Main menu

Background

ရုရှားနိုင်ငံအတွင်းငွေကြေးဖောင်းပွမှုတိုးလာခဲ့

Mon, 09/11/2023 - 14:06 -- journal_editor

လက်ရှိ ငွေကြေးလဲလှယ်မှုဈေးနှုန်းအရ    ရုရှားနိုင်ငံ အတွင်း ငွေကြေးဖောင်းပွမှုသည် သြဂုတ်၂၈ရက်အထိ ၄ ဒသမ ၈၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုအချိန်တွင် ၅ ဒသမ ဝ၃ ရာခိုင်နှုန်း အထိတိုးလာခဲ့ကြောင်း ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဌာန၏သုံးသပ်ချက်အရ သိရှိရသည်။
အစားအသောက်  ထုတ်လုပ်မှုအပိုင်းတွင် ကုန်ဈေးနှုန်း ကြီးမြင့်လာမှုများကြောင့်   ယခင်ရက်သတ္တပတ်တွင် ငွေကြေး ဖောင်းပွမှုနှုန်း သုည ဒသမ ဝ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုအချိန် တွင် ငွေကြေးဖောင်းပွမှုနှုန်း သုည ဒသမ ဝ၆ ရာခိုင်နှုန်းအထိ တိုးလာခဲ့ကြောင်း RAI သတင်းဌာနမှလည်း သုံးသပ်ထားသည်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ ပြောကြားချက် အရ စားသောက်ကုန်များ ဈေးနှုန်းတိုးမြင့်လာမှုမှာ ယခင် ရက် သတ္တပတ်ဈေးနှုန်းအတိုင်း သုည ဒသမ၂၁ ရာခိုင်နှုန်းရှိနေသေး ကြောင်း၊ သကြား၊ ကြက်ဥ၊ ပေါင်မုန့်၊   ကိတ်မုန့်၊ ပါစတာနှင့် စားသောက်ဖွယ်ရာအချို့    ဈေးနှုန်းတိုးမြင့်လာမှုမှာ အရှိန် အနည်းငယ်လျော့လာကြောင်း၊ အသားထွက်ကုန်များမှာ ဆက် လက်၍ ဈေးနှုန်းမြင့်တက်နေကြောင်း၊ ဂျုံမှုန့်၊ မုန့်အချိုဈေးနှုန်း များမှာလည်း မြင့်တက်လာကြောင်း၊  နို့နှင့်နို့ထွက်ပစ္စည်းများ ဈေးနှုန်းတက်လာမှုသည် အရှိန်လျော့ကျလာသဖြင့် ထည့်တွက် ရန် မလိုကြောင်း၊ မော်တော်ကားဈေးနှုန်းတိုးမြင့်လာမှုများမှာလည်း အရှိန်လျော့ကျလာကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဆေးနှင့်ဆေးရုံသုံးပစ္စည်းများဈေးနှုန်း မြင့်တက် မှုနှုန်းမှာ ပိုမိုတိုးလာကြောင်း သိရှိရသည်။ 
ရုရှားဗဟိုဘဏ်မှ ယခုနှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်း မှာ ၅ ရာခိုင်နှုန်းမှ ၆ ဒသမ ၅ ရာခိုင်နှုန်းအတွင်းရှိမည်ဟု ခန့် မှန်းထားကြောင်း၊ရုရှားဘဏ္ဍာရေးဝန်ကြီး Mr. Anton Siluanov မှ ၂၀၂၃ ခုနှစ်    နှစ်ကုန်ပိုင်းတွင်   ငွေကြေးဖောင်းပွမှုနှုန်းမှာ ၆ ရာခိုင်နှုန်းရှိမည်ဖြစ်ပြီး တာဝန်ရှိသူများအနေဖြင့် လာမည့် နှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်းအား ၄   ရာခိုင်နှုန်းထိ လျော့ ကျစေရန်   လိုအပ်သည်များကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ခွန်မျိုးသူ(စီးပွားရေးသံမှူး၊ မော်စကိုမြို့)