Main menu

Background

တောင်ကိုရီးယားနိုင်ငံတွင်း စားသုံးသူဈေးနှုန်းများ ၂ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့

Tue, 07/18/2023 - 13:58 -- journal_editor

၂၀၂၃ ခုနှစ် ဇွန်လတွင် တောင်ကိုရီးယားနိုင်ငံအတွင်း စားသုံး သူဈေးနှုန်း တိုးတက်မှုနှုန်း နှေးကွေးလာသည်မှာ ငါးလ  ဆက်တိုက် မှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်သကဲ့သို့  ၃ ရာခိုင်နှုန်းအောက်  ကျဆင်း လာသည်မှာလည်း ၂၁ လတာကာလအတွင်း  ပထမဆုံးလအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း  တောင်ကိုရီးယားနိုင်ငံ၏ စာရင်းအင်း ဌာနက ၄-၇-၂၀၂၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 
စားသုံးသူဈေးနှုန်းသည် ငွေကြေးဖောင်းပွမှုနှုန်းကို တိုင်းတာ ရာတွင် အဓိကကျသည်။ ၂၀၂၃ခုနှစ်  ဇွန်လတွင် စားသုံးသူဈေးနှုန်း တိုးတက်မှုနှုန်းသည် ၂ဒသမ၇ ရာခိုင်နှုန်းရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ မေလ က နှုန်းထားဖြစ်သည့် ၃ဒသမ၃ ရာခိုင်နှုန်းထက် လျော့နည်းခဲ့သည်။ အထူးသဖြင့် ဝန်ဆောင်မှုများ ဈေးနှုန်းအလွန်အမင်း မြင့်မားလာခဲ့ ကြောင်း၊ နိုင်ငံပိုင်Korea Electric Power Corp သည် ကမ္ဘာ့စွမ်းအင် ဈေးနှုန်းများ အတက်အကျများနေသည့်အတွက်  ဓာတ်အားခနှုန်း ထားများကို  မြှင့်တင်ခဲ့ကြောင်း၊ လယ်ယာစိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းတို့မှ ထွက်ကုန်များဈေးနှုန်းသည်လည်း  သုည ဒသမ၂ ရာခိုင်နှုန်း မြင့်မားလာခဲ့ကြောင်း၊  အထူးသဖြင့် ပန်းသီးနှင့် ကြက်သားဈေးနှုန်းများသည် ၁၁.၁ရာခိုင်နှုန်းနှင့် ၁၃ဒသမ၇ ရာခိုင် နှုန်းစီ အသီးသီးမြင့်မားလာခဲ့ကြောင်း၊    ထို့ကြောင့် ၂၀၂၃ခုနှစ် နှစ်ကုန်အထိ  ကာလအတွင်း တင်သွင်းလာသည့် ကြက်သားများအား တန်ချိန်၃၀ဝ၀ဝအထိ ပမာဏအပေါ်အကောက်ခွန်(Tariff))ကောက် ခံမှုကို ဖယ်ရှားပေးသွားမည်ဖြစ်ကြောင်း  ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာထားခဲ့သည်။

ပပ(စီးပွားရေးသံမှူး)၊ ကိုရီးယားသမ္မတနိုင်ငံ