Main menu

Background

ဖိလစ်ပိုင်တွင် သဘာဝဂျစ်ပဆမ်သတ္တုဒြပ်နှင့်အင်ဟိုက်ဒရိုက်တို့အပေါ် ကောက်ခံသည့် သွင်းကုန်ခွန် သုံးရာခိုင်နှုန်း ယာယီလျှော့ချ

Mon, 11/20/2023 - 14:02 -- journal_editor

ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေနှင့် ပလတ်စတစ်   ဘုတ်ပြားများ  ထုတ်လုပ်ရာတွင် အဓိက ကုန်ကြမ်းဖြစ်သော    သဘာဝဂျစ်ပဆမ် သတ္တုဒြပ်နှင့် အင်ဟိုက်ဒရိုက်တို့အပေါ်တွင် သွင်း ကုန်ခွန် သုညရာခိုင်နှုန်းလျှော့ချကြောင်း ၃-၁၁-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၆) ဖြင့် ဖိလစ်ပိုင်သမ္မတနန်းတော်မှ ထုတ်ပြန်ကြေညာ ခဲ့သည်။ ပြည်တွင်း ပလတ်စတစ်  ဘုတ်ပြားနှင့် ဘိလပ်မြေ ထုတ်လုပ်သူများအတွက်  ယှဉ်ပြိုင်မှု အားကောင်းလာစေရန်နှင့် ပြန်လည်အားကောင်း လာစေရန် ရည်ရွယ်ကြောင်း ဖော်ပြပါရှိသည်။  ပြင်ဆင်သတ်မှတ်လိုက်သည့် သွင်းကုန်ခွန် နှုန်းထားသည်ဖိလစ်ပိုင်နိုင်ငံ၏အခြေခံအဆောက်  အအုံနှင့်   အိမ်ရာစီမံကိန်းလုပ်ငန်းများအတွက် အထောက်အပံ့ပေးနိုင်မည်ဖြစ်ပါကြောင်း၊ လက်ရှိ ဖိလစ်ပိုင်နိုင်ငံတွင် သဘာဝဂျစ်ပဆမ်သတ္တုနှင့် အင်ဟိုက်ဒရိုက်သတ္တုရှာဖွေရေးများ     မရှိပါ ကြောင်း၊ ထို့ပြင် အဆိုပါပစ္စည်းများအတွက် ပြည် တွင်း အစားထိုးသုံးစွဲမှုလည်းမရှိကြောင်း  ဖော်ပြ ထားသည်။ Republic  Act  No.10863, Customs Modernization and Tariff Act  အရ  နိုင်ငံတော် သမ္မတသည် လက်ရှိကောက်ခံလျက်ရှိသော သွင်း ကုန်ခွန်အား တိုးမြှင့်ခြင်း၊ လျှော့ချခြင်း၊ ဖယ်ရှား ခြင်းတို့ကို နိုင်ငံ့အကျိုးစီးပွားအလို့ငှာ အမျိုးသား စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့၏ ထောက်ခံအကြံပြုချက်နှင့်အညီ  ဆောင်ရွက်ခွင့်ရှိ ကြောင်း၊ ယခုအမိန့်ကြော်ငြာစာ    မထုတ်ပြန်မီ အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့သည် သဘာဝဂျစ်ပဆမ်သတ္တုနှင့် အင် ဟိုက်ဒရိုက်သတ္တုတို့အပေါ်တွင်  ကောက်ခံလျက် ရှိသည့်Most-Favored Nation (MFN) အကောက် ခွန်နှုန်းထားအား    လျှော့ချပေးရေး  အတည်ပြု ထောက်ခံခဲ့သည်။ 
Most-Favored Nation (MFN) အကောက် ခွန်နှုန်းထားအား     ၃၁-၁၂-၂၀၂၄နောက်ပိုင်း နှစ်စဉ် ပြန်လည် လေ့လာသုံးသပ်မည်ဖြစ်ကြောင်း၊ ထို့အတွက် အမျိုးသားစီးပွားရေးဖွံ့ဖြိုးတိုးတက် ရေး  အာဏာပိုင်အဖွဲ့အနေဖြင့်    အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်များကို အမှုဆောင် အတွင်းရေးမှူးရုံးမှတစ်ဆင့် နိုင်ငံတော်သမ္မတထံ သို့ တင်ပြသွားမည်ဖြစ်သည်။  ယခုထုတ်ပြန်သည့်အမိန့်သည်     အမိန့် ကြော်ငြာစာ ထုတ်ပြန်သည့်နေ့မှ စတင်အသက် ဝင်မည်ဖြစ်ပြီး ငါးနှစ်ကာလထိ   အကျုံးဝင်မည် ဖြစ်သည်။ 

ကေသွယ်ခိုင်(စီးပွားရေးသံမှူး)
မနီလာမြို့။