Main menu

Background

ဂျပန်-တောင်ကိုရီးယား နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးအတွက် တိုက်ရိုက်ငွေကြေး လဲလှယ်အသုံးပြုသွားမည

Tue, 07/18/2023 - 13:51 -- journal_editor

တောင်ကိုရီးယားနိုင်ငံနှင့်   ဂျပန်နိုင်ငံတို့ အကြား ၈ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် အဖြစ် နှစ်နိုင်ငံတိုက်ရိုက် ငွေကြေးလဲလှယ် အသုံး ပြုနိုင်ရေးအတွက်  ၂၉-၆-၂၀၂၃ရက်က သဘော တူညီမှုရရှိခဲ့ကြောင်း ဖော်ပြထားသည်။ 
အဆိုပါသတင်းတွင် ဂျပန်နိုင်ငံ၊ဘဏ္ဍာရေး ဝန်ကြီးShunichi Suzuki  နှင့်  တောင်ကိုရီးယား နိုင်ငံ    စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး Choo Kyung-ho  တို့အနေဖြင့် ၂၀၁၆ ခုနှစ်မှစ၍ ပထမ ဆုံးအကြိမ်အဖြစ် တိုကျိုတွင် ကျင်းပသည့် ဂျပန်-တောင်ကိုရီးယားဘဏ္ဍာရေးဆိုင်ရာ   ဆွေးနွေးပွဲ တွင် နှစ်နိုင်ငံတိုက်ရိုက်   ငွေကြေးလဲလှယ်အသုံး ပြုနိုင်ရေးအတွက်   သဘောတူညီမှုရရှိခဲ့ကြောင်း၊ တောင်ကိုရီးယားနိုင်ငံ  စီးပွားရေးနှင့်ဘဏ္ဍာရေး ဝန်ကြီး Choo Kyung-ho  က  တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့အနေဖြင့်   ဈေးကွက်စီးပွားရေးစနစ် ကို ကျင့်သုံးပြီး လွတ်လပ်သည့်   ဒီမိုကရေစီစံနှုန်း များကို တန်ဖိုးထားသည့်   မိတ်ဖက်နိုင်ငံများဖြစ် သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နှစ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးများအကြား   ဆက်ဆံရေးအရ အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ယနေ့အစည်း အဝေးမှစ၍ နှစ်နိုင်ငံ စီးပွားရေး  ပူးပေါင်းဆောင် ရွက်မှု   ပိုမိုခိုင်မာ  အားကောင်းစေရေးနှင့် ချဲ့ထွင် နိုင်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာဆွေးနွေးမှုများ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစည်း အဝေးတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း  ဖော်ပြ ထားသည်။ 
အဆိုပါ အစည်းအဝေးအပြီးတွင် ကျင်းပခဲ့ သည့် သတင်းစာရှင်းလင်းပွဲတွင် ဂျပန်နိုင်ငံ၊ဘဏ္ဍာ ရေးဝန်ကြီးShunichi Suzuki က တည်ငြိမ်သော ဘဏ္ဍာရေးစနစ်ထိန်းသိမ်းနိုင်ရန်နှင့် အာရှဒေသ အတွင်း စီးပွားရေးတည်ငြိမ်မှု  ရရှိစေရေးအတွက် ဂျပန်-တောင်ကိုရီးယား  နှစ်နိုင်ငံအကြား တိုက် ရိုက်  ငွေကြေးလဲလှယ် အသုံးပြုနိုင်ရေး လိုအပ် လျက်ရှိကြောင်းကို နှစ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးများ က အသိအမှတ်ပြုသဘောတူညီခဲ့ကြောင်း ဖော်ပြ ထားပါသည်။ 
နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်ချက်အရ အမေရိ ကန်ဒေါ်လာ ၁၀ ဘီလီယံအတွက် ဂျပန်-တောင် ကိုရီးယား    တိုက်ရိုက်ငွေကြေးလဲလှယ်အသုံးပြု နိုင်ရေး သဘောတူညီခဲ့ကြောင်း    ဖော်ပြထားပါ သည်။  
ထိုသို့  သဘောတူညီမှုရရှိပြီးနောက်တွင် နှစ်နိုင်ငံအကြား  ကုန်သွယ်ရေးအပါအဝင် ကဏ္ဍ စုံတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးဆောင် ရွက်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် တောင်ကိုရီး ယားနိုင်ငံသို့ ဃ့ငဈ ထုတ်လုပ်ရာတွင် အသုံးပြု သည့် အဓိကကုန်စည်များ တင်ပို့မှုအတွက် ပို့ကုန် ထိန်းချုပ်ရေးဆိုင်ရာ မူဝါဒများကို ဖြေလျှော့ပေး ခဲ့ကြောင်း၊ ၂၇-၆-၂၀၂၃ ရက်၌ ဂျပန်နိုင်ငံအနေ ဖြင့် တောင်ကိုရီးယားနိုင်ငံအား ယုံကြည်စိတ်ချရ သည့်   မိတ်ဖက်ကုန်သွယ်ဖက်နိုင်ငံစာရင်းတွင် ၂၁-၇-၂၀၂၃ ရက်မှစ၍   ပြန်လည်ထည့်သွင်းရန် ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထား သည်။

သူဇာဖြိုး(စီးပွားရေးသံမှူး)၊ တိုကျိုမြို့