Main menu

Background

ထိုင်းနိုင်ငံ ပုဂ္ဂလိကကဏ္ဍက အရှေ့အလယ်ပိုင်း အခြေအနေများကို စောင့်ကြည့်လျက်ရှိ

Tue, 10/24/2023 - 11:07 -- journal_editor

အစ္စရေးနှင့် ဟားမက်စ်တို့အကြား ပဋိပက္ခအရှိန် မြှင့်တက်လာမှုအပေါ် စိုးရိမ်လျက်ရှိပြီး ကုန် သွယ်မှုတန်ဖိုး ဘတ် ၄၀ ဘီလီယံခန့်ရှိသော  ထိုင်းနှင့်အစ္စရေး နှစ်နိုင်ငံကုန်သွယ်မှုအပေါ် သက်ရောက် လာနိုင်သည့် အလားအလာ ရှိ၊ မရှိ ထိုင်းလုပ်ငန်းရှင်များအနေဖြင့် စောင့်ကြည့်လျက်ရှိကြောင်း ထိုင်း ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ မြMr. Sanan Angubolkulက ပြောကြားခဲ့သည်။
ပဋိပက္ခအရှိန်မြှင့်တက်လာပါက အရှေ့အလယ်ပိုင်းရှိနိုင်ငံများနှင့်ကုန်သွယ်မှုအပေါ် သက်ရောက် မှုရှိလာနိုင်ကြောင်း၊ ထိုင်းနိုင်ငံနှင့် အစ္စရေးနိုင်ငံအကြား ကုန်သွယ်မှုအပေါ် သိသိသာသာ  သက်ရောက်မှု မရှိကြောင်း၊ ယခုနှစ် ပထမ ရှစ်လအတွင်း နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၈၅၇ သန်း (ဘတ် ၃၁ဒသမ၈ ဘီလီယံ)ရှိကြောင်း၊ တစ်နှစ်ပတ်လုံး ကုန်သွယ်မှုသည် ဘတ် ၄၀ ဘီလီယံဖြစ် ကြောင်း၊ ထိုင်းနိုင်ငံ၏ ကမ္ဘာ့ကုန်သွယ်မှုတန်ဖိုး စုစုပေါင်း၏ ဝ ဒသမ ၂-ဝဒသမ ၃  ရာခိုင်နှုန်းသာရှိ ကြောင်း၊ အစ္စရေးတွင် ထိုင်းနိုင်ငံသား အလုပ်လုပ်ကိုင်နေသူ ၃၀ဝ၀ဝ ခန့်ရှိကြောင်း၊ ထိုင်းနိုင်ငံသားများ ကယ်ထုတ်နိုင်ရေးအစိုးရမှ အစီအမံများဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းက  ဆက်လက်ပြောကြား သည်။    
အရှေ့အလယ်ပိုင်းပဋိပက္ခသည် ရှည်ကြာနေမည်ဆိုပါက ကမ္ဘာ့ဆီဈေးနှုန်းများ မြင့်တက်လာနိုင်ပြီး နိုင်ငံတွင်း ဆီဈေးနှုန်းအပေါ်တွင်လည်း သွယ်ဝိုက်သက်ရောက်နိုင်ကြောင်း၊ ပဋိပက္ခကြောင့် ကမ္ဘာ့ရေနံ စိမ်းဈေးနှုန်း အတက်အကျဖြစ်မည်ကို စိုးရိမ်လျက်ရှိပြီး စွမ်းအင်အရာရှိများအနေဖြင့်  ဆီထောက်ပံ့မှု အပေါ် အနှောင့်အယှက်ဖြစ်နိုင်ခြေကို စောင့်ကြည့်နေကြောင်း၊ ဆြွီကယ်ဝသောဒေသတွင် ဖြစ်ပွားသဖြင့် ဆီဈေးနှုန်းမြင့်တက်လာမည်ကို  စိုးရိမ်ကြောင်း၊ ကမ္ဘာ့ဆီထောက်ပံ့မှု၏ ၃၃ ရာခိုင်နှုန်းသည် အရှေ့ အလယ်ပိုင်းဒေသဖြစ်ကြောင်း၊ ယခုကဲ့သို့ သေချာမှုမရှိသေးသော အချိန်ကာလတွင် စွမ်းအင်ချွေတာ ရေးကို သတိပြုစေလိုကြောင်း စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Mr. Prasert Sinsukpraser ဖြည့်စွက်ပြောကြားသည်။
ပဋိပက္ခကြာမြင့်မှုကြောင့် ကမ္ဘာ့ဆီထောက်ပံ့မှုအပေါ် သက်ရောက်မှုမရှိသော်လည်း အာဏာပိုင် များအနေဖြင့် မဟာဗျူဟာကျသော အရန်ဆီအစီအစဉ်ကို ကြိုတင်စီစဉ်ထားရန် လိုအပ်ပါကြောင်း၊ထိုင်း နိုင်ငံသို့ ထောက်ပံ့နေသော ဆီ ၅၇ ရာခိုင်နှုန်းသည် အရှေ့အလယ်ပိုင်းမှ တင်သွင်းရပါကြောင်း၊ နိုင်ငံ့ အရန်ရေနံစိမ်းသည် လက်ရှိတွင် လီတာ ၃ ဒသမ ဝ၁ ဘီလီယံရှိပြီး လမ်းခရီးတွင် လီတာ ၁ ဒသမ ၆၃ ဘီလီယံ သယ်ဆောင်လာနေဆဲဖြစ်ကြောင်းMr. Prasert က ဖြည့်စွက်ပြောကြားသည်။

 

သီတာဝင်း(စီးပွားရေးသံမှူး)၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့။