Main menu

Background

တရုတ်နိုင်ငံ၏ ဆောင်းရာသီထုတ်ကုန်များ ဥရောပဝယ်အား နှစ်ဆမြင့်တက်၊ အမှာစာ တန်းစီမှု ၂၀၂၃ ခုနှစ်အထိရောက်ရှိ

Tue, 11/22/2022 - 11:14 -- journal_editor

တရုတ်နိုင်ငံ၏  ဆောင်းရာသီထုတ်ကုန်များဖြစ်သော အနွေးထည်၊ ဘောင်းဘီ၊ ခြေအိတ်များမှအစ လျှပ်စစ်အပူပေး စက်များအထိ  တင်ပို့မှုသည်  ယူကရိန်းအကျပ်အတည်းနှင့် စွမ်းအင်ထောက်ပံ့မှု ကွာဟချက်ကြောင့် အခက်အခဲ ကြုံနေရသည့် ဥရောပသားများ ဆောင်းရာသီ အအေးဒဏ် ကြိုတင် ပြင်ဆင်ရန်အတွက်  တရုတ်ရောင်းချသူများထံ ရောက်ရှိလာ သည့် ဆောင်းတွင်းသုံး ပစ္စည်းများ အမှာစာ  မြင့်တက်လာခဲ့ ကြောင်း သိရှိရသည်။
အလီဘာဘာအုပ်စုလက်အောက်ရှိ  နယ်စပ်ဖြတ်ကျော် အွန်လိုင်းလက်လီ ပလက်ဖောင်းဖြစ်သည့်   AliExpress မှ အချက်အလက်များအရ  အနွေးဝတ် ဘောင်းဘီရှည် (အထူ)၊ ဖလန်နယ် ညဝတ်အင်္ကျီနှင့်  လျှပ်စစ်အပူပေးစက် များကဲ့သို့သော တရုတ်လုပ်ဆောင်းရာသီဝတ်ထုတ်ကုန်များကို ဥရောပ စားသုံးသူများက သိမ်းကြုံးမှာယူထားကြောင်း သိရသည်။
ဥရောပဈေးကွက်တွင် တရုတ်လုပ် အနွေးထည်၊ ဘောင်းဘီများ ရောင်းအားသည်   အောက်တိုဘာလမှစပြီး လစဉ် ရောင်းအားနှင့်နှိုင်းယှဉ်ချက်အရ    ၁၃၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အပူခံအတွင်းခံများ၊  ရေနွေးပုလင်းများနှင့် လက်နွေးကိရိယာများအတွက် အမှာစာများ ၂၄၆ ရာခိုင်နှုန်း၊ ၃၀ဝ ရာခိုင်နှုန်းနှင့် ၄၄၇ ရာခိုင်နှုန်း  အသီးသီး ခုန်တက်သွားခဲ့ သည်။ နယ်သာလန်၊ ပြင်သစ်၊ ဂျာမနီနှင့်ပိုလန်တို့မှ ဝယ်ယူသူ များသည် အပူပေးစက်များ၊ ခြေစွပ်(အနွေး)များနှင့်  လျှပ်စစ် ပဝါများ အပါအဝင် တရုတ်ထုတ်ကုန်များအပေါ် မှီခိုမှုအများ ဆုံးဖြစ်ကြောင်း AliExpress က ပြောကြားခဲ့သည်။
ဥရောပတွင် စွမ်းအင်ပြတ်လပ်မှု ဆက်တိုက်ဖြစ်ပေါ်နေခြင်းကြောင့်နှင့် အပူပေးစရိတ်များ မြင့်တက်လာခြင်းကြောင့် ယခုနှစ်တွင် ဆောင်းရာသီ အဝတ်အထည်နှင့် ကုန်ပစ္စည်းများ တင်ပို့မှုမှာ ၂၀၂၁ ခုနှစ်ထက် နှစ်ဆတိုးလာသည်။  Zhejiang Kangying Garment Co ၏  အထွေထွေမန်နေဂျာက ကုမ္ပဏီ ၏ သိုးမွေးဆွယ်တာ တင်ပို့မှု  ပမာဏသည် ၂၀၂၂ခုနှစ် ယခု အချိန်အထိ အရေအတွက် တစ်သန်းကျော်ရှိပြီး   ယမန်နှစ် ပမာဏထက်   နှစ်ဆတိုးလာကြောင်း၊ သိုးမွေးအင်္ကျီများကို ဥရောပ၊ မြောက်အမေရိကနှင့်  သြစတြေးလျဈေးကွက်များ တွင် ရောင်းချနေကြောင်း၊   ၎င်းတို့၏ဖောက်သည်များသည် ယခုနှစ်တွင်  လူကြိုက်များသော   ဆောင်းရာသီထုတ်ကုန် အတွက် အမှာစာများပိုများ လာပြီး ဒေသ၏စွမ်းအင်ပြတ်လပ် မှုကြောင့် ဥရောပမှ  မှာယူမှုများကြောင်း၊ ဖောက်သည်များ သည်  လည်ထောင်ပုံစံမှ   ရင်ကွဲသိုးမွေးပုံစံအထိ    စတိုင် အမျိုးမျိုးဖြင့် ရွေးချယ်နိုင်ကြောင်း၊  ဈေးနှုန်းသက်သာသော အခြေခံစတိုင်လ် သည်    ပိုမိုလူကြိုက်ကြောင်း အထွေထွေ မန်နေဂျာက ပြောသည်။
Zhejiang Huigang Fashion Co  ၏  အထွေထွေ မန်နေဂျာ Sheng Qiang  က ပြောကြားရာတွင် ဆောင်းဦးနှင့် ဆောင်းရာသီအတွက်   သိုးမွေးဆွယ်တာ အမှာစာများမှာ တစ်နှစ်ထက်တစ်နှစ်   ၁၀ မှ ၁၅ ရာခိုင်နှုန်းအထိ တိုးလာ ကြောင်းနှင့် ဥရောပမှ မှာယူမှု အများစုမှာ စပိန်၊ အီတလီနှင့် ပြင်သစ်မှ မှာယူမှုများရှိကြောင်း၊ ဥရောပတွင် စွမ်းအင်အကျပ် အတည်းကြောင့် ဥရောပသားအများစုက   အနွေးထည်နှင့် အင်္ကျီများ စုဆောင်းနေကြကြောင်း၊  အမှာစာ အများစုသည် ယခုနှစ်  ဒုတိယသုံးလပတ်တွင် စတင်ခဲ့ပြီး ဇူလိုင်လမှ စက် တင်ဘာလအထိ   အမြောက်အမြား  ထုတ်လုပ်ခဲ့ကြောင်း ဖောက်သည်များထံရောက်ရှိရန် သယ်ယူပို့ဆောင်ရေး တစ် လခန့် ကြာကြောင်း ပြောကြားခဲ့သည်။
ဝယ်လိုအားနှစ်ဆဖြစ်၍အမှာစာများ နောက်နှစ်၂၀၂၃ ခုနှစ်သို့ တန်းစီနေကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော စွမ်းအင် အကျပ်အတည်းအောက်တွင် အများစုမှာ ဥရောပနိုင်ငံများမှ အမှာစာများ ပိုမိုရရှိနေကြောင်း၊ တရုတ်နိုင်ငံ အရှေ့ပိုင်း Zhejiang ပြည်နယ်ရှိ     Zhuji Aishanglin Knitting Co မှ ဘောင်းဘီကိုယ်စားလှယ်တစ်ဦးဖြစ်သူ Lu Huazhen  က မကြာသေးမီက ဥရောပဖောက်သည်နှစ်ဦးထံမှ  သူမအား မပို့ရသေးသော leggings များအတွက် အထည်ထူထူ ချုပ်ပေးရန် တောင်းဆိုသည့် အီးမေးလ်များကို  လက်ခံရရှိထားသည်။ ထို့ပြင် အခြားကုမ္ပဏီများသည်လည်း COVID-19 ၏ အကျိုးသက်ရောက်မှုအောက်တွင်   စီးပွားရေးလုပ်ငန်း၏ တစ်စိတ်တစ်ပိုင်းကို အွန်လိုင်းသို့ ပြောင်းရွှေ့ နေကြကြောင်း၊ ကုမ္ပဏီသည် နိုင်ငံရပ်ခြားရှိ သုံးစွဲသူများ၏  လိုအပ်ချက်အရ ထုတ်ကုန်အသစ်များအတွက် အွန်လိုင်းသတင်းစာရှင်းလင်းပွဲ တစ်ခုပြုလုပ်မည်ဖြစ်ပြီး သိုးမွေးအင်္ကျီများကို  အွန်လိုင်းနှင့် စတူဒီယိုရှိ ပြေးလမ်း အသေးစားကို စတိုင်အမျိုးမျိုးဖြင့် နိုင်ငံရပ်ခြားမှ သုံးစွဲသူများ၏လိုအပ်ချက်အတိုင်း ပြုလုပ်သွားနိုင်ရန် livestreamers များဖြင့် မိတ်ဆက်မည်ဖြစ်ကြောင်း၊ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း သုံးစွဲသူများသည် အွန်လိုင်းမှ တိုက်ရိုက်  မှာယူနိုင်ကြောင်း၊ ဥရောပတစ်ဝန်း ဝယ်လိုအား ရုတ်တရက် တိုးလာခြင်းဖြစ်၍  ဤဈေးကွက်အခွင့်အလမ်းသည် ကြာရှည်ခံမည် မဟုတ်သော်လည်း ၎င်းသည် တရုတ်နိုင်ငံ၏ အနွေးထည် ထုတ်ကုန်များကို ပြည်ပသို့ ရောက်ရှိရန်နှင့် တရုတ် ကုန်အမှတ်တံဆိပ်များ နိုင်ငံတကာဈေးကွက်တွင် ဝင်ရောက် ကြီးထွားရန်   လုပ်ဆောင်မှုအတွက် ကောင်းမွန်သော အခွင့်အလမ်း တစ်ခုဖြစ်ကြောင်း သိရှိရသည်။
ဒေါက်တာဝေရီလင်း(စီးပွားရေးသံမှူး)