Main menu

Background

ထိုင်းနိုင်ငံတွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၁၉ ဒသမ ၈၉ ဘီလီယံဖြင့် ထိပ်ဆုံးမှရပ်တည်

Wed, 08/30/2023 - 15:42 -- journal_editor

ယခုနှစ် ပထမ ခုနစ်လအတွင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုသည် ဘတ် ၅၈ ဒသမ ၉ ဘီလီဘံထိ မြင့်တက် လာကြောင်း၊  ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံ ငါးနိုင်ငံ မှာ ဂျပန် (ဘတ် ၁၉ ဒသမ ၈၉ ဘီလီယံ)၊ စင်ကာပူ (ဘတ် ၁၂ ဒသမ ၉၂ ဘီလီယံ)၊ တရုတ် (ဘတ် ၁၁ ဒသမ  ၅၅ ဘီလီယံ) ၊ အမေရိကန် (ဘတ် ၃ ဘီလီယံ)နှင့်  ဂျာမနီ (ဘတ် ၁ ဒသမ ၂၉ ဘီလီယံ) အသီးသီးဖြစ် ကြောင်း၊  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှ ထိုင်းနိုင်ငံသား ၃၅၉၄ ဦးအတွက်  အလုပ်အကိုင်များ ဖန်တီးပေးနိုင် ခဲ့ကြောင်း အစိုးရ၏ ဒုတိယပြောရေးဆိုခွင့်ရှိသူMs. Rachada Dhnadirek က ပြောကြားခဲ့သည်။
ဇူလိုင် တစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဘတ် ၁၀ သန်းအတွက်  ခွင့်ပြုပေးခဲ့ပြီး   ၃၇၂ ဦး အတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ ထိုင်း နိုင်ငံ၏  အရှေ့ဘက်ပင်လယ်ပြင်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ရှေ့ပြေးစီမံချက်  တစ်ခုဖြစ်သည့် Eastern Economic Corridor (EEC) တွင် ရင်းနှီးမြှုပ်နှံ ရန် စိတ်ဝင်စားကြကြောင်း၊ EEC တွင် ရင်းနှီးမြှုပ်နှံမှု ဘတ် ၁၂ ဒသမ၃၄ ဘီလီယံဖြစ်ပြီး ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားတို့ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ 
ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းအမျိုးအစားများမှာ စီမံခန့်ခွဲမှုနှင့် ထုတ်လုပ်မှုအတွက် အကြံပေးလုပ်ငန်း၊ စက်မှုနှင့် နည်းပညာ ဝန်ဆောင်မှုများ၊ ယန္တရားများ ထုတ်လုပ်ခြင်းအတွက်  တစ်ဆင့်ခံ ကန်ထရိုက်ဝန် ဆောင်မှုများ၊  ယန္တရား  အစိတ်အပိုင်းများနှင့် မော် တော်ယာဉ်အစိတ်အပိုင်း  လုပ်ငန်းများဖြစ်ကြောင်း၊ နိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံသူများ ဆွဲဆောင်ရာတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို အဆင်ပြေချောမွေ့စေသည့်  အစိုးရ၏မူဝါဒသည် အရေးကြီးသော အချက်ဖြစ်ပါ ကြောင်း ဖြည့်စွက်ပြောကြားသည်။
၎င်းအပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် နိုင်ငံအတွက် အခွန်၊ နိုင်ငံသားများအတွက် အလုပ် အကိုင်များ၊ ဈေးကွက်ဆိုင်ရာ နည်းပညာနှင့် ဗဟု သုတများကိုလည်း ရရှိစေနိုင်ကြောင်း၊  ယခင်နှစ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဘတ် ၁၂၉ ဘီလီယံ ရှိခဲ့ကြောင်း၊ ယခုနှစ်အတွင်း အနည်းဆုံး ဘတ် ၁၀ဝ ဘီလီယံအထိ ရရှိနိုင်ရန် ခန့်မှန်းထားကြောင်း သိရှိရ သည်။  
Source: www.bangkokpost. gov 

သီတာဝင်း (စီးပွားရေးသံမှူး၊ 
ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)