Main menu

Background

တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်တင်ပို့မှု ကျဆင်းခဲ့

Wed, 08/30/2023 - 15:38 -- journal_editor

၂၀၂၃ ခုနှစ် သြဂုတ်လပထမ ရက် ၂၀  အတွင်း တောင်ကိုရီးယားနိုင်ငံ၏  ပို့ကုန်တင်ပို့မှုသည်  ယခင် နှစ် အလားတူကာလကတင်ပို့မှုဝင်ငွေနှင့် နှိုင်းယှဉ် လျှင် ၁၆ဒသမ၅ ရာခိုင်နှုန်းကျဆင်းခဲ့သည်ဟု ကိုရီး ယားအကောက်ခွန်ဝန်ဆောင်မှုဌာန (Korea Customs Service) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နိုင်ငံ၏အဓိကပို့ကုန်ဖြစ်သည့်  ချစ်ပ်ပြားများနှင့် ရေနံ ထွက်ပစ္စည်းများ တင်ပို့မှု လျော့ကျခဲ့၍ ပို့ကုန်တင်ပို့မှု ကျဆင်းခဲ့ရသည်ဟု သြဂုတ်၂၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
သြဂုတ် ၁ ရက်မှ ၂၀ ရက်အထိ ကာလအတွင်း ပြည်ပသို့တင်ပို့မှုဝင်ငွေသည်  အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၉ ဘီလီယံသာရှိရာ  ယခင်နှစ်အလားတူ ကာလ တင်ပို့မှုဝင်ငွေဖြစ်သည့် အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၃ ဘီလီယံထက်  လျော့နည်းနေသည်။ ပို့ကုန်သာမက သွင်းကုန်တင်သွင်းမှု  ပမာဏသည် လည်း အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၄ ဘီလီယံသာရှိ ခဲ့ရာ ယခင်နှစ် အလားတူကာလက တင်သွင်းမှုပမာဏ ထက် ၂၇ ဒသမ၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ သွင်း ကုန်တင်သွင်းမှုပမာဏ   ကျဆင်းလာသော်လည်း ပို့ကုန်တင်ပို့မှု  ဝင်ငွေထက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ ပိုမိုနေသဖြင့် ကုန်သွယ်မှုလိုငွေပြ နေကြောင်း ကိုရီးယားအကောက်ခွန် ဝန်ဆောင်မှုဌာန ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တောင်ကိုရီးယားနိုင်ငံ၏  အဓိကပို့ကုန်ဖြစ် သည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများကို ပြည်ပမှ ဝယ်လို အားကျဆင်းနေသည့်အတွက် နိုင်ငံ၏ ပို့ကုန်တင်ပို့မှု သည် ၂၀၂၂ ခုနှစ် အောက်တိုဘာလမှစ၍ တဖြည်း ဖြည်း ကျဆင်းလာခဲ့ရာ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ ၁၀ လ ဆက်တိုက်ကျဆင်းခဲ့သည်။  
Source; https://www.koreaherald.com/
view.phpud = 20230821000122

ပပ (စီးပွားရေးသံမှူး၊ ကိုရီးယားသမ္မတနိုင်ငံ)