Main menu

Background

ဂျပန်နိုင်ငံတွင်ပထမဆုံးOmicron မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်သူစစ်ဆေးတွေ့ရှိစစ်ဆေးတွေ့ရှိကြောင်းအတည်ပြုခဲ့

Wed, 12/01/2021 - 12:52 -- journal_editor

          တောင်အာဖရိကနိုင်ငံတစ်ခုဖြစ်သည့် Namibiaနိုင်ငံမှ နိုဝင်ဘာလ ၂၈ ရက် (တနင်္ဂနွေနေ့) ၌ ဂျပန်နိုင်ငံသို့ တိုကျို၊ နာရီတာလေဆိပ်မှတစ်ဆင့် ဝင်ရောက်လာသူအသက် ၃၀ အရွယ်ဝန်းကျင်ရှိအမျိုးသားတစ်ဦးတွင် Omicron မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်နေကြောင်းဂျပန်နိုင်ငံတွင် Omicron မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်အသစ်ကူးစက်မှုစတင်တွေ့ရှိရကြောင်းဂျပန်အစိုးရမှ နိုဝင်ဘာလ ၃၀ ရက်ကအတည်ပြုထုတ်ပြန်ခဲ့သည်။

   အဆိုပါ အမျိုးသားထံမှ ဆေးစစ်ရန် ဓာတ်ခွဲနမူနာပစ္စည်းများ ရယူပြီးချိန်မှစတင်၍ သတ်မှတ်ထားသည့် သီးခြားနေရာတွင် ခွဲခြားနေထိုင်စေကာ စောင့်ကြည့်လျက်ရှိကြောင်း၊ ၎င်းနှင့်အတူ လေကြောင်းလိုင်းတစ်ခုတည်း လိုက်ပါလာသည့် အခြားခရီးသည်များကိုလည်း စနစ်တကျ စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရပါသည်။

        နိုဝင်ဘာလ ၈ ရက်မှ စတင်၍ ဂျပန်နိုင်ငံသည် သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် နိုင်ငံခြားသားကျောင်းသားများ၊ စီးပွားရေးသမားများနှင့် နည်းပညာအလုပ်အကိုင် သင်တန်းသားများကိုပြည်ဝင်ခွင့် ခွင့်ပြုပေးခဲ့သည်။ သို့သော် ကမ္ဘာ့နိုင်ငံအချို့၌ Omicron မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားသည့် အခြေအနေများကြောင့် ဂျပန်အနေဖြင့် အဆိုပါ ဖြေလျှော့ခွင့်ပြုမှုများကိုသီတင်း ၃ ပတ်ကြာခန့်တွင် ပြန်လည်ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။

      ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသည့် ဂျပန်နိုင်ငံသားများပြည်တွင်းပြန်လည်ဝင်ရောက်လာပါကသီးခြားခွဲနေထိုင်မှုစည်းမျဉ်းများကိုဒီဇင်ဘာလ ၁ ရက်မှ စတင်ကာယခင်နိုဝင်ဘာလဆန်းကခွင့်ပြုဖြေလျှော့ထားသည့် သီးခြားခွဲနေထိုင်မှုကာလ ၃ ရက်အစား ၁၀ရက်ကြာနေထိုင်ရမည်ဖြစ်ကြောင်းသိရသည်။

ရင်းမြစ်၊ The Japan Times, The Japan News by The Yomiuri Shimbun

 

နန္ဒာဝင်း              

    (စီးပွားရေးသံမှူး)      

မြန်မာသံရုံး၊ တိုကျိုမြို့