Main menu

Background

အင်ဒိုနီးရှားသို့ ထုတ်ကုန်များ တင်ပို့မှုကို မြှင့်တင်ရန် ဗီယက်နမ် ကြိုးပမ်း

Mon, 11/20/2023 - 14:05 -- journal_editor

အင်ဒိုနီးရှားနိုင်ငံသို့ လယ်ယာထွက်ကုန်များ၊ ပြုပြင်ပြီးနှင့်စား သောက်ကုန်များ၊ ဟာလာလ်အစားအစာများ တင်ပို့မှု  မြှင့်တင်ရေး နည်းလမ်းများ ရှာဖွေရန်အတွက် ဗီယက်နမ်နိုင်ငံ၊  စက်မှုနှင့်ကုန် သွယ်မှုဝန်ကြီးဌာန၊   ဗီယက်နမ်ကုန်သွယ်မှုမြှင့်တင်ရေးအေဂျင်စီ လက်အောက်ရှိ  ပို့ကုန်ပံ့ပိုးရေးစင်တာWebinar တစ်ခုကို နိုဝင်ဘာ ၃ရက်က ကျင်းပခဲ့သည်။   ဗီယက်နမ်ကုမ္ပဏီများအား အ‌ေင်ဒိုနီးရှားနိုင်ငံမှ Halalလက် မှတ်များ ရယူရန်၊ အင်ဒိုနီးရှားနိုင်ငံ၏ စံသတ်မှတ်ချက်ကို ရယူရန်၊ အင်ဒိုနီးရှားနိုင်ငံ၏e-commerceဈေးကွက်တွင် ပါဝင်ရန်နှင့် အင်ဒို နီးရှားတွင် စီးပွားလုပ်ငန်းဆောင်ရွက်နေသော ပြည်ပရောက် ဗီယက် နမ်များနှင့် ဗီယက်နမ်လုပ်ငန်းများ၏လမ်းကြောင်းများကို လေ့လာ ဆောင်ရွက်သွားရန် ၎င်းက အကြံပြုခဲ့သည်။Consultech JSC ၏ ဒါရိုက်တာLê Châu Hải Vũ ၏ အဆို အရ လက်ရှိတွင် ဗီယက်နမ်နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံ၏  ဟာ လာလ်ဈေးကွက်သို့ ကုန်ပစ္စည်းအမျိုးအစား ၂၀ ခန့်သာ တင်ပို့ထား သည့်အတွက် ဝယ်လိုအားထက် အလွန်နည်းပါးသော အရေအတွက် ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံ  ဒေသခံများ၏   ၄၀ရာခိုင်နှုန်းသည် အင်ဒိုနီးရှားနိုင်ငံ ဟာလာလ်ဈေးကွက်သို့ မည်သည့်ထုတ်ကုန်ကိုမျှ တင်ပို့ခြင်းမရှိသေးသည့်အတွက်    များစွာအလားအလားရှိသော ဈေးကွက်ဖြစ်ကြောင်း သိရှိရသည်။ ဈေးကွက်ကို အောင်မြင်စွာ ချိတ်ဆက်နိုင်ရန်အတွက် တင်ပို့ သူများအ‌နေဖြင့် ဟာလာလ်လက်မှတ်ရယူ လျှောက်ထားရန်၊  မိမိ တင်ပို့လိုသည့်ဈေးကွက်အတွက်  ဟာလာလ်စံနှုန်းများနှင့် ကိုက်ညီ သော ထုတ်ကုန်များ ဖန်တီးရန် လိုအပ်ပါကြောင်း၊   ဈေးကွက်ရှာဖွေ ရေးနှင့်  ကုန်သွယ်မှု ချိတ်ဆက်မှုများကိုလည်း   တိုးမြှင့်သင့်သည်ဟု အကြံပြုထားကြောင်း သိရှိရသည်။

 

(စီးပွားရေးသံမှူး၊ ဗီယက်နမ်)