Main menu

Background

နေထိုင်မှုကုန်ကျစရိတ်နှင့် ဈေးနှုန်းများအပေါ် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြော

Mon, 09/11/2023 - 10:23 -- journal_editor

နေထိုင်မှုကုန်ကျစရိတ်နှင့် ထုတ်ကုန်ဈေးနှုန်း များအနက် ထုတ်ကုန်ဈေးနှုန်းများနှင့်  ကိုက်ညီမှု ရှိစေရေးသည် ၎င်း၏ ဦးစားပေးများထဲက တစ်ခုဖြစ် ကြောင်း၊ ပို့ကုန်ဈေးကွက်အသစ်များ ရှာဖွေရေးကို လည်း   အရှိန်မြှင့်တင်   ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ထိုင်းကုန်သည်များအတွက် အခွင့်အလမ်း များ ပေါ်ပေါက်စေရေး ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းမှု များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဝန်ကြီးအသစ်ဖြစ်သူ l Mr. Phumtham Wecha-yachaiက ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်Srettha Thavisin ၏ အရေးကြီး မူဝါဒများကို လိုက်နာသောအားဖြင့် ပြည်သူလူထုကို သက်ရောက်နိုင်သည့် ကိစ္စ ရပ်များကို ချက်ချင်းဆောင် ရွက်သွားမည် ဖြစ်ကြောင်း၊ အထူးသဖြင့် နေထိုင်မှု ကုန်ကျစရိတ်နှင့် ဈေးနှုန်းများဖြစ်ကြောင်း၊ ဝန်ကြီး ဌာနအနေဖြင့် ထုတ်ကုန်ဈေးနှုန်းများသည် နေထိုင်မှု ကုန်ကျစရိတ်နှင့် ကိုက်ညီရန်ဖြစ်ကြောင်း၊ ပြည်သူ လူထုသာမက လုပ်ငန်းရှင်များလည်း ပါဝင်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
ထိုင်းနိုင်ငံ၏  ပို့ကုန် ယခုနှစ်အတွင်း ကျုံ့နေ ကြောင်း၊ ယင်းကြောင့် ပို့ကုန်ဈေးကွက် အသစ်များ ရှာဖွေခြင်းသည် အရေးကြီး ဆောင်ရွက်ရမည့် ကိစ္စရပ် ဖြစ်ကြောင်း၊ ပို့ကုန်အခွင့်အလမ်းများ တိုးမြင့်စေရေး အတွက်  အလားအလာကောင်းသော   နိုင်ငံများရှိ စီးပွားရေးသံမှူးများအနေဖြင့် ကုန်သွယ်မှုအတွက် ညှိနှိုင်းချိတ်ဆက်မှုများ ဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ ဝန်ကြီးဌာနက ဇူလိုင်လအထိ ထုတ်ပြန်ထား သည့် ကုန်သွယ်မှုဆိုင်ရာ ကိန်းဂဏန်းများအရ ပို့ကုန် သည် ၁၀ လ ဆက်တိုက်ကျဆင်းနေကြောင်း၊ ငွေကြေး မူဝါဒများ   ပိုမိုတင်းကျပ်လာမှုနှင့် ဘဏ္ဍာရေးအဖွဲ့ အစည်းများ၏ ငွေချေးမှုပုံစံ တင်းကျပ်လာမှုတို့ကြောင့် အခြေအနေ ပိုမိုဆိုးရွားလာခဲ့ပြီး  စားသုံးသူများ၏ ငွေကြေးသုံးစွဲမှုလည်း ကျဆင်းခဲ့သည်။
ပထမ  ခုနစ်လအတွင်း  ပို့ကုန် အမေရိကန် ဒေါ်လာ ၁၆၃ ဘီလီယံနှင့် သွင်းကုန် အမေရိကန် ဒေါ်လာ ၁၇၂ ဘီလီယံဖြစ်ပြီး ကုန်သွယ်မှုလိုငွေ အမေ ရိကန်ဒေါ်လာ ၈ ဒသမ ၂၈ ဘီလီယံ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
စိုက်ပျိုးရေးနှင့်စပ်လျဉ်း၍  မူဝါဒများစွာရှိပြီး ဖြစ်သဖြင့် သီးခြားမပြောကြားလိုကြောင်း၊ ကုန်သွယ် ရေးနှင့်ဆိုင်သည့် လုပ်ထုံးလုပ်နည်းများတွင် အခက် အခဲများစွာရှိနေကြောင်း၊ ဌာနတွင်း အစည်းအဝေး တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ဘတ် ၁၀ဝ၀ဝ ဒီဂျစ်တယ်ပိုက်ဆံအိတ် Digital Wallet) နည်းလမ်း သည် အစိုးရက အကောင်အထည်ဖော်ရန် လျာထား ကြောင်း၊ ယင်းနည်းလမ်းသည် နိုင်ငံ၏ စီးပွားရေးကို လှုံ့ဆော်ရုံသာမက   ဒီဂျစ်တယ်စီးပွားရေးကို ဖော် ဆောင်ရာတွင်လည်း   အထောက်အကူ  ဖြစ်စေပါ ကြောင်း၊ ပြည်သူများကို အီလက်ထရွန်နစ်စနစ်များ အသုံးပြုစေမည်ဖြစ်ကြောင်း Mr. Phumtham  က ပြော ကြားခဲ့သည်။
ထိုင်းနိုင်ငံ၏ ပို့ကုန် ၁၀ လ ဆက်တိုက် ကျဆင်း နေခြင်းနှင့် ကုန်သွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း များတွင်  အခက်အခဲများ  ကြုံတွေ့နေခြင်းအပေါ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဦးစားပေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်သည်။ 
Source: www.bangkokpost. gov

သီတာဝင်း
(စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။)