Main menu

Background

ထိုင်းနိုင်ငံ၌ ကုန်စည်နှင့်ဝန်ဆောင်မှုအမျိုးအစား ၁၅၀ဝ၀ဝကျော်အတွက် ဈေးနှုန်းလျှော့ချပေးသွားမည်

Tue, 10/10/2023 - 14:56 -- journal_editor

ထိုင်းနိုင်ငံ၌ ယခုနှစ်    ဒီဇင်ဘာလကုန်အထိ ကုန်စည်နှင့် ဝန်ဆောင်မှု ၁၅၀ဝ၀ဝ ကျော်အတွက်  ဈေးနှုန်းလျှော့ချပေးသွား မည်ဖြစ်ကြောင်း၊ ဈေးနှုန်းလျှော့ချမှုတွင် ပိုမိုထိရောက်မှုရှိစေရန် ၈၇ ရာခိုင်နှုန်း ထိ လျှော့ချပေးသွားမည်ဖြစ်ကြောင်း၊  ထုတ်လုပ်သူများ၊ ဖြန့်ချိသူများ၊ ဈေးဝယ်စင်တာများ၊ ရပ်ကွက်ဈေးများနှင့် ဝန်ဆောင်မှု ပေးသူများနှင့် တွေ့ဆုံပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး Mr. Phumtham Wechayachai  က ပြောကြားခဲ့ သည်။
ယင်းသို့ဆောင်ရွက်ခြင်းသည် ကုန်ကျစရိတ်လျှော့ချရန်၊ဝင်ငွေ တိုးပွားရန်နှင့်    စီးပွားရေးအခွင့်အလမ်းများ ချဲ့ထွင်ရန်အတွက် အစိုးရ၏Quick Win   မူဝါဒ၏   တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ အဓိက စားသုံးကုန်စည်များ ထုတ်လုပ်နေသူ ၈၈ ဦး၊ ဖြန့်ချိသူ၊ ဈေး ဝယ်စင်တာ၊ အိမ်တွင်းအလှဆင်၊ ပစ္စည်းရောင်းသူ ၈၃ ဦး၊ ဆေးရုံများ နှင့် မော်တော်ယာဉ်ပြင်ဆင်ရေးဝန်ဆောင်မှု ဆောင်ရွက်သူ  ၁၁၀၊ ထောက်ပံ့ပို့ဆောင်‌ရေးကုမ္ပဏီ  ၁၁၀ နှင့်  အွန်လိုင်းပလက်ဖောင်း ခုနစ်ခုတို့က ၎င်းတို့၏ ကုန်စည်များနှင့် ဝန်ဆောင်မှု ၁၅၁၆၇၆ တို့ အပေါ် ဈေးနှုန်းလျှော့ချရေးကို သဘောတူညီခဲ့ကြကြောင်း၊ ဒီဇင် ဘာ ၃၁ ရက်ထိ သုံးလကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီး က ပြောကြားခဲ့သည်။
ကုန်ပစ္စည်းများကို ပြုပြင်ထားသော အစားအစာ၊ ဆန်၊ ဟင်း ခတ်အမွှေးအကြိုင်၊ အဖျော်ယမကာ (အမျိုးအစား ၃၀၅၈  ခုအတွက် အများဆုံး ၈၇ ရာခိုင်နှုန်း) စသော အစားအစာနှင့် အဖျော်ယမကာ၊ နေ့စဉ်လိုအပ်သော ကုန်စည်များ၊ လျှပ်စစ်ပစ္စည်းများ၊ အိမ်အလှဆင်၊ ဆေးဝါးနှင့်ဆေးဘက်ဆိုင်ရာပစ္စည်းများ (အမျိုးအစား ၈၂၉၀ ခု အတွက် အများဆုံး ၈၀ ရာခိုင်နှုန်း) စသည့် အရေးပါသော ကုန်စည် များနှင့် ဓာတ်မြေသြဇာ၊ စိုက်ပျိုးရေးဆိုင်ရာ   ဓာတုပစ္စည်းများနှင့် တိရစ္ဆာန်အစာ (အမျိုးအစား ၁၉၈ ခုအတွက် အများဆုံး ၄၀ ရာခိုင် နှုန်း)စသော စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစု စသည်ဖြင့် အမျိုးအစား သုံးမျိုးခွဲခြားထားပါကြောင်း သိရှိရသည်။
ဝန်ဆောင်မှုတွင် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများ (အမျိုး အစား ၁၄၀ဝ၀ဝ အတွက် အများဆုံး၂၀ ရာခိုင်နှုန်း)၊ မော်တော်ကား ပြုပြင်ရေးဝန်ဆောင်မှုများ (အမျိုးအစား ၁၂၃ ခုအတွက် အများဆုံး ၅၀ ရာခိုင်နှုန်း)နှင့် ထောက်ပံ့ပို့ဆောင်ရေးနှင့်   အမြန်ချောစာပို့ ဝန်ဆောင်မှုများ (အမျိုးအစား ၇ခုအတွက် အများဆုံး၆၉ ရာခိုင်နှုန်း) စသည်ဖြင့် သုံးမျိုး ခွဲခြားဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရှိရ သည်။
ဈေးနှုန်းလျှော့ချခြင်းဖြင့် နေထိုင်မှုကုန်ကျစရိတ်ကို ၂-၃ ဘီလီ ယံထိ လျှော့ချပေးနိုင်မည်ဖြစ်ပြီး ပြည်သူများ၏သုံးစွဲမှုကို မြင့်တက် လာစေနိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးကိုလည်း တွန်းအားပေးနိုင် မည်ဖြစ်ကြောင်း၊ စားသုံးသူများ၊   တောင်သူလယ်သမားများနှင့် လုပ်ငန်းကြီး၊ လုပ်ငန်းငယ်အားလုံးအတွက် အကျိုးရှိစေနိုင်ကြောင်း၊ ဈေးနှုန်းလျှော့ချခြင်းကြောင့် စတုတ္ထသုံးလပတ်တွင် ငွေကြေးဖောင်းပွ မှုနှုန်းအပေါ် သက်ရောက်မှုရှိလာနိုင်မည်ဖြစ်ကြောင်း  ဝန်ကြီးက သုံးသပ်ပြောကြားသည်။
ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းရှင်များအား  ဈေးနှုန်းလျှော့ချ ရေးကိုသာ ဆောင်ရွက်စေခြင်းမဟုတ်ဘဲ ၎င်းတို့အတွက် ထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချပေးရန်နှင့်  ရှိနှင့်ပြီးသော  လုပ်ထုံးလုပ်နည်း ဆိုင်ရာ အခက်အခဲများကို ကူညီဆောင်ရွက်ပေးရန် နည်းလမ်းရှာဖွေ ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားသည်။
အဖွဲ့အစည်းများစွာ    ပါဝင်ဆောင်ရွက်ကြသဖြင့် ဈေးနှုန်း လျှော့ချခြင်းသည် အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ခေါက်ဆွဲ တစ် ထုပ် ထုတ်လုပ်ရန် ဂျုံ၊ စားအုန်းဆီ၊ လျှပ်စစ်၊ သယ်ယူပို့ဆောင်ရေးနှင့် လုပ်အား စသည်တို့အတွက် ခုနစ်ဘတ်ခန့် ကုန်ကျကြောင်း၊  ပါဝင် ပစ္စည်းတစ်ခုဈေးနှုန်း လျော့နည်းသွားပါက ကုန်ပစ္စည်းဈေးနှုန်းလည်း ကျဆင်းသွားနိုင်ကြောင်း၊ ယခင် ပြည်သူများ၏သုံးစွဲမှုနှုန်းကျဆင်း ခဲ့သော်လည်း အစိုးရသစ်မှ မူဝါဒများ ထုတ်ပြန်ကြေညာပြီးနောက် ပြည်သူများ၏ ယုံကြည်မှု မြင့်တက်လာပြီး သုံးစွဲမှုနှုန်းလည်း မြင့်မား လာကြောင်း မာမားခေါက်ဆွဲ ထုတ်လုပ်သူThai President Foods Plc ၏ မန်နေဂျာ Mr. Pun Paniangvait  က သုံးသပ်ပြောကြားခဲ့သည်။

 

သီတာဝင်း(စီးပွားရေးသံမှူး)
ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။