Main menu

Background

ရုရှားနိုင်ငံမှ ဆန်တင်ပို့မှု တားမြစ်ချက်ကို ခြောက်လ သက်တမ်းတိုးမည်

Wed, 12/20/2023 - 12:16 -- journal_editor

ရုရှားစိုက်ပျိုးရေးဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ  ရုရှား နိုင်ငံမှဆန်နှင့်ဆန်စပါး တင်ပို့မှုတားမြစ်ချက်အား သက်တမ်းတိုးရန် အဆိုပြုထားကြောင်း ၎င်း သက် ဆိုင်ရာ   ဥပဒေမူကြမ်းကို   အစိုးရ၏တရားဝင်Website  ပေါ်တွင် ဖော်ပြထားသည်။ အဆိုပါ ဥပဒေမူကြမ်းတွင် ရုရှားမှ ယူရေး ရှား စီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့်  အခြား ပြည်ပနိုင်ငံများသို့ လူသားချင်း စာနာထောက်ထား မှုဆိုင်ရာ   အကူအညီများအတွက်တင်ပို့သည့် ဆန်များအား ပိတ်ပင်မည်မဟုတ်ကြောင်း ဖော်ပြ ထားသည်။  နိုဝင်ဘာလကုန်တွင်    ရုရှားစိုက်ပျိုးရေး ဝန်ကြီး Mr. Dmitry Patrushev က ရုရှားနိုင်ငံသည် လက်ရှိ စိုက်ပျိုးရာသီတွင် လူမှုရေးအရ  အရေးပါ သောသီးနှံများဖြစ်သည့် ဆန်နှင့်ဂျုံထုတ်လုပ်နိုင်မှု သည် သိသာစွာတိုးတက်လာခဲ့ကြောင်း ပြောကြား ခဲ့သည်။ ဆန်စပါး  စုစုပေါင်း ရိတ်သိမ်းနိုင်မှုသည် တန်ချိန် ၁ ဒသမ ၁ သန်းကျော်လွန်ခဲ့ပြီး   ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၄ရာခိုင်နှုန်း ပိုများသည်။
ရုရှားတွင် ဆန်နှင့် ဆန်စပါးတင်ပို့မှု ယာယီ တားမြစ်ချက်ကို ၂၀၂၂ ခုနှစ် ဇူလိုင် ၁ ရက်တွင် စတင်ခဲ့ပြီး ပို့ကုန် ကန့်သတ်ချက်အား ခြောက်လ တစ်ကြိမ်    ပုံမှန်သက်တမ်းတိုးခဲ့ရာ ၂၀၂၃ ခုနှစ်  နှစ်ကုန်အထိ သက်တမ်းရှိခဲ့သည်။ ယခုအခါ ယင်း နှင့်  စပ်လျဉ်း၍   စိုက်ပျိုးရေးဝန်ကြီးဌာနသည် တားမြစ်ချက်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ခြောက်လအထိ   သက်တမ်းတိုးရန် အဆိုပြုထား ခြင်းဖြစ်သည်။
အဆိုပါ တားမြစ်ချက်သည် နိုင်ငံအတွင်း ဆန်စပါး ပြတ်လပ်မှုအန္တရာယ်ကို  ရှောင်ရှားရန် နှင့် နိုင်ငံ၏စားနပ် ရိက္ခာဖူလုံမှုရရှိစေရန် ရည်ရွယ် ခြင်းဖြစ်ပြီး အဆိုပါထုတ်ကုန်များအတွက် ပြည် တွင်း ဈေးနှုန်းများ တည်ငြိမ်စေရန်ဖြစ်သည်။  ထို့အပြင်   မွေးမြူရေးနှင့် ပြန်လည်ပြုပြင် ထုတ်လုပ်ခြင်းလုပ်ငန်းများအတွက်   ပံ့ပိုးကူညီ နိုင်ရန်ဖြစ်ကြောင်း ရှင်းလင်းဖော်ပြထားသည်။ ရုရှား ကောက်ပဲသီးနှံသမဂ္ဂဥက္ကဋ္ဌ    Mr. Arkady Zlochevsky  ၏ ပြောကြားချက်အရ ရုရှားနိုင်ငံသားများသည် နှစ်စဉ်   ဆန်တန်ချိန် တစ်သန်းခန့်   စားသုံးကြပြီး   ထိုအထဲမှ တန်ချိန် ၂၀ဝ၀ဝ၀ခန့်သည်ဆန်လုံးရှည်(Long-grain riceများဖြစ်ကြောင်း သိရှိရသည်။ ရုရှားနိုင်ငံ၌ ဆန် လုံးတို(round - grain rice)သည် ပြည်တွင်း စားသုံး ရန်အတွက်သာမက ပြည်ပသို့ တင်ပို့ရန်အတွက်ပါ လုံလောက်မှုရှိသော်လည်း      ဆန်လုံးရှည်သည် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိကြောင်း သိရှိရသည်။  ရုရှားနိုင်ငံသို့ ဆန်လုံးရှည်   အဓိက တင်ပို့ လျက်ရှိသော နိုင်ငံများမှာ အိန္ဒိယ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြောင်း သိရသည်။ 

 (စီးပွားရေးသံမှူး၊ မော်စကိုမြို့)