Main menu

Background

ထိုင်းခရီးသွားလုပ်ငန်း ပြန်လည်တိုးတက်လာ

Fri, 05/27/2022 - 11:00 -- journal_editor

ထိုင်းနိုင်ငံ အနေဖြင့် ယခုနှစ် မေ ၁ရက်မှစပြီး ပြည်ပခရီးသွားများကို တံခါး ပြန်ဖွင့်ပေးလိုက်ရာ ပထမပတ်၌ပင်ခရီးသည်သုံးသိန်းကျော် ဝင်ရောက်ခဲ့ကြောင်း Bangkok Postသတင်းတစ်ရပ်၏ ဖော်ပြချက်အရသိရသည်။ထိုင်းနိုင်ငံ အစိုးရက၎င်းတို့၏ ခရီးသွားလုပ်ငန်းကိုယခုနှစ်ကုန်အထိ ဧည့် သည် ငါးသန်းမှ ၁၅ သန်းအထိဝင်ရောက်ရန် မျှော်မှန်းထားသည်ဟုဆိုသည်။ အရှေ့တောင်အာရှတွင် ထိုင်းနိုင်ငံသည် ခရီးကဏ္ဍဖွံ့ဖြိုးသည့် နိုင်ငံတစ်နိုင်ငံဖြစ် သည်။ ကိုဗစ်ကာလမတိုင်မီကထိုင်းနိုင်ငံ၏ခရီးသွားကဏ္ဍတွင် ဧည့်သည် သန်း၄၀ အထိ  ပုံမှန်ဝင်ရောက်လေ့ရှိသည်။ ခရီးသွားလုပ်ငန်းမှဝင်ငွေသည်လည်း တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀ အထိ ရရှိခဲ့သည်။ယင်းပမာဏမှာ တစ်နိုင်ငံလုံးဂျီဒီပီ၏ငါးပုံတစ်ပုံခန့်ရှိနေခြင်းဖြစ်သည်။အခြားတစ်ဖက်တွင်ထိုင်းနိုင်ငံ၏စီးပွားရေးသည်ယခုနှစ်ပထမသုံးလပတ်တွင်၂ ဒသမ၂ရာခိုင်နှုန်းတိုးတက်လာခဲ့သည်ဟု အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ(NESDC)က ထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံတွင် ကိုဗစ်စည်းကမ်းချက်များကို သိသိသာသာ ဖြေလျှော့လိုက်ခြင်းကြောင့် နိုင်ငံ၏ ခရီးသွားလုပ်ငန်းနှင့်အတူ စီးပွားရေးများလည်း ပြန်လည်ဖွံ့ဖြိုးလာရသည်ဟုBangkok Post တွင် ရေးသား ဖော်ပြထားသည်။                
   Ref; Bangkok Post