Main menu

Background

(၆၈)ကြိမ်မြောက် ဗန်ကောက် လက်ဝတ်ရတနာပြပွဲသို့ လာရောက်ကြည့်ရှုသူ ၃၀ဝ၀ဝဦးခန့်ရှိနိုင်ကြောင်း ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန Department of International Trade Promotion (DITP)ခန့်မှန်းထား

Mon, 09/11/2023 - 13:10 -- journal_editor

(၆၈)ကြိမ်မြောက် ဗန်ကောက်  လက်ဝတ် ရတနာပြပွဲကို   ထိုင်းနိုင်ငံ၊  ဗန်ကောက်မြို့ the Queen Sirikit National Convention Center (QSNCC) ကျင်းပလျက်ရှိပါကြောင်း၊ ယင်းပြပွဲသို့ ရောင်းသူ/ဝယ်သူနှင့် ဧည့်သည်၃၀ဝ၀ဝ ဦးရေခန့် လာရောက်မည်ဟု   ခန့်မှန်းထားကြောင်း၊  ကုန် သွယ်မှု တန်ဖိုးဘတ် ၃ ဘီလီယံကျော်  ရရှိနိုင်မည် ဟု မျှော်လင့်ရကြောင်း အပြည်ပြည်ဆိုင်ရာ ကုန် သွယ်မှု မြှင့်တင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ l Mr. Phusit Ratanakul Sereroengrit က ၂၀၂၃ ခုနှစ်    စက်တင်ဘာလ ၆ ရက်နေ့ ဖွင့်ပွဲ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
ယင်းပြပွဲကို   အပြည်ပြည်ဆိုင်ရာ    ကုန် သွယ်မှု မြှင့်တင်ရေးဦးစီးဌာန၊ Gem and Jewelry Institute of Thailand (GIT နှင့် အစိုးရနှင့် ပုဂ္ဂလိ က ကုန်သွယ်ရေးအဖွဲ့အစည်းတို့  ပူးပေါင်းဆောင် ရွက်ခြင်းဖြစ်ကြောင်း၊  နိုင်ငံတကာ ကုန်စည်ပြပွဲ ဖြစ်ကြောင်း၊ နှစ် ၄၀ ပြည့်မြောက်ပြီဖြစ်ကြောင်း၊ ခန်းမ ၁ မှ ၈ အထိရှိပြီး ကုမ္ပဏီ ၁၁၀ဝ တို့မှ  ပြခန်း ၂၄၀ဝ ဖြင့် ပြသလျက်ရှိကြောင်း  ဖြည့်စွက် ပြော ကြားသည်။
ထိုင်းနိုင်ငံ၏    အားသာချက်များဖြစ်သော ကျောက်မျက်ရတနာများ  ကုန်သွယ်ရာ  ဗဟိုချက် ဖြစ်ခြင်း၊  အရောင်အသွေးစုံ  ကျောက်မျက်ရတနာ များ၏အရည်အသွေးကိုမြင့်တက်စေရာတွင်ကျွမ်း ကျင်မှုနှင့်လက်မှုပညာတွင်   နိုင်ငံတကာမှ အသိ အမှတ်ပြုခြင်းတို့ကြောင့်    ကျောက်မျက်ရတနာ နယ်ပယ်တွင် အောင်မြင်ရခြင်းဖြစ်ကြောင်း၊၂၀၂၂ ခုနှစ်တွင်    ကျောက်မျက်ရတနာသည်   နိုင်ငံ၏ အဆင့်(၉)ရှိသော ပို့ကုန်အမယ်ဖြစ်ကြောင်း၊ အမေ ရိကန်ဒေါ်လာ ရှစ်ဘီလီယံကျော်ဝင်ငွေရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ၁၀ရာခိုင်နှုန်းတိုးတက်ရရှိရန် ခန့်မှန်း ထားကြောင်း၊ ဧည့်သည်များအနေဖြင့်  ထိုင်းအပါ အဝင် နိုင်ငံတကာမှ  ခင်းကျင်းပြသလျက်ရှိသည့် ပစ္စည်းများကို  လေ့လာနိုင်မည်ဖြစ်ကြောင်း  Mr. Phusit က ပြောကြားခဲ့သည်။    
ပြပွဲသို့   မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာ ကုမ္ပဏီများလည်း ပါဝင်ပြသလျက်ရှိရာ ယခင်ပြပွဲ များတွင် ဝယ်ယူကြည့်ရှုများအနေဖြင့်လည်း လာ ရောက်ကြည့်ရှုနိုင်ခြင်း၊ မိတ်ဖက်အသစ်များလည်း လာရောက်ကြည့်ရှုနိုင်ခြင်းအပြင်   နိုင်ငံတကာမှ ကျောက်မျက်ကုမ္ပဏီများ     လာရောက်ပြသကြ သဖြင့် ခေတ်နှင့်အညီ   ပြောင်းလဲလျက်ရှိသည့် ဖက်ရှင်ဒီဇိုင်းများကိုလည်း  လေ့လာနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Source: www.bangkokpost. gov 

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။