Main menu

Background

အိန္ဒိယနိုင်ငံတွင် ပိုမိုရင်းနှီးမြှုပ်နှံရန် တောင်ကိုရီးယားကုမ္ပဏီများ စိတ်ဝင်စား

Tue, 10/24/2023 - 11:05 -- journal_editor

တောင်ကိုရီးယားကုမ္ပဏီများသည် အိန္ဒိယ နိုင်ငံတွင်  ရင်းနှီးမြှုပ်နှံမှုပြုရန် စိတ်ဝင်စားမှုမြင့်မား လာကြောင်းသိရသည်။ နှစ်နိုင်ငံ ကုန်သွယ်မှုသည် ၂၀၂၂ ခုနှစ်တွင်  အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၈ ဘီလီယံအထိရှိခဲ့ရာ အဆိုပါနှစ်အတွင်း အိန္ဒိယ နိုင်ငံသည် တောင်ကိုရီးယားနိုင်ငံမှ ဝယ်ယူ တင် သွင်းမှုမှာအမေရိကန်ဒေါ်လာ ၁၈ဒသမ၈ဘီလီယံ ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံသို့  အိန္ဒိယနိုင်ငံ၏ ပို့ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၉ ဘီလီယံ ဖြစ်သည်။ 
၂၀၁၉ ခုနှစ်က    နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ  ဘီလီယံ ၂၀  သာရှိခဲ့ပြီး တောင်ကိုရီးယားနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ အမေရိ ကန်ဒေါ်လာ ၁၅  ဘီလီယံဖိုးသာ   တင်ပို့နိုင်ခဲ့ သည်။ ၂၀၂၀ ပြည့်နှစ်တွင်  နှစ်နိုင်ငံကုန်သွယ်မှု သည် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၈ ဘီလီယံ အထိ ကျဆင်းသွားပြီးနောက်   ၂၀၂၁ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံအထိ  ပြန်လည် မြင့်တက်လာခဲ့သည်။ ထို့နောက်  ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၇  ဒသမ ၈ ဘီလီယံအထိ မှတ်တမ်းတင်ဖွယ် မြင့်မားလာခဲ့ခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ်    သြဂုတ်လအထိ  ကာလတွင် တောင်ကိုရီးယားနိုင်ငံမှ   အိန္ဒိယနိုင်ငံသို့ အမေရိ ကန်ဒေါ်လာ  ၁၁ ဒသမ၇ ဘီလီယံဖိုး တင်ပို့နိုင်ခဲ့ပြီး အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံဖိုး တင်သွင်းခဲ့ပြီးဖြစ်သည်။  အိန္ဒိယနိုင်ငံ တွင်  တောင်ကိုရီးယားနိုင်ငံမှ  ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှုမြှင့်တင်ရန်Korea Plus” Initiativeအစီအစဉ် ဆောင်ရွက်ခဲ့သဖြင့် ၂၀၂၂ ခုနှစ် ဒီဇင် ဘာတွင် တောင်ကိုရီးယားနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ FDI စီးဝင်မှုသည် အမေရိကန်ဒေါ်လာ ၇ဒသမ ၈ ဘီလီယံအထိ ရောက်ရှိခဲ့ သည်ဟု Export-Import Bank of Korea (တောင်ကိုရီးယားနိုင်ငံ  ပို့ကုန်-သွင်းကုန်ဘဏ်)က   ထုတ်ပြန်ခဲ့သည်။   တစ်ချိန် တည်းမှာပင် အိန္ဒိယနိုင်ငံမှ တောင်ကိုရီးယားနိုင်ငံ သို့  FDIစီးဝင်မှုသည် အမေရိကန်ဒေါ်လာ ၅ဒသမ ၂ ဘီလီယံအထိ  ရောက်ရှိခဲ့သည်။  အိန္ဒိယနိုင်ငံမှTaTa Daewoo နှင့်   Aditya Birla Group တို့က အဓိက   ရင်းနှီးမြှုပ်နှံကြခြင်းဖြစ်သည်။    Ta Ta Motors  သည်   တောင်ကိုရီးယားနိုင်ငံရှိ  Daewoo Commercial Vehicle Company ကို ၂၀ဝ၄ ခုနှစ် တွင် အမေရိကန်ဒေါ်လာ ၁၀၂ သန်းဖြင့် ဝယ်ယူခဲ့ ခြင်းဖြစ်သည်။
လက်ရှိတွင်   အိန္ဒိယနိုင်ငံတွင်  ကိုရီးယား ကုမ္ပဏီအရေအတွက် စုစုပေါင်း၆၀ဝကျော်ဖွင့်လှစ် ၍ လုပ်ငန်းလည်ပတ်နေကြသည်ဟု   ဆိုးလ်မြို့ရှိ အိန္ဒိယသံရုံးက ပြောကြားခဲ့သည်။ တောင်ကိုရီး ယားနိုင်ငံမှ အိန္ဒိယနိုင်ငံတွင် ထပ်မံ ရင်းနှီးမြှုပ်နှံ မည့်လုပ်ငန်းများမှာ  LG Energy Soulution ၏ ဖက်စပ်ဘက်ထရီစက်ရုံ၊    ဆမ်ဆောင်းအီလက် ထရောနစ်၏ ဈေးနှုန်းသက်သာသော Galaxy Tab    A9 Tablet၊ ချနိုင်းမြို့ရှိ   လက်ရှိLotte Wellfood  စက်ရုံတွင် Choco Pie ထုတ်လုပ်ရန် စက်ရုံတိုးချဲ့ ဆောက်လုပ်ခြင်းတို့ပင် ဖြစ်ကြသည်။     

 

ပပ(စီးပွားရေးသံမှူး)
ကိုရီးယားသမ္မတနိုင်ငံ