Main menu

Background

ယခုနှစ်အတွင်း မြေငှားရမ်းခကို ၃၀ ရာခိုင်နှုန်း လျှော့ချရန် ဗီယက်နမ် သဘောတူ

Tue, 11/07/2023 - 13:23 -- journal_editor

စီးပွားရေးလုပ်ငန်းများ၊ အိမ်ထောင်စုများနှင့် တစ်ဦးချင်း ပုဂ္ဂိုလ်များအနေဖြင့် နိုင်ငံတော်မှ တိုက်ရိုက်ငှားရမ်းထားသော မြေယာများအတွက် ယခုနှစ်တွင်  ပေးဆောင်ရမည့် မြေငှား ရမ်းခကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးမည်ဖြစ်ကြောင်း  မကြာ သေးမီက ထုတ်ပြန်ခဲ့သောဆုံးဖြတ်ချက်အရ သိရသည်။ အဆိုပါ ဆုံးဖြတ်ချက်သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့မှ စတင် အသက်ဝင်မည်ဖြစ်ကြောင်းသိရှိရသည်။
အိမ်ခြံမြေ၊ စိုက်ပျိုးရေးနှင့် သတ္တုတွင်းကဏ္ဍများ ဆောင် ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းများသည်  ဘဏ်များမှ ချေးငွေရယူရန် အခက်အခဲရှိကြောင်း၊ ထို့ကြောင့် မြေယာငှား ရမ်းခများ လျှော့ချခြင်းသည် အဆိုပါစီးပွားရေးလုပ်ငန်းများ အတွက် ငွေကြေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးအချို့ကို သက်သာစေရန် ရည်ရွယ်ပြီး ၎င်းတို့ကြုံတွေ့နေရသော စီးပွားရေးစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်   ကူညီပေးခြင်းဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန၏အဆိုအရ သိရသည်။
ယခင်နှစ်က မြေငှားခများ  အလားတူ လျှော့ချခဲ့သဖြင့် အစိုးရအနေဖြင့် ဝင်ငွေ VND  ၃ဒသမ၅ ထရီလီယံ (အမေရိကန် ဒေါ်လာ သန်း ၁၅၀ နှင့်ညီမျှသည်)ကို  ဆုံးရှုံးခဲ့ရသော်လည်း COVID-19 ကူးစက်ရောဂါကြောင့် ထိခိုက်ခံစားရသော စီးပွား ရေးလုပ်ငန်းများနှင့် လူတစ်ဦးချင်းစီအတွက် အရေးကြီးသော အထောက်အပံ့ကိုလည်းကောင်း၊ ကပ်ရောဂါဖြစ်ပွားပြီးနောက် အစောပိုင်း ကာလအတွင်း   စီးပွားရေးလုပ်ငန်းများ ပြန်လည် စတင်ရာတွင်လည်းကောင်း ကူညီပေးခဲ့သည်။  ယခုကဲ့သို့ မြေ ငှားခများ ထပ်မံလျှော့ချရန် ဆုံးဖြတ်ချက်သည် လက်ရှိဖြစ်ပွား နေသော ကူးစက်ရောဂါကြောင့် စိန်ခေါ်မှုများနှင့်  ရင်ဆိုင်နေရ သော စီးပွားရေးလုပ်ငန်းများနှင့် လူတစ်ဦးချင်းစီအား အလားတူ အကူအညီနှင့် ပံ့ပိုးမှုများပေးရန် ရည်ရွယ်ကြောင်း သိရသည်။

 

ဝင့်နန္ဒာကျော်ကျော်(စီးပွားရေးသံမှူး)
ဗီယက်နမ်။