Main menu

Background

ထိုင်းပို့ကုန် ၂ ဒသမ ၅ ရာခိုင်နှုန်းထိ ကျုံ့နိုင်ဖွယ်ရှိကြောင်း ခန့်မှန်း

Mon, 07/31/2023 - 13:31 -- journal_editor

ထိုင်းနိုင်ငံ၏ ပို့ကုန်သည် ယခုနှစ်အတွင်း ၁ဒသမ၂ ရာခိုင်နှုန်းနှင့် ၂ဒသမ ၅ ရာခိုင်နှုန်းကြား ကျုံ့နိုင်ဖွယ်ရှိသည်ဟု ထိုင်းနိုင်ငံ ွှ့န ့ညငလနမျငအပ သ် ွှ့ငေ ဃော့ဘနမ သ် ဃသာနမခန (ွှ့ဃဃ) က ခန့်မှန်းထားကြောင်း၊  ယင်း ရာခိုင်နှုန်းများသည် သုံးနှစ်အတွင်း အနိမ့်ဆုံးအဆင့်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံအနေဖြင့် ယခုနှစ်၏ ကျန်သည့်လများအတွင်း တောင့်ခံရမည့် အချက်များစွာရှိကြောင်း၊ အစိုးရသစ်ဖွဲ့စည်းမှုနှောင့်နှေးနေမှု၊ ကမ္ဘာလုံးဆိုင် ရာ စီးပွားရေးအခြေအနေများ၊ ငွေလဲလှယ်နှုန်းထားများ အတက်အကျဖြစ် နေမှု၊ တရုတ်၏ ွီဏ တိုးတက်မှုနှုန်း   မှန်းထားသည်ထက် နှေးကွေးနေမှု၊ ကုန်သွယ်ဖက်နိုင်ငံများ၏ အလုပ်လက်မဲ့ဦးရေနှုန်း မြင့်တက်လာမှု၊ အမေရိ ကန်၏ ဖယ်ဒရယ်အရန်ဘဏ္ဍာ၏ အတိုးနှုန်းမြင့်တက်သည့်  မူဝါဒကြောင့် ငွေလဲလှယ်နှုန်း မတည်ငြိမ်မှု စသည်တို့ဖြစ်ကြောင်း၊  အယ်လ်နီညို ရာသီ ဥတု၏ သက်ရောက်မှုကြောင့် လယ်ယာစိုက်ပျိုးရေး ပို့ကုန်တွင် ပြင်းထန်စွာ ရိုက်ခတ်မှုရှိနိုင်ကြောင်း၊ ဆီထုတ်လုပ်သည့်နိုင်ငံများ၏ ထုတ်လုပ်မှုစွမ်းရည် ကို လျှော့ချလိုက်ခြင်းကြောင့် ကမ္ဘာနှင့်အဝန်း ရေနံစိမ်းဈေးနှုန်းသည်လည်း အတက်ဘက်သို့ဦးတည်နိုင်ကြောင်းUTCC၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ် ရေး လေ့လာမှုစင်တာ၏ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Aat Pisanwanich က သုံးသပ်ထားသည်။ 
ထိုင်းနိုင်ငံသည် ဓာတ်အားသုံးစွဲခနှင့် နေ့စဉ်အနည်းဆုံး လုပ်ခလစာ များကြောင့် အခြားအာဆီယံနိုင်ငံများထက်   ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်မားနေခြင်းသည်လည်း စောင့်ကြည့်ရမည့်အချက်ဖြစ်ကြောင်း၊  ကမ္ဘာလုံး ဆိုင်ရာ ငွေကြေးဖောင်းပွမှု သို့မဟုတ် ငွေကြေးဖောင်းပွမှု   လျော့နည်းမှု၊ နယ်မြေ ပဋိပက္ခနှင့် ရှည်ကြာနေသော ရုရှား-ယူကရိန်းပဋိပက္ခတို့သည်လည်း ပို့ကုန်အပေါ် သက်ရောက်နိုင်ကြောင်း ၎င်းက ဆိုသည်။
ဝယ်ယူနိုင်စွမ်းအား ကျဆင်းမှုကြောင့် တရုတ်နှင့်အမေရိကန်တို့သည် ငွေကြေးဖောင်းပွမှု လျော့နည်းမှုကို ကြုံတွေ့နိုင်ဖွယ်ရှိကြောင်း၊ ထိုင်းနိုင်ငံ အနေဖြင့် အရှေ့အလယ်ပိုင်း၊ အာဖရိက၊ ဘရာဇီး၊ ရုရှား၊ အာရှအလယ်ပိုင်း နှင့် အိန္ဒိယတို့ကဲ့သို့ ဈေးကွက်များသို့  ပို့ကုန်ဈေးကွက် ချဲ့ထွင်သင့်ကြောင်း၊ အိန္ဒိယဈေးကွက်သည်   တရုတ်ဈေးကွက်နေရာတွင်   အစားထိုးနိုင်သည့် ဈေးကွက်အရွယ်အစားရှိကြောင်း မြ. ဗအေ က အကြံပြုထားသည်။
ထိုင်းနိုင်ငံ  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယခုနှစ် ပထမငါးလအတွင်း ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၁၆ ဘီလီယံ ဖြစ်ကြောင်း၊ ၅ ဒသမ၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း၊   သွင်း ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၂၃ ဘီလီယံဖြစ်ပြီး ၂ ဒသမ၅ ရာခိုင် နှုန်း ကျဆင်းသွားခဲ့ကြောင်း၊ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၆ဒသမ ၃၆ ဘီလီယံဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ 

သီတာဝင်း(စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့)