Main menu

Background

ဖိလစ်ပိုင်နိုင်ငံ၏ ဆန်ထုတ်လုပ်မှု ပထမခြောက်လပတ်တွင် မြင့်တက်

Thu, 08/31/2023 - 10:34 -- journal_editor

၂၀၂၃ ခုနှစ် ပထမ ခြောက်လပတ်အတွင်း ဖိလစ်ပိုင်နိုင်ငံတွင်   ဆန်စပါးထုတ်လုပ်မှု  မြင့် တက်လာခဲ့ကြောင်း      နိုင်ငံတော်သမ္မတရုံးက သြဂုတ် ၁၅ ရက်တွင်  အစီရင်ခံစာ ထုတ်ပြန်ခဲ့ သည်။ 
ဖိလစ်ပိုင်စာရင်းအင်း အာဏာပိုင်အဖွဲ့က အတည်ပြု ထုတ်ပြန်သည့်  ကိန်းဂဏန်းအချက် အလက်များအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန် လအထိ ဆန်စပါးထွက်ရှိမှုနှုန်းသည် မက်ထရစ် တန် ကိုးသန်းရှိပြီး ၂၀၂၁ ခုနှစ်နှင့်၂၀၂၂ ခုနှစ် အလားတူကာလက ထွက်ရှိမှုမှာ မက်ထရစ်တန် ၈ဒသမ၇ သန်းသာရှိခဲ့၍ အထွက်နှုန်း မြင့်တက် ခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ 
၂၀၂၂ခုနှစ်      အလားတူကာလထက် အထွက်နှုန်း ၃ရာခိုင်နှုန်း တိုးမြင့်ခဲ့ကြောင်း၊ စူပါ တိုင်ဖွန်းအီးဂေး တိုက်ခတ်ခဲ့မှုကြောင့်   ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော်လည်း   ယခုကဲ့သို့ စပါးအထွက်နှုန်း မြင့်တက်ခဲ့သည့်အတွက် နိုင်ငံ ၏ အရန်ဆန်ရိက္ခာပမာဏလည်း   မြင့်တက်ခဲ့ ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
စိုက်ပျိုးရေးဝန်ကြီးဌာန လက်အောက်ခံ ဖြစ်သော ဖိလစ်ပိုင်   ဆန်စပါးသတင်းအချက် အလက်များ ထုတ်ပြန်သည့်ဌာန၏   အစောပိုင်း ကာလများက     ခန့်မှန်းတွက်ချက်ထားသည့် အထွက်နှုန်းမှာ မက်ထရစ် တန် ၈ဒသမ ၇ သန်း ဖြစ်သည့်အတွက် ဖိလစ်ပိုင်စာရင်းအင်းအာဏာ ပိုင်အဖွဲ့၏ အတည်ပြု   ထုတ်ပြန်သည့်အချက် အလက်အရ အထွက်နှုန်း မက်ထရစ်တန် သုံး သိန်းကျော် ထွက်ရှိခဲ့ကြောင်း သိရှိခဲ့ရသည်။
ပြီးခဲ့သည့် စိုက်ပျိုးရာသီတွင် စိုက်ပျိုးရေး ဝန်ကြီးဌာနမှ ထောက်ပံ့ပေးခဲ့သော မျိုးစေ့၊ဓာတ် မြေသြဇာ၊ ဇီဝဓာတ်မြေသြဇာ၊မြေဆွေး၊ လယ် ယာသုံးစက်ပစ္စည်းများကြောင့်  ဖိလစ်ပိုင်နိုင်ငံ၏ ဆန်စပါး အထွက်နှုန်းသည်  တိုးမြင့်ခဲ့ပြီး လက်ရှိ အရန်ဆန်   ရိက္ခာတန်ချိန်မှာ ယခင်ဆန် လက် ကျန်၊      ထွက်ရှိမှုနှင့်တင်သွင်းမှုများအရ   လုံ လောက်မှုရှိနေပါသဖြင့်   ဈေးကွက်တွင်း   ဆန် ပြတ်လပ်မှုမရှိနိုင်သောကြောင့် ဈေးနှုန်းကစား ခြင်းများ   မပေါ်ပေါက်နိုင်ကြောင်း ဖော်ပြထား သည်။ ပုဂ္ဂလိက ကဏ္ဍမှလည်း  ဆန်တင်သွင်း ထားမှုများသည် ယခုသြဂုတ်လနှင့်စက်တင်ဘာ လများအတွင်း   ရောက်ရှိသွားမည်ဖြစ်ကြောင်း သမ္မတထံသို့ အစီရင်ခံတင်ပြထားကြောင်း သိရှိ ရသည်။   နိုင်ငံတော်သမ္မတနှင့် ဆန်လုပ်ငန်းရှင် များအသင်း   အထူးအစည်းအဝေးတွင်လည်း ကုန်သည်များ   တင်သွင်းထားသည့်  ဆန်တန် ချိန် မက်ထရစ်တန် ၃၀ဝ၀ဝ၀ မှာ  သြဂုတ်လ အတွင်း     ရောက်ရှိမည်ဖြစ်ကြောင်း  သမ္မတ မားကို့စ်ထံ တင်ပြခဲ့သည်။ 
၂၀၂၃ခုနှစ်     ဇန်နဝါရီလမှ သြဂုတ်လ ပထမပတ်အထိ ဆန်တင်သွင်းမှု    မက်ထရစ် တန်ချိန် ၂ဒသမ ၅ သန်း ရောက်ရှိပြီးဖြစ်ကြောင်း ကိုလည်း ဖော်ပြထားသည်။ 

ကေသွယ်ခိုင် (စီးပွားရေးသံမှူး၊ မနီလာမြို့)