Main menu

Background

ရုရှားကုန်သွယ်ရေးကိုယ်စားလှယ်များရှိသည့် နိုင်ငံများစာရင်းတွင် မြန်မာပါဝင်ဟု ရုရှားအစိုးရက အတည်ပြု

Mon, 11/20/2023 - 14:04 -- journal_editor

ရုရှားအစိုးရသည်  ရုရှားကုန်သွယ်ရေးကိုယ်စားလှယ် များရှိသည့် နိုင်ငံများ၏စာရင်းကို  အတည်ပြုခဲ့ပြီး ၎င်းတို့ သည် ပြည်ပနိုင်ငံပေါင်း  ၆၄ နိုင်ငံတွင် တာဝန်ထမ်းဆောင် လျက်ရှိကြောင်း သိရသည်။
အစိုးရသည် ရုရှားနိုင်ငံ၏ထုတ်ကုန်များနှင့် ဝန်ဆောင် မှုများကို  နိုင်ငံခြားဈေးကွက်သို့ တင်ပို့ရန် စိတ်ဝင်စားသော ပြည်တွင်းကုမ္ပဏီများအား စနစ်တကျ  ပံ့ပိုးကူညီမှုများ လုပ် ဆောင်လျက်ရှိသည်။ ရုရှားကုန်သွယ်ရေးကိုယ်စားလှယ်များ ရှိသည့်နိုင်ငံများ၏စာရင်းဖြင့် ရုရှားကုမ္ပဏီများသည် အဆိုပါ နိုင်ငံအသီးသီးမှ ဈေးကွက်များတွင် အလုပ်လုပ်ကိုင်နိုင်မည့် အလားအလာများကို အကဲဖြတ်နိုင်မည့်အပြင် လိုအပ်သော ထုတ်ကုန်များကို  တင်သွင်းနိုင်ရန်အတွက်လည်း  ပိုမိုလွယ်ကူ စေမည်ဖြစ်သည်။ ၂၀၂၀ခုနှစ်မှ ၂၀၂၃ခုနှစ်ထိ ရုရှားကုန်သွယ်ရေး ကိုယ် စားလှယ်ရုံးကို ပြည်ပနိုင်ငံ ခြောက်နိုင်ငံတွင်  ထပ်မံဖွင့်လှစ် နိုင်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင်   ဆီးရီးယားနိုင်ငံ၌လည်းကောင်း၊ ၂၀၂၂ ခုနှစ်တွင်   မြန်မာ၊ ဖိလစ်ပိုင်၊ မက္ကဆီကိုနှင့် အီသီယိုး ပီးယားနိုင်ငံတို့တွင် လည်းကောင်း၊ ၂၀၂၃  ခုနှစ်တွင် နိုင်ဂျီးရီး ယားနိုင်ငံ၌လည်းကောင်း အသီးသီး ဖွင့်လှစ်နိုင်ခဲ့သည်။
အဆိုပါနိုင်ငံများရှိ ရုရှားကုန်သွယ်ရေးကိုယ်စားလှယ် များ၏လုပ်ငန်းများသည်   ပြည်တွင်းပို့ကုန်လုပ်ငန်းရှင်များ ကို ပံ့ပိုးကူညီခြင်းအပြင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကုန်သွယ်မှုဆက်ဆံရေး  တိုးချဲ့ရန် ဖြစ်သည်။ ရုရှားကုန်သွယ်ရေးကိုယ်စားလှယ်ရုံးသည် ရုရှားနိုင်ငံ နှင့် အိမ်ရှင်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံ ရေးကို မြှင့်တင်ခြင်းနှင့် ပံ့ပိုးကူညီခြင်းများ ဆောင်ရွက်လျက် ရှိသဖြင့် ရုရှားနိုင်ငံနှင့်  ပူးပေါင်းဆောင်ရွက်လိုသော မြန်မာ လုပ်ငန်းရှင်များအနေဖြင့်      အဆိုပါကိုယ်စားလှယ်ရုံးနှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားနိုင်ပါက  အခွင့်အလမ်း ကောင်းများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
      

(စီးပွားရေးသံမှူး၊ မော်စကိုမြို့)