Main menu

Background

အထည်အလိပ်နှင့်ချည်ထည် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံရရှိရန် ဗီယက်နမ် ရည်မှန်း

Mon, 12/04/2023 - 12:37 -- journal_editor

ဗီယက်နမ်အထည်အလိပ်နှင့်ချည်ထည်များ အသင်းVITAS)သည် ယခုနှစ်နောက်ဆုံး  သုံးလ ပတ်တွင် အပြုသဘောဆောင်သော  ပြောင်းလဲမှု များကို မြင်တွေ့ရသောကြောင့် အထည်အလိပ်နှင့် ချည်ထည် တင်ပို့မှုမှ ၂၀၂၄ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၄၄ ဘီလီယံရရှိရန် ရည်မှန်းထားရှိကြောင်း သိရှိရသည်။
VITAS ဥက္ကဋ္ဌ Vu Duc Giang က   မကြာ သေးမီက  ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ယခုနှစ်တွင်   ပို့ကုန်ဝင်ငွေသည်   အမေရိကန် ဒေါ်လာ ဘီလီယံ ၄၀   ရှိပြီး    ယခင်နှစ်ကထက် ၉ ဒသမ ၂ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း၊ ကိုဗစ် (၁၉) ကပ်ရောဂါ၏  ကမ္ဘာလုံးဆိုင်ရာ အကျိုးသက် ရောက်မှုနှင့် ဝယ်လိုအား ကျဆင်းမှုများကြားတွင် ဗီယက်နမ် အထည်အလိပ်နှင့် အထည်ချုပ်  ထုတ် ကုန်များအား နိုင်ငံနှင့် နယ်မြေ ၁၀၄ ခုသို့  တင်ပို့ နိုင်မှုသည် စံချိန်တင်နိုင်သကဲ့သို့ စီးပွားရေးအသိုင်း အဝိုင်း၏ ကြီးမားသော   ကြိုးပမ်းအားထုတ်မှုကို ပြသသည့် အောင်မြင်မှု တစ်ခုဖြစ်သည်ဟု Giang က ပြောကြားခဲ့သည်။
VITAS ၏ အဆိုအရ   အမေရိကန်သည် စက်တင်ဘာလကုန်အထိ   အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကျော်ဖြင့်  ဗီယက်နမ်အထည်အလိပ် နှင့် အဝတ်အထည်  ထုတ်ကုန်များကို အကြီးမား ဆုံး တင်သွင်းသူအဖြစ်ရှိနေခဲ့ပြီး     ၎င်းနောက်မှ ဂျပန်က အမေရိကန်ဒေါ်လာ  သုံးဘီလီယံ၊ ကိုရီး ယားသမ္မတနိုင်ငံမှ အမေရိ ကန်ဒေါ်လာ ၂ ဒသမ ၄၃ဘီလီယံ၊အီးယူမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံတို့ အသီးသီး  တင်သွင်းခဲ့ကြကြောင်း ဖော်ပြထားသည်။
အဓိကဈေးကွက်များထဲတွင်     အီးယူသို့ ဗီယက်နမ်၏ တင်ပို့မှုမှာ ကိုးလအတွင်း ဝင်ငွေ ၁၃ ရာခိုင်နှုန်း   ကျဆင်းသွားသဖြင့်   မျှော်မှန်းချက် ပြည့်မီခြင်းမရှိခဲ့ကြောင်း၊  ဗီယက်နမ်နိုင်ငံမှ ထုတ် လုပ်သူများသည် ပြည်ပသို့   တင်ပို့ရန် ထုတ်ကုန် များ ကွဲပြားစေရန်  ထုတ်ကုန်အမျိုးအစား ၃၆ မျိုး တင်ပို့နိုင်ရန်    ကြိုးပမ်းလျက်ရှိကြောင်း  သိရှိရ သည်။
ဗီယက်နမ်၏ အထည်အလိပ်နှင့်   အထည် ချုပ်လုပ်ငန်းသည် ကြီးမားသောဈေးကွက်အပေါ် မှီခိုအားထားမှုကို လျှော့ချရန်အတွက် ဈေးကွက် များ၊ ထုတ်ကုန်များ၊ ဖောက်သည်များနှင့် မိတ်ဖက် များကို   ကွဲပြားစေခြင်းသည်   မှီခိုအားထားမှုကို လျှော့ချရန် နည်းလမ်းတစ်ခုဖြစ်ကြောင်း၊ လာမည့် နှစ် ရည်မှန်းချက်ကို   အကောင်အထည်ဖော်ရန် အရေးကြီးကြောင်း Giang က ပြောကြားခဲ့သည်။
VITAS ၏အဆိုအရ  အထည်ချုပ်လုပ်ငန်း သည်   အစိမ်းရောင်ထုတ်လုပ်မှုနှင့်  ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု    လျှော့ချရေးတို့နှင့်အတူ ရေရှည်တည်တံ့သော   ဖွံ့ဖြိုးတိုးတက်မှုအတွက် အစီအမံများကို   ဆက်လက်  အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း၊VITAS က ဗီယက်နမ် အနေဖြင့် ၎င်း၏ဖက်ရှင်လုပ်ငန်းကို ဖွံ့ဖြိုးတိုးတက် အောင် အာရုံစိုက်ရန် လိုအပ်ကြောင်း၊   အဆိုပါ ဖွံ့ဖြိုးတိုးတက်မှုတွင် ပြည်တွင်းအမှတ်တံဆိပ်များ ဖန်တီးခြင်းနှင့်   ယင်းအမှတ်တံဆိပ်များကို တစ် ကမ္ဘာလုံးအတိုင်းအတာဖြင့်   အသိအမှတ်ပြုမှုကို ထူထောင်ရန်တို့   ပါဝင်ကြောင်း  သိရှိရသည်။VITAS ၏   အဓိကရည်ရွယ်ချက်မှာ ဗီယက်နမ် ဖက်ရှင်အမှတ်တံဆိပ်များ အသိအမှတ်ပြုမှုရရှိရေး နှင့် နိုင်ငံတကာဈေးကွက်တွင်   မြှင့်တင်ရန်ဖြစ် ကြောင်း သိရသည်။   

 

စီးပွားရေးသံမှူး
(ဗီယက်နမ်)