Main menu

Background

ဆန်သိုလှောင်ထားသူများ၊ ဈေးကစားသူများနှင့် ဆန်သိုလှောင်ရုံများအား ဝင်ရောက်စစ်ဆေးသွားရန် ဖိလစ်ပိုင်သမ္မတ ညွှန်ကြား

Mon, 09/11/2023 - 14:07 -- journal_editor

ဆန်စပါး တရားမဝင်တင်သွင်းသူများ၊ ဆန်စပါး  သိုလှောင်ဈေးကစားသူများအား ထိထိရောက်ရောက်    အရေးယူနိုင်ရေး အတွက်  ဆန်သိုလှောင်ရုံများအား စစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားရန်  သမ္မတ  မား ကို့စ်မှ ဖိလစ်ပိုင်အကောက်ခွန်ဦးစီးဌာနသို့ ညွှန်ကြားသည့်အမိန့်ထုတ်ပြန်ခဲ့သည်။ 
သြဂုတ် ၂၉ ရက်က    ပြုလုပ်ခဲ့သည့် သတင်းထုတ်ပြန်မှုတွင် အကောက်ခွန်ဦးစီး ဌာနအနေဖြင့် စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်း များ တရားမဝင် တင်သွင်းသူများအား   ဖမ်း ဆီးနိုင်ရေး ယခုထက်  နှစ်ဆတိုးမြှင့် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ကုန်သိုလှောင်ရုံ များတွင် ဆန်စပါးသိုလှောင်သိမ်းဆည်းထား မှုများ   ရှိ/မရှိ၊    အထူးသဖြင့် ဆန်စပါး သိုလှောင်ထားရှိမှုများ ရှိ/မရှိကို ကြပ်မတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ 
သမ္မတ၏ညွှန်ကြားချက်နှင့်အညီ  တင် သွင်းလာသည့်ဆန်များအား သိုလှောင်ထား ရှိသည့်  ဆန်သိုလှောင်ရုံများအား စစ်ဆေး သွားပြီး သက်တမ်းသတ်မှတ်ချက်ပါဝင်သည့် စာအား ထုတ်ပေးသွားမည်ဖြစ်သည်။ ထို့ပြင် သက်ဆိုင်ရာ  အာဏာပိုင်အဖွဲ့အစည်းများ နှင့် လိုအပ်သည့်    စစ်ဆေးမှုများ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကောက် ခွန်ဦးစီးဌာနအနေဖြင့် သမ္မတညွှန်ကြားချက် နှင့်အညီ ဆောင်ရွက်နေကြောင်း သိရှိနိုင်ရန် ဘူလကန်ဒေသရှိ  ဆန်သိုလှောင်ရုံများအား ရှောင်တခင်   စစ်ဆေးခဲ့ကြောင်း  သိရသည်။ လက်ရှိတွင် ဆန်သိုလှောင်ရုံ သုံးခုအား စစ် ဆေးခဲ့ကြောင်းနှင့် ၎င်းတို့မှာGreat Harvest Rice Mill Warehouse,    San Pedro Warehouse, FS Rice Mill Warehouseတို့ ဖြစ်ကြောင်း ဖော်ပြထားသည်။ 
စစ်ဆေးပြီးခဲ့သည့်  ဆန်သိုလှောင်ရုံ သုံးခုတွင်  သိုလှောင်သိမ်းဆည်းထားသည့် ဆန်များမှာ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းခဲ့သည့်   ဆန်များ ဖြစ်ပြီး ကနဦးတွက်ချက်မှုအရ   ပီဆို ၅၀၅ သန်းခန့်ရှိကြောင်း၊ အဆိုပါ ဆန်သိုလှောင်ရုံ ပိုင်ရှင်များအနေဖြင့် ဆန်တင်သွင်းခဲ့ခြင်းဖြစ် ကြောင်း ဖော်ပြထားသည်။ 
စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး ပြစ်မှု ကျူးလွန်ခဲ့ကြောင်း ထင်ရှားပါက အကောက် ခွန်ဦးစီးဌာနနှင့်   တရားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဆန်များသိုလှောင်ပြီး ဈေးကစား ဆောင်ရွက်သူများအား   ဖမ်းဆီးအရေးယူမှု များ  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

ကေသွယ်ခိုင်(စီးပွားရေးသံမှူး)
မနီလာမြို့။