Main menu

Background

ဗီယက်နမ်၊ တရုတ်-လာအို နိုင်ငံတကာအ‌အေးကွင်းဆက် ကုန်စည်ပို့ဆောင်ရေး ရထားများ စတင်ပြေးဆွဲ

Tue, 10/24/2023 - 11:08 -- journal_editor

သစ်သီးဝလံနှင့်    ဟင်းသီးဟင်းရွက်များ သယ်ဆောင်သည့်   နိုင်ငံတကာ အအေးကွင်းဆက် ကုန်စည်ပို့ဆောင်ရေး ရထားနှစ်စင်းသည် တရုတ် နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှလာအို နိုင်ငံ(တရုတ်-လာအို)နှင့် ဗီယက်နမ်နိုင်ငံ(တရုတ်-  ဗီယက်နမ်)တို့သို့ အောက်တိုဘာ   ၁၆ ရက်က စတင်ပြေးဆွဲနေပြီဖြစ်သည်။
တရုတ်နိုင်ငံ Xinhua သတင်းဌာန၏ ဖော်ပြ ချက်အရ ကနဦး ရထားခရီးစဉ်  နှစ်ခုသည် ယူနန် ပြည်နယ်Yuxi  မြို့ရှိYanheဘူတာမှ စတင်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါရထားများသည် လာအိုနိုင်ငံ၊ ဗီယင် ကျန်းမြို့နှင့် ဗီယက်နမ်နိုင်ငံ  လာအိုကိုင်မြို့တို့ကို တစ်ရက်ခန့်အကြာတွင် အဆိုပါရထားများရောက် ရှိနိုင်မည်ဟု ခန့်မှန်းထားသည်။
လက်ရှိတွင် ယူနန်ပြည်နယ် ကူမင်းမှ ဗီယင် ကျန်းမြို့သို့ တရုတ်-လာအို   နိုင်ငံတကာ  အအေး ကွင်းဆက်  ကုန်စည်ပို့ဆောင်ရေး   ရထားနေ့စဉ် ပြေးဆွဲရန် စီစဉ်ထားပြီး ကူမင်းနှင့်လာအိုကိုင်ကြား တစ်ပတ်လျှင် တစ်ကြိမ်ပြေးဆွဲရန် စီစဉ်ထားသည်။
ဝန်ဆောင်မှုအော်ပရေတာဖြစ်သည့် China Railway Kunming Bureau Group Co., Ltd မှ သုံးစွဲသူများ၏ လိုအပ်ချက်နှင့်   လိုအပ်ချက်များ အပေါ်အခြေခံ၍ အနာဂတ်တွင် သယ်ယူပို့ဆောင် ရေး ဝန်ဆောင်မှုများ၏ ကြိမ်နှုန်းကို ချိန်ညှိသွား မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ   နိုင်ငံတကာ   အအေးကွင်းဆက် ကုန်စည်ပို့ဆောင်ရေးရထားများ   ပြေးဆွဲခြင်းဖြင့်  ရထားလမ်း ခရီးစဉ်အတွင်းပါဝင်သည့် ဒေသတွင်း နိုင်ငံများအတွက်  ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်များ ကို ရရှိစေနိုင်ပြီး ကုန်ပစ္စည်းထုတ်လုပ်သူ လုပ်ငန်း ရှင်များအတွက် ထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ ချစေနိုင်ခြင်း၊ သုံးစွဲသူများအတွက်လည်း  သန့်ရှင်း လတ်ဆတ်သည့် ကုန်စည်များကို အသုံးပြုနိုင်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်း  ဆောင်ရွက်သူများအတွက် လည်း ကုန်ကျစရိတ် သက်သာစွာဖြင့်အကျိုးအမြတ် ပိုမို ရရှိနိုင်ခြင်း၊    နိုင်ငံတကာကုန်သွယ်မှု အခွင့် အရေးများပေါ်ပေါက်၍ကမ္ဘာ့ဈေးကွက်သို့အလွယ် တကူ  ဝင်ရောက်နိုင်ခြင်းစသည့် အကျိုးကျေးဇူး များ ရရှိစေနိုင်မည်ဖြစ်သည်။

 

ဝင့်နန္ဒာကျော်ကျော်(စီးပွားရေးသံမှူး)၊ ဗီယက်နမ်။