် ၁ဒသမ၆၈သန်းအား တင်ပို့နိုင်ခဲ့ကြောင်း အသင်းက ပြောကြားခဲ့သည်။

              ၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ စည်းကမ်းကန့်သတ်ချက်များရှိနေ သော်လည်း ဆန်တင်ပို့မှုသည် ၂၀၁၉ ခုနှစ်တွင်တင်ပို့ခဲ့သည့် ဆန်တန်ချိန် ၁ဒသမ၄၃သန်းကို ပြည့်မီနိုင်ကြောင်း ဆန်စက်အသင်းမှ ပို့ကုန်မန်နေဂျာ Carolina Matos က ပြောကြားခဲ့သည်။

              စီးပွားရေးလုပ်ငန်းများ ပြန်လည်နာလန်ထချိန်တွင် သင်္ဘောတင်ခများ သိသာစွာဈေးနှုန်း မြင့်တက်မှုကြောင့် ကမ္ဘာ့တစ်ဝန်းရှိ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ဘရာဇီးလ်နိုင်ငံမှ ကျူးဘား၊ ဗင်နီဇွဲလား၊ ဆီနီဂေါ၊ ဆီယာလီယွန်နှင့် တရုတ်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၈ နိုင်ငံသို့ ဆန်များအဓိကတင်ပို့လျက်ရှိပြီး ဆန်စက်လုပ်ငန်းရှငများအသင်းအနေဖြင့်လည်း ဈေးကွက်အသစ်များ တိုးတက် ရရှိရေးအတွက် ကြိုးစားလုပ်ဆောင်လျက်ရှိကြောင်း Matos က ပြောကြားခဲ့သည်။

 

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - canalrural.com.br