Main menu

Background

ဒစ်ဂျစ်တယ်စီးပွားရေးအဆောက်အအုံကို တိုင်းတာခန့်မှန်းရန် ပုဂ္ဂလိက အေဂျင်စီတစ်ခုအား အိန္ဒိယ ဖိတ်ခေါ်သွားမည်

Mon, 07/31/2023 - 13:28 -- journal_editor

အိန္ဒိယနိုင်ငံအစိုးရသည် ၂၀၂၅ ခုနှစ်တွင်  အမေရိကန်ဒေါ်လာ တစ် ထရီလီယံခန့်ရှိလာမည့်  တိုင်းပြည်၏ ဒစ်ဂျစ်တယ် စီးပွားရေးအဆောက်အအုံ ၏ အမှန်တကယ်ရှိမည့်  အရွယ်အစား ကို  တိုင်းတာရန် ပုဂ္ဂလိကအေဂျင်စီ တစ်ခုအား  ငှားရမ်းရန် စီစဉ်လျက်ရှိ ကြောင်း  တရားဝင်    စာရွက်စာတမ်း တစ်ခုအရ သိရသည်။ 
အဆိုပါ ရွေးချယ်ထားသော အေ ဂျင်စီသည်   ၎င်း၏တာဝန်ကို အချိန် ကိုးလတာကာလအတွင်း   အပြီးသတ် ဆောင်ရွက်ရမည်ဖြစ်သည်။   ၎င်းအေ ဂျင်စီသည်    ဒစ်ဂျစ်တယ်စီးပွားရေး အဆောက်အအုံ၏ အရွယ်အစား ခန့် မှန်းချက်နှင့်   လက်ရှိဘဏ္ဍာရေးနှစ်မှ ၂၀၂၉-၂၀၃၀ ခုနှစ်အထိ ခန့်မှန်းချက် အစီရင်ခံစာ (မူကြမ်း)ကို ရွေးချယ်ခံရ သည့်နေ့မှသီတင်းပတ် ၃၂ ပတ်အတွင်း အိန္ဒိယ အီလက်ထရွန်နစ်နှင့် အိုင်တီ ဝန်ကြီးဌာန MeitY) သို့ တင်ပြသွားရ မည်ဖြစ်သည်။ 
အဆိုပြုလွှာများ   ဖိတ်ခေါ်စာ RFP တွင် တိုင်းတာမှု မူဘောင်ရေးဆွဲ ခြင်း၊ အချက်အလက် ကောက်ယူခြင်း နှင့် ဒစ်ဂျစ်တယ်ဝင်ရောက်စွက်ဖက်မှုများကို     ဖော်ထုတ်ခြင်းအပါအဝင် အိန္ဒိယနိုင်ငံ၏ ဒစ်ဂျစ်တယ် စီးပွားရေး အဆောက်အအုံအား   ခန့်မှန်းခြင်းနှင့် တိုင်းတာခြင်းနယ်ပယ်တွင် အဆိုပြုလွှာ များကို ဖိတ်ကြားရန်    ရည်မှန်းထား ကြောင်း အဆိုပါစာတမ်းတွင် ဖော်ပြ ထားသည်။ အပြီးသတ်အစီရင်ခံစာတွင် ပြည်နယ်အလိုက်    အဆင့်သတ်မှတ် ချက်များနှင့်      နိုင်ငံ၏  ဒစ်ဂျစ်တယ် စီးပွားရေးအဆောက်အအုံတွင် ၎င်းတို့ ၏ ပါဝင်မှုအချိုးအစားကိုလည်း တိုင်း တာဖော်ပြရန်နှင့်       ပြည်နယ်များ၏ စီးပွားရေးအဆောက်အအုံတစ်ခုချင်းအပေါ် e-commerce နှင့်   ပေါ်ပေါက် လာသော     နည်းပညာများ၏ သက် ရောက်မှုကိုလည်း လေ့လာထည့်သွင်း ဖော်ပြရမည်ဖြစ်သည်။
အစိုးရနှင့်   ပုဂ္ဂလိက/လူမှုရေး ကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက် မှုဖြင့် အိန္ဒိယအသင်းအဖွဲ့  စိတ်ဓာတ် ဖြင့်စုပေါင်းလုပ်ဆောင်ရန် လိုအပ်သည် ဟု အဆိုပါစာတမ်းတွင်   ဖော်ပြထား သည်။ MeitY သည်“India's Trillion Dollar Digital Opportunity” ဟူသော ခေါင်းစဉ်ဖြင့်အိုင်တီအခြေခံအဆောက် အအုံ၊ ဆော့ဖ်ဝဲလ်စွမ်းဆောင်ရည်နှင့် ကျန်းမာရေးစောင့်ရှောက်မှုပညာပေးလုပ်ငန်းမှ  မျိုးဆက်သစ်ဘဏ္ဍာရေး ဝန်ဆောင်မှုများအထိ     ပါဝင်သည့် ဒစ်ဂျစ်တယ်အကြောင်းအရာ ၃၀ ကို ခွဲခြားသတ်မှတ်ပေးသည့် အစီရင်ခံစာ ကို အစောပိုင်းတွင်  ထုတ်ပြန်ခဲ့သည်။ ဒစ်ဂျစ်တယ်     အသွင်ကူးပြောင်းခြင်း ကြောင့် လာမည့်၂၀၂၅ခုနှစ်တွင် အမေ ရိကန်ဒေါ်လာ  ၁ ထရီလီယံတန်ဖိုးရှိ စီးပွားရေးတန်ဖိုးတစ်ရပ်ကို  ဖန်တီးနိုင် မည်ဖြစ်ပြီး  အလုပ်အကိုင်ဖန်တီးမှု ၆၀ မှ ၆၅ သန်းအထိ    ဖြစ်ပေါ်စေမည်ဟု ၎င်းက ခန့်မှန်းထားသည်။ 
စိုက်ပျိုးရေး၊      ကျန်းမာရေးနှင့် ပညာရေးတို့ကဲ့သို့ ကဏ္ဍများသည် ဒစ် ဂျစ်တယ်အသွင်ကူးပြောင်းမှုမှ စီးပွား ရေးတန်ဖိုး အမေရိ ကန် ဒေါ်လာ ၃၉၀ မှ ၅၀ဝ ဘီလီယံအထိ အကျိုးဖြစ်ထွန်း စေမည်”ဟု၎င်းစာတမ်းကထပ်လောင်း ပြောကြားခဲ့သည်။ 
Google? Temasek  နှင့်Bain & Company တို့၏ ပူးတွဲ အစီရင်ခံစာအရ အိန္ဒိယနိုင်ငံ၏ အင်တာနက် စီးပွားရေး သည်    ခြောက်ဆတိုးလာပြီး ၂၀၃၀ ပြည့်နှစ်တွင် ဒေါ်လာတစ်ထရီလီယံထိ တိုးတက်လာမည်ဟု   ခန့်မှန်းထားသည်။ အိန္ဒိယနိုင်ငံ၏ အင်တာနက် စီးပွားရေး သည် ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၁၅၅ မှ ၁၇၅ ဘီလီယံရှိမည်ဟု  ၎င်းအစီရင် ခံစာက    ခန့်မှန်းထားသည်။ ယခုလ အစောပိုင်းက ထုတ်ပြန်ခဲ့သည့် မြသေိ ဘညေိ ှုညိငေ င်္သမကာ မှ တာဝန်ပေးထား သော အစီရင်ခံစာတစ်ခုတွင် အိန္ဒိယ နိုင်ငံ၏အက်ပ်စီးပွားရေး  သည် ၂၀၃၀ ပြည့်နှစ်တွင်   အမေရိကန် ဒေါ်လာ ၇၉၂ ဘီလီယံခန့်သို့ ရောက် ရှိရန် ခန့်မှန်းထားပြီး  နိုင်ငံ၏ ခန့်မှန်း ွီဏ အမေရိကန်ဒေါ်လာ ၆ ဒဿမ ၅၉ ထရီလီယံ၏ ၁၂ ရာခိုင်နှုန်း ဖြစ်လာ မည်ဟု ဖော်ပြထားသည်။

ကောင်းထွဋ်အောင်(စီးပွားရေးသံမှူး)
မြန်မာကောင်စီဝန်ချုပ်ရုံး၊ ကော်လ်ကတ္တားမြို့။