Main menu

Background

တောင်ကိုရီးယားနိုင်ငံမှ ချစ်ပ်ပြားနှင့်ကားများ တင်ပို့မှု မြင့်မားလာ

Mon, 12/04/2023 - 12:33 -- journal_editor

၂၀၂၃ ခုနှစ် နိုဝင်ဘာလပထမ ရက် ၂၀ အတွင်း  တောင်ကိုရီး ယားနိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် ယခင်နှစ် အလားတူကာက တင်ပို့မှု ထက် ၂ ဒသမ၂ ရာခိုင်နှုန်း မြင့်မားလာခဲ့သည်။ ချစ်ပ်ပြားနှင့် ကား များကို ပြည်ပမှဝယ်လိုအားမြင့်မားခဲ့သဖြင့် ပို့ကုန်တင်ပို့မှု  ပမာဏ မြင့်မားခဲ့သည်ဟု ကိုရီးယားအကောက်ခွန် ဝန်ဆောင်မှုဌာနမှ နိုဝင် ဘာ ၂၁ ရက်နေ့တွင် ထုတ်ပြန်သောစာရင်းများတွင်  ဖော်ပြထား သည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက် မှ ၂၀ရက်အထိ စုစုပေါင်း ပို့ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၇၉ ဘီလီယံရရှိခဲ့ရာ ယခင် နှစ် အလားတူကာလ တင်ပို့မှုဝင်ငွေဖြစ်သည့်  အမေရိကန်ဒေါ်လာ ၃၃ ဒသမ ဝ၇ ဘီလီယံထက် ပိုမိုခဲ့သည်ဟု  ကိုရီးယားအကောက်ခွန် ဝန်ဆောင်မှုဌာနမှ ထုတ်ပြန်ထားသည့်အပြင်  ယင်းကာလအတွင်း တစ်ရက်တာတင်ပို့မှု ဝင်ငွေသည်လည်း ယခင်နှစ်  အလားတူကာလ က တစ်ရက်တာ တင်ပို့မှုဝင်ငွေထက် ၂ဒသမ၂ရာခိုင်နှုန်း မြင့်မားလာ ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၈ဘီလီယံရရှိခဲ့သည်ဟု ကိုရီးယား အကောက်ခွန်ဝန်ဆောင်မှုဌာနက ထုတ်ပြန်ထားသည်။
တောင်ကိုရီးယားနိုင်ငံ၏ လအလိုက်ပို့ကုန်တင်ပို့မှုဝင်ငွေသည် ယခင်နှစ် အလားတူကာလက  တင်ပို့မှုဝင်ငွေထက် လျော့နည်းနေခဲ့ ရာမှ ၂၀၂၃ ခုနှစ်  အောက်တိုဘာလတွင် ၁၃  လတာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ယခင်နှစ် အလားတူကာလက  ဝင်ငွေထက် ၅ ဒသမ ၁ ရာခိုင်နှုန်း  မြင့်မားလာခဲ့ပြီး   အမေရိကန်ဒေါ်လာ ၅၅ ဘီလီယံရရှိခဲ့သည်ဟု တောင်ကိုရီးယားအကောက်ခွန် ဝန်ဆောင်မှု ဌာနမှ ထုတ်ပြန်ပြီး ကမ္ဘာ့ဈေးကွက်သို့ ချစ်ပ်ပြားနှင့်ကားများ တင်ပို့မှု မြင့်မားခဲ့သည့်အတွက် စုစုပေါင်းပို့ကုန်တင်ပို့မှုပမာဏ မြင့်မားခဲ့ခြင်း ဖြစ်သည်။
ယခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂၀ ရက်နေ့အထိ ကာလအတွင်း ပို့ကုန်တင်ပို့မှုသည် ယခင်နှစ် အလားတူကာလကထက် မြင့်မားခဲ့ သော်လည်း သွင်းကုန်တင်သွင်းမှုတွင် ၆ ဒသမ၂ ရာခိုင်နှုန်း  လျော့ နည်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၂၁ ဘီလီယံဖိုး ဝယ်ယူ တင်သွင်းခဲ့ရသည်။   သို့ သော် ၂၀၂၃ ခုနှစ်  နိုဝင်ဘာလ ပထမရက်  ၂၀အထိကာလအတွင်း သွင်းကုန်တင်သွင်းမှုက  ပို့ကုန်တင်သွင်းမှု ထက် မြင့်မားနေသဖြင့် အမေရိကန်ဒေါ်လာ  ၁ ဒသမ ၄ ဘီလီယံ ကုန်သွယ်မှုလိုငွေပြခဲ့သည်။
ချစ်ပ်ပြားတင်ပို့မှုသည် နိုင်ငံစုစုပေါင်းကုန်စည်များတင်ပို့မှု၏ ၁၆ ရာခိုင်နှုန်းရှိသည်။  ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ပထမရက် ၂၀ အထိ ကာလအတွင်း ချစ်ပ်ပြားတင်ပို့မှုသည်  ယခင်နှစ် အလားတူ ကာလက တင်ပို့မှုထက် ၂ ဒသမ ၄ ရာခိုင်နှုန်း မြင့်မားခဲ့ပြီး အမေရိ ကန်‌ဒေါ်လာ ၅ ဒသမ ၄၁ ဘီလီယံ ရရှိခဲ့သည်။ ကားတင်ပို့မှုသည် လည်း  ယခင်နှစ် အလားတူကာလက   တင်ပို့မှုထက် ၂၀ ဒသမ ၁ ရာခိုင်နှုန်း မြင့်မားခဲ့ပြီး အမေရိကန်‌ဒေါ်လာ ၃ ဒသမ ၇၆ ဘီလီယံ ရရှိခဲ့သည်။  ချစ်ပ်ပြားနှင့်ကားများအပြင်  ရေနံထွက်ပစ္စည်းများနှင့် အီလက်ထရွန်နစ်ပစ္စည်းများ တင်ပို့မှုလည်း မြင့်မားခဲ့သည်။ သို့သော် စတီးလ်နှင့်ကားအစိတ်အပိုင်းများတင်ပို့မှုသည် ယခင်နှစ် အလားတူ ကာလကတင်ပို့မှုထက် လျော့နည်းခဲ့သည်။

ပပ(စီးပွားရေးသံမှူး)၊ ကိုရီးယားသမ္မတနိုင်ငံ