Main menu

Background

ဟနွိုင်းတွင် ခရီးသွားများအတွက် ဘတ်စ်ကားခရီးစဉ်သစ်ကို စတင်မိတ်ဆက်

Mon, 12/04/2023 - 12:46 -- journal_editor

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်၏ ယဉ်ကျေးမှုနှင့် သမိုင်းဝင် အထင်ကရနေရာများနှင့်  ဆွဲဆောင်မှုရှိသော နေရာများသို့ လည်ပတ်နိုင်ရန် ရည်ရွယ်၍ ခရီးသွားများ အတွက် ဘတ်စ်ကားခရီးစဉ်အသစ်ကို စတင်ပြေးဆွဲပြီဖြစ် ကြောင်း Viet Nam Newsတွင် ဖော်ပြထားသည်။
Hà Nội Passenger Transport Joint Stock Company မှ စီစဉ်ပြေးဆွဲသည့် ခရီးစဉ်တွင် ခရီးသွား များအားOld Quarter နှင့်West Lake တစ်လျှောက် လှည့်လည်ပြသမည်ဖြစ်ပြီး  အဖွင့်ဘတ်စ်ကားများတွင် လူ ၂၀ ဆံ့နိုင်ပြီး ဗီယက်နမ်၊ အင်္ဂလိပ်၊ ဂျပန်၊ တရုတ်နှင့် ကိုရီးယား ဘာသာစကားငါးမျိုးဖြင့် အသံလမ်းညွှန်များ တပ်ဆင်ထားမည်ဖြစ်သည်။
ခရီးစဉ်  ဝန်ဆောင်မှုသည် နံနက် ၉ နာရီမှ ညနေ ၆ နာရီခွဲဖြစ်ပြီး မိနစ် ၃၀ တိုင်း  တစ်စီးပြေးဆွဲသွားမည် ဖြစ်ကြောင်း၊ အင်္ဂါနေ့မှစနေနေ့အထိHồ Gươm(ဓားရေ ကန်) မှ စတင်ထွက်ခွာမည်ဖြစ်ပြီး  တနင်္ဂနွေနေ့တိုင်းHà Nội Opera House စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရှိ  ရသည်။ ခရီးသွားများသည်Đồng Xuân ည ဈေး၊ူLong Biê ညတံတား၊Trấn Quốc စေတီ၊Hydroplane Dock Võng Thị ị ဘုရားကျောင်း၊Tảo Sách စေတီ၊Kim Liê ညဘုရား၊Imperial Citadelစာပေဗိမာန်၊ Hỏa Loo အကျဉ်းထောင် နှင့် ံHà Nội Opera House Hồ Chí Minh    ဂူဗိမာန်အပါ အဝင်   လမ်းကြောင်းတစ်လျှောက်   ကျော်ကြားသော အထင်ကရနေရာ ၁၃ ခုတွင်    လေ့လာနိုင်ကြောင်းနှင့် အဆိုပါနေရာများမှ  ခရီးဆက်ရန် နောက်ဘတ်စ်ကားကို စီးနိုင်ကြောင်းလည်း ဖော်ပြထားသည်။
လက်မှတ်များကိုdkĐông Kinh Nghĩa Thục Square သို့မဟုတ် Hà Nội Opera Houseသို့မဟုတ်hncitytour.vn ဝက်ဘ်ဆိုဒ်မှတစ်ဆင့် တိုက်ရိုက်ဝယ်ယူနိုင်ပြီး ဈေးနှုန်း များမှာ VND တစ်သိန်းမှ နှစ်သိန်းခွဲအထိရှိပြီး  အသက် ခြောက်နှစ်အောက်   ကလေးများအတွက်  အခမဲ့ဖြစ် သည်။

 

စီးပွားရေးသံမှူး
(ဗီယက်နမ်)