Main menu

Background

ရုရှားရေနံတင်ပို့ခွန်ကို တစ်တန်လျှင် ၂၄ ဒသမ ၇ဒေါ်လာသို့ လျှော့ချမည်

Mon, 11/20/2023 - 14:07 -- journal_editor

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှစတင်၍ ရုရှားရေနံတင်ပို့မှု အခွန်ကို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၇ သို့ လျှော့ချမည်ဖြစ်ကြောင်း ရုရှားဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါဝန်ကြီးဌာန၏တွက်ချက်မှုအရ ၂၀၂၃ခုနှစ် ဒီဇင်ဘာ၁ ရက် မှစ၍ ရုရှားရေနံတင်ပို့ခွန်သည် တစ်တန်လျှင် ၂၄ ဒသမ ၇ ဒေါ်လာသို့ လျှော့ချမည်ဖြစ်ပြီး လက်ရှိ ရေနံတင်ပို့ခွန်မှာ တစ်တန်လျှင် ၂၆ ဒသမ ၂ ဒေါ်လာဖြစ်၍ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ကျဆင်းမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဝန်ကြီးဌာန၏အဆိုအရ ၂၀၂၃ ခုနှစ်  အောက်တိုဘာလ ၁၅ ရက်မှ နိုဝင်ဘာ ၁၄ ရက်အထိ စောင့်ကြည့်ကာလအတွင်း ရုရှား ့မျေူ ရေနံပျမ်းမျှ ဈေးနှုန်းမှာ တစ်စည်လျှင် ၇၉ ဒသမ၂၃ ဒေါ်လာ သို့မဟုတ် တစ်တန်လျှင် ၅၇၈ ဒသမ ၄ ဒေါ်လာဖြစ်သည်။
ဒီဇင်ဘာ ၁ ရက်နေ့မှစ၍ အပေါ့စားရေနံထွက်ပစ္စည်းနှင့် လောင်စာ ဆီ တင်ပို့မှုအတွက် အခွန်ပမာဏမှာ တစ်တန်လျှင် ၇ ဒသမ ၄ ဒေါ်လာ ဖြစ်ကြောင်း၊ လေးလံသောရေနံထွက်ပစ္စည်းတင်ပို့မှုအတွက် အခွန်ပမာဏ မှာ တစ်တန်လျှင် ၂၄ ဒသမ ၇ ဒေါ်လာဖြစ်ကြောင်း၊  စီးပွားဖြစ် ဓာတ်ဆီ တင်ပို့မှုအတွက် အခွန်ပမာဏမှာ၇ဒသမ၄ဒေါ်လာဖြစ်ကြောင်း၊ သန့်စင် ပြီး အခြေခံရေနံထွက်ပစ္စည်းတင်ပို့မှုအတွက် အခွန်ပမာဏမှာ ၁၃ ဒသမ ၅ ဒေါ်လာဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် သဘာဝဓာတ်ငွေ့ရည်(ြွူ)   တင်ပို့မှုအတွက် အခွန် ပမာဏမှာ တစ်တန်လျှင်၂ ဒသမ ၅ ဒေါ်လာမှ ၄ ဒသမ ၇ ဒေါ်လာသို့လည်း ကောင်း၊ သန့်စင်သော ူဏွ ဓာတ်ငွေ့ရည် တင်ပို့မှုအတွက် ၂ ဒသမ ၃ ဒေါ်လာမှ ၄ ဒသမ ၂ ဒေါ်လာသို့ လည်းကောင်း တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။                                              

 (စီးပွားရေးသံမှူး၊ မော်စကိုမြို့)