Main menu

Background

အိန္ဒိယနှင့် ကုန်သွယ်ရေးသဘောတူညီချက်ပြုလုပ်ရန်ကိစ္စကို ကနေဒါ ခေတ္တရပ်နားထားမည်ဖြစ်ပြီး တိုးတက်မှုကို ပြန်လည်သုံးသပ်ရန်ဖြစ်ဟုဆို

Mon, 09/11/2023 - 14:04 -- journal_editor

ကနေဒါနိုင်ငံသည် ယခုနှစ်အတွင်း အိန္ဒိယနိုင်ငံနှင့် နှစ်နိုင်ငံ အကြား ကုန်သွယ်ရေးဆိုင်ရာ ကနဦးသဘောတူညီချက်ကိုလက်မှတ် ရေးထိုးရန် ရည်ရွယ်ခဲ့ပြီးနောက်  သုံးလအကြာတွင်   အိန္ဒိယနှင့် အဆိုပြုထားသော အဆိုပါ ကုန်သွယ်ရေးသဘောတူစာချုပ်ဆိုင်ရာ ဆွေးနွေးပွဲများကို ခေတ္တရပ်နားထားလိုက်ပြီဖြစ်ကြောင်း စက်တင် ဘာ  ၁ ရက်က မထင်မှတ်ဘဲ ထုတ်ဖော်ပြောကြားခဲ့သည်။
“ကုန်သွယ်ရေး ညှိနှိုင်းမှုတွေဟာ   ရှည်လျားပြီး ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ဘယ်နေရာ အထိရောက်ရှိနေပြီလဲဆိုတာ သုံးသပ်ဖို့ ခေတ္တရပ်နားထားပါတယ်}}ဟု ကနေဒါဝန်ကြီးချုပ်Justin Trudeau ၏   လာမည့် သီတင်းပတ် အတွင်း နယူးဒေလီသို့ လာရောက်မည့် ခရီးစဉ်  မတိုင်မီ ကနေဒါ အစိုးရအရာရှိတစ်ဦးက သတင်းထောက်များအား ပြောကြားခဲ့သည်။ ကနေဒါနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ   မဟာမင်းကြီးSanjay Kumar Verma    ကလည်း အိုတာဝါ(Ottawa)အနေဖြင့်  ပြီးခဲ့သည့်လအတွင်း ယင်းသို့ ကုန်သွယ်ရေးဆွေးနွေးမှုကို ခေတ္တရပ်နားရန်   ကြိုးပမ်းခဲ့ သော်လည်း အကြောင်းရင်းကိုမူ    ရှင်းလင်းပြောကြားခဲ့ခြင်းမရှိဟု အတည်ပြုခဲ့သည်။
အိန္ဒိယနိုင်ငံနှင့် ကနေဒါနိုင်ငံတို့သည်   အငြင်းပွားမှုများကို ကိုင်တွယ်ဖြေရှင်းရန် ယန္တရားစနစ်တစ်ခုအား  ချမှတ်ဆောင်ရွက်စဉ် ကုန်သွယ်မှုတိုးမြှင့်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရန် ယခုနှစ်တွင်ကနဦး သဘောတူညီချက်တစ်ရပ်ကို အတည်ပြုရန်  ရည်ရွယ်ထားကြောင်း ပြီးခဲ့သည့် မေလက    ပြောကြားခဲ့ခြင်းဖြစ်သည်။ နယူးဒေလီသည် လာမည့် သီတင်းပတ်အတွင်း   ကျင်းပရန်ရှိသည့် ဂျီ-၂၀ ထိပ်သီး အစည်းအဝေး၏ ဆက်စပ်ဆွေးနွေးပွဲများတွင်  ကနေဒါနိုင်ငံအပါ အဝင် အခြားနိုင်ငံများနှင့် နှစ်နိုင်ငံလွတ်လပ်စွာ ကုန်သွယ်မှုကိစ္စရပ် များကို ဆွေးနွေးရန် စီစဉ်ထားကြောင်း အိန္ဒိယထိပ်တန်း ကုန်သွယ် ရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ကနေဒါဝန်ကြီးချုပ် Trudeau  သည် အဆိုပါအစည်းအဝေးသို့ တက်ရောက်သွားမည်ဖြစ်သည်။
ကနေဒါနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ငါးနှစ်ကြာ ဆိုင်းငံ့ထား ခဲ့သော နှစ်နိုင်ငံကုန်သွယ်မှု သဘောတူညီချက်အတွက်   ဆွေးနွေး ညှိနှိုင်းမှုများကို  ၂၀၂၂ ခုနှစ်  မတ်လတွင်    ပြန်လည်စတင်ခဲ့သည်။ အိန္ဒိယ-ကနေဒါ အစောပိုင်းတိုးတက်မှု ကုန်သွယ်မှုဆိုင်ရာ သဘော တူညီချက် (India-Canada Early Progress Trade Agreement- EPTA)သည် ကုန်စည်၊ဝန်ဆောင်မှုများ၊ရင်းနှီးမြှုပ်နှံမှု၊ ပင်ရင်းဒေသ စည်းမျဉ်းများ၊ သန့်ရှင်းရေးနှင့်   ဇီဝရုပြွ်ကင်းဆိုင်ရာ အစီအမံများ၊ ကုန်သွယ်မှုဆိုင်ရာ နည်းပညာ   အတားအဆီးများနှင့် အငြင်းပွားမှု ဖြေရှင်းရေးတို့ကို အကျုံးဝင်သည့် သဘောတူညီချက်တစ်ခုဖြစ်သည်။
အဆိုပါ အိန္ဒိယ-ကနေဒါ အစောပိုင်း တိုးတက်မှု ကုန်သွယ်မှု ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုကို ခေတ္တရပ်နားထားသည်ဟု ကနေဒါဘက်မှ ထုတ်ဖော်ပြောကြားခဲ့သည်။   ယင်းEPTA သည် ဘက်စုံ လွတ်လပ် သော ကုန်သွယ်မှုသဘောတူစာချုပ်၏ရှေ့ပြေးနိမိတ်တစ်ခုဖြစ်သည်။ အိန္ဒိယ-ကနေဒါ နှစ်နိုင်ငံ ကုန်စည်ကုန်သွယ်မှုသည် ၂၀၂၂ ခုနှစ် တွင် အမေရိကန်ဒေါ်လာ  ၈ ဒသမ ၂ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်းခန့် တိုးတက်လာသည်။ အနာဂတ်တွင်   တိုးတက်လာဖွယ်ရှိသည့်ကဏ္ဍများမှာ   အခြေခံ အဆောက်အအုံကဏ္ဍ၊ သက်ရှိသိပ္ပံပညာ၊ သန့်ရှင်းသော  စွမ်းအင် နည်းပညာ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊    ဓာတ်သတ္တုကဏ္ဍနှင့် သဘာဝအရင်းအမြစ်ကဏ္ဍတို့ဖြစ်ကြောင်း သိရသည်။
ဒါက ကျွန်တော်တို့ နှစ်နိုင်ငံစလုံးရဲ့တိုးတက်မှုနဲ့ နောက်ထပ် ခြေလှမ်းတွေကို လှမ်းနိုင်စေမှာပါ  စေ့စပ်ညှိနှိုင်းမှုတွေ   ပြန်လည် စတင်မယ့်အချိန်မှာ နှစ်ဦးနှစ်ဖက် သဘောတူညီချက်နဲ့ ဆုံးဖြတ် သွားမှာပါ}}ဟု အဆိုပါကိစ္စနှင့်ရင်းနှီးသော အိန္ဒိယအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ရင်းမြစ်များ၏အဆိုအရ  နှစ်ဖက်စလုံးသည် ပင်ရင်းဒေသစည်းမျဉ်းများနှင့်   အခွန်အကောက်များကဲ့သို့ ကိစ္စရပ် များအတွက် ညှိနှိုင်းမှုမရရှိသေးဟု သိရသည်။]]အာဆီယံပြီးရင် အိန္ဒိယဟာ   ရှင်းရှင်းလင်းလင်းနဲ့ တင်းကျပ်တဲ့ စည်းမျဉ်း စည်းကမ်း တွေရှိဖို့ စိတ်အားထက်သန်နေပြီး   နိုင်ငံတော်တော်များများက အဲဒီ အတွက် စိုးရိမ်မှုတွေ ရှိနေပါတယ်}}ဟု ကုန်သွယ်ရေးကျွမ်းကျင်သူ တစ်ဦးက ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံသည် ကနေဒါနိုင်ငံအပြင်   ယူကေ၊ အီးယူတို့နှင့် ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှုများရရှိရန် ညှိနှိုင်းဆောင်ရွက် လျက်ရှိပြီး သြစတြေးလျနိုင်ငံနှင့် သဘောတူခဲ့သော ချက်ချင်း ဖြေ လျှော့ပေးရမည့် ကုန်သွယ်ရေးသဘောတူညီချက်  Early Harvest Trade Pact)ကို လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် Free Trade Agreement- FTA)အဖြစ်  တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကနေဒါနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ဘက်စုံစီးပွားရေး မိတ် ဖက်ဆက်ဆံမှု သဘောတူညီချက်(CEPA)ကို ၂၀၁၀ပြည့်နှစ်ကတည်း က ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပြီး ညှိနှိုင်းမှုများအတန်ကြာ ရပ်ဆိုင်း သွားပြီးနောက်  ပြီးခဲ့သောနှစ်က   ပြန်လည်စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  ဆွေးနွေးမှုများကို CEPA  သည် အစောပိုင်း တိုးတက်မှု ကုန်သွယ်ရေးဆိုင်ရာ   သဘောတူစာချုပ် (EPTA)ကို   ဗဟိုပြုထား သည်။ သို့သော် နှစ်နိုင်ငံအကျိုးစီးပွားနှင့်ပတ်သက်၍ ဘုံသဘော တူညီချက်ရရှိရန် ခက်ခဲသောအပိုင်းများ ကျန်ရှိနေသည်ဟု ယူဆရ သည်။ ထို့ကြောင့် ကနေဒါဘက်မှ အချိန်ယူ၍  ပြန်လည်သုံးသပ်မှု များပြုလုပ်ရန် စဉ်းစားလျက် အဆိုပါဆွေးနွေးမှုများကိုခေတ္တရပ်ဆိုင်း ခဲ့ဟန်တူသည်။ သို့သော် မကြာမီကာလအတွင်း  ကျင်းပရန်ရှိနေ သည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးပွဲနှင့်  ဆက်စပ်အစည်းအဝေးများ တွင် ၎င်းတို့ နှစ်နိုင်ငံအကြား ဆွေးနွေးညှိနှိုင်းရရှိမှုများ ရရှိနိုင်ခြင်း ရှိ/မရှိဆိုသည်ကို စောင့်ကြည့်သွားရမည်ဖြစ်သည်။
    ကောင်းထွဋ်‌အောင်(စီးပွား‌ရေးသံမှူး)၊
    မြန်မာ‌ကောင်စစ်ဝန်ချုပ်ရုံး၊ ကော်လ်ကတ္တားမြို့။