Main menu

Background

မော်တော်ယာဉ်၊ အစားအသောက်လုပ်ငန်း၊ ယဉ်ကျေးမှုနှင့်ခရီးသွားကဏ္ဍများကို မြှင့်တင်ပေးမည့် စီမံဆောင်ရွက်မှုများကို ကွမ်တုန်းပြည်နယ်က ထုတ်ပြန်ကြေညာ

Fri, 11/19/2021 - 14:43 -- journal_editor

       မော်တော်ယာဉ်၊ ဧည့်ခံပွဲများ၌ အကျွေးအမွေးတာဝန်ယူခြင်း၊ ယဉ်ကျေးမှုနှင့်ခရီးသွားကဏ္ဍများကို အသုံးပြုမှုမြှင့်တင်ပေးရန် “မြို့ပြစားသုံးမှု မြှင့်တင်ရေး မူဝါဒနှင့်စီမံဆောင်ရွက်မှုအချို့” ခေါင်းစဉ်ရှိ ထုတ်ပြန်ကြေညာချက်ကို ကွမ်တုန်းပြည်နယ်က မကြာသေးမီက ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါကြေညာချက်တွင် အထူးပြုစီမံဆောင်ရွက်မှုပေါင်း (၂၆)ရပ်ကို ဆက်လက်ဆောင်ရွက်သွားမည့်အစီအမံများအဖြစ် ထည့်သွင်းထားပါသည်။

       ကူးသန်းရောင်းဝယ်ရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းများကို လုပ်ကိုင်နေကြသည့်လုပ်ငန်းများသည် ကူပွန်လက်မှတ်များကို QR code များဖြင့် ထုတ်ပေးရန် ဘဏ္ဍာရေးဆိုင်ရာနှင့် ငွေပေးချေသည့် အဖွဲ့အစည်းများနှင့် အထူးဈေးရောင်းချသည့် လှုပ်ရှားမှုများကို ပိုမိုပြုလုပ်သွားရန်တို့ကို မိတ်ဖက်ပြုရေးနှင့်တိုက်တွန်းထားပါသည်။

          ကွမ်တုန်းပြည်နယ်တွင် မော်တော်ယာဉ်၊ အစားအသောက်လုပ်ငန်း၊ အိမ် အသုံးအဆောင်၊ အလှကုန်နှင့် အခြားကဏ္ဍများကို လွှမ်းခြုံသည့် ဈေးရောင်းပွဲတော်အမျိုးမျိုးကို ကျင်းပသွားမည်ဟု သိရပါသည်။

       ၎င်းကဏ္ဍများအနက် မော်တော်ယာဉ်ဝယ်ယူမှုများမှာ အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ဉပမာ ကွမ်ကျိုးနှင့်ရှန်းကျန့်မြို့များတွင် မော်တော်ယာဉ်လိုင်စင်ပြုလုပ်ပါက ကန့်သတ်ချက်များကို တဖြည်းဖြည်းဖြေလျှော့ ပေး၍ ဝယ်ယူမှုများကို မြှင့်တင်သွားမည်ဖြစ်ကြောင်းနှင့် စွမ်းအင်သက်သာသောယာဉ်များနှင့် စွမ်းအင်အသစ်သုံးယာဉ်များကို ပိုမိုဝယ်ယူရန်အားပေးကြောင်း သိရပါသည်။

          ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်ကြားတွင် ကွမ်ကျိုးရှိ စွမ်းအင်သက်သာသော ယာဉ်များအတွက် အရေအတွက်ကန့်သတ်ချက်ကို အစီးရေ (၈၀,၀၀၀)စင်းသို့ တိုးမြှင့်သွား မည်ဖြစ်ပြီး၊ ရှန်းကျန့်မြို့တွင် စွမ်းအင်အသစ်သုံးယာဉ်များကို ဝယ်ယူရန် လူမှုဖူလုံရေးလိုအပ်ချက်ကို ပယ်ဖျက်ရန်ကဲ့သို့သော လိုအပ်ချက်များကို ဖြေလျှော့သွားမည်ဖြစ်ကြောင်း သိရပါသည်။

        အစားအသောက်လုပ်ငန်းကဏ္ဍတွင်လည်း စီမံဆောင်ရွက်မှုများမှ ပံ့ပိုးကူညီမှု များစွာကို ရရှိလိမ့်မည်ဖြစ်ပါသည်။ စားသောက်ကုန်လုပ်ငန်းလုပ်ကိုင်သူများကို စီးပွားရေးလုပ်ငန်းလုပ်ကိုင်ချိန်ကိုတိုးချဲ့ရန် အားပေးထားပြီး၊ ထိုသို့စီစဉ်ခြင်းက ညအချိန် စားသောက်မှုများအတွက် စားသုံးသူများကို ပိုမိုအာမခံပေးနိုင်မည်ဟု ဖော်ပြထားပါသည်။

       အစားအသောက်လုပ်ငန်းများကို digital marketing ၏ အကျိုးကျေးဇူးကို အသုံးပြု၍ ယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်းများဖြင့် ပေါင်းစည်းထားသည့် ပေါင်းကူးနေရာ (platform)တည်ဆောက်ရန်၊ စားသုံးသူများကို အတွေ့အကြုံအသစ်များပေးရန် အဆိုပြုထားပါသည်။

          ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍများကို ပိုမိုအသုံးပြုလာစေရန် ပြည်နယ် အတွင်း ယဉ်ကျေးမှုနှင့် ခရီးသွား platform များကို ပိုမိုခိုင်မာစွာတည်ဆောက်ရန် အဆိုပြုထားပါသည်။ ညဘက်ယဉ်ကျေးမှုနှင့် ခရီးသွားလာမှုကို ပိုမိုအသုံးပြုလာစေရန် အဓိက အနှစ်သာရများဖြင့် ပွဲများနှင့် လှုပ်ရှားမှုများ ကျင်းပသွားရန် အဆိုပြုထားပါသည်။

            ပြတိုက်များနှင့် အနုပညာပြခန်းများ၏ ဖွင့်ချိန်များကို တိုးမြှင့်သွားမည်ဖြစ်ပြီး၊ ညဘက်ခရီးသွားဝန်ဆောင်မှုများအား အကောင်အထည်ဖော်ရန် ဖြစ်နိုင်ခြေရှိသည့် ခရီးသွားလာမှုများသည့်နေရာများကို အားပေးသွားမည် ဖြစ်ပါသည်။

ရင်းမြစ်၊ newsgd.com (၁၁-၁၁-၂၀၂၁)

(ဒေါက်တာရွှေစင်ကို)

စီးပွားရေးသံမှူး