Main menu

Background

ဗီယက်နမ် ဆန်တင်ပို့မှုနှင့် ဈေးကွက်တည်ငြိမ်ရေးအတွက် နှစ်ရှည်မဟာဗျူဟာချမှတ်

Wed, 08/30/2023 - 15:40 -- journal_editor

နိုင်ငံအများအပြားက ဆန်တင်ပို့မှု တားမြစ်ပြီးနောက် ဆန်တင်ပို့မှုနှင့် ဈေးကွက်တည်ငြိမ်ရေး  မဟာဗျူဟာကို စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန (MOIT) က ရေးဆွဲနေကြောင်း MOIT၏ ပို့ကုန်သွင်းကုန်ဌာနက လက်ထောက် ညွှန်ကြားရေးမှူးTran Quoc Toan က ပြောကြားခဲ့သည်။
အိန္ဒိယ၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ရုရှားတို့က တင်ပို့မှု ပိတ် ပင်ထားမှု၊ အယ်နီညို၏  ဆိုးရွားသော အကျိုးသက်ရောက်မှု၊ ပင်လယ်နက် စပါးသဘောတူညီချက်မှ ရုရှားကနုတ်ထွက်မှုသည် ကမ္ဘာ့ဆန်ထောက်ပံ့မှု အပေါ်  အလွန်အမင်းလွှမ်းမိုးခဲ့ပြီး ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံမှုနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာကြောင်း Toan က ပြောကြားခဲ့သည်။ ငွေကြေးဖောင်းပွ မှု  အခြေအနေတိုးမြှင့်လာခြင်း မရှိသဖြင့်  နိုင်ငံအများအပြား၏  စီးပွားရေး ပြန်လည်ဦးမော့လာခဲ့သည်။
စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ အချက်အလက် များအရ ယခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စပါး ဟက်တာ ၇ ဒသမ ၁ သန်း စိုက်ပျိုးထားပြီး စုစုပေါင်းအထွက်နှုန်းမှာ တန်ချိန် ၄၃ ဒသမ ၁ သန်း ဝန်းကျင်ရှိပြီး ယခင်နှစ်များထက် တန်ချိန် ၄၅၂၀ဝ၀ ပိုများကြောင်း၊  တစ်နှစ် အထွက်အနှုန်းမှာ ပြည်တွင်းလိုအပ်ချက်အပြင် ဗီယက်နမ်သည် ယခုနှစ်တွင် တန်ချိန် ၇ ဒသမ ၅ သန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း၊  ပထမခုနစ်လအတွင်း ပြည်ပသို့ တန်ချိန် ၄ ဒသမ ၈၃သန်း တင်ပို့ခဲ့ကြောင်း သိရသည်။
လက်ရှိတွင်MoITသည် ဈေးကွက်အခြေအနေကို စောင့်ကြည့်ရန် အခြားဝန်ကြီးဌာနများ၊ ကဏ္ဍများ၊ ဒေသဆိုင်ရာများနှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး  သက်ဆိုင်ရာ လုပ်ငန်းရှင်များ၏  အခက်အခဲများနှင့် ပြဿနာများကို  ဆောလျင်စွာ သိရှိနိုင်ရန် အတားအဆီးများကို ဖယ်ရှားကာ ဆန်တင်ပို့မှုလုပ်ငန်းများကို နှစ်ကုန်အထိ လွယ်ကူချောမွေ့စေရန် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။    
တစ်ချိန်တည်းမှာပင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေးနှင့် ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ လက်မှတ်ရေးထိုး ထားသော လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက် (FTAs) ၏ ဦးစားပေး အစီအစဉ်များကို အသုံးချကာ ပို့ကုန်ဈေးကွက် အမျိုးမျိုးအတွက် နိုင်ငံခြား မိတ်ဖက်များနှင့် တကြွ်ကစွာ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သည်။
ကုန်သည်များနှင့်   ပို့ကုန်လုပ်ငန်းရှင်များ  ၎င်းတို့၏ ထုတ်လုပ်မှုနှင့် လုပ်ငန်းစွမ်းဆောင်ရည်  တိုးတက်စေရန်အတွက် လမ်းညွှန်မှုနှင့် ကူညီမှုများ ပံ့ပိုးဆောင်ရွက်ပေးသွားမည် ဖြစ်သကဲ့သို့ စေ့စပ်ညှိနှိုင်းခြင်း၊ လက်မှတ်ရေး ထိုးခြင်း၊  ပို့ကုန်စာချုပ်များ လုပ်ဆောင်ခြင်းနှင့် နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှုများကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်စေရန် ၎င်းတို့၏ စွမ်းဆောင်ရည်ကို  တိုးမြှင့်ဆောင်ရွက်ခြင်းများကိုလည်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရသည်။
Source : Vietnam News Agency

ဝင့်နန္ဒာကျော်ကျော် (စီးပွားရေးသံမှူး၊ ဗီယက်နမ်)