Main menu

Background

ကြက်သားတန်ချိန် ၁၆၀ဝ၀ဝ အထိ အခွန်ကင်းလွတ်ခွင့် ခွဲတမ်းဖြင့် တင်သွင်းရန် ရုရှားအတည်ပြု

Wed, 12/20/2023 - 12:17 -- journal_editor

ရုရှားနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ခွဲတမ်းဖြင့် ကြက်သား တင် သွင်းမှုအား တန်ချိန် ၁၆၀ဝ၀ဝအထိ ရုရှားအကောက်ခွန်  ဆပ် ကော်မရှင်က ခွင့်ပြုပေးခဲ့ကြောင်း အစိုးရအဖွဲ့၏  သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။၂၀၂၄ ခုနှစ်တွင် ကြက်သားအမျိုးအစား အချို့အပေါ် အကောက်ခွန်မဲ့ ဦးစားပေး တင်သွင်းမှုကို အတည်ပြု ခဲ့ပြီး သွင်းကုန် ကြက်သားပမာဏတန်ချိန် ၁၆၀ဝ၀ဝ အထိ ကင်း လွတ်ခွင့်ပြုရန် စီစဉ်ထားသည်။ ပြည်တွင်းဈေးကွက်တွင် ဝယ်လိုအား မြှင့်တက်လာသည့်အတွက် ကြက်ထွက်ကုန် ဈေးကွက်ဈေးနှုန်း တည် ငြိမ်စေရန် ရည်ရွယ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ရုရှားစိုက်ပျိုးရေးဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာ၁ရက် တွင် ၂၀၂၄ ခုနှစ်အတွက် အခွန်ကင်းလွတ်ခွင့်ခွဲတမ်းဖြင့် ရုရှားနိုင်ငံ သို့ ကြက်သားတန်ချိန် ၁၆၀ဝ၀ဝ အထိ တင်သွင်းရန် အဆိုပြုခဲ့သည်။ ထို့အပြင် အဆိုပါဝန်ကြီးဌာန၏  အဆိုပြုချက်ကြောင့် ကြက်သား အမျိုးအစားအချို့နှင့် ကြက်ဥတင်ပို့မှုကို ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၁ရက် မှ ၂၀၂၄ ခုနှစ် မေ ၃၁ ရက်အထိ ခြောက်လကြာ ယာယီ ပိတ်ပင်ထား ပါသည်။ ရုရှားဖက်ဒရယ်စာရင်းအင်းဌာန(Rosstat)၏ အချက်အလက် များအရ ကြက်သားဈေးနှုန်းများသည် ယခုနှစ်အစမှစတင်၍အောက် တိုဘာလအထိ ၂၈ ဒသမ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဥများအတွက် ၁၅ ဒသမ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ ကြက်ထွက်ကုန် ဈေးနှုန်းမြင့်တက်ရခြင်းမှာ   အမေရိကန် ဒေါ်လာ ငွေလဲနှုန်းမြင့်မားလာခြင်းကြောင့် ထုတ်ကုန်ထုတ်လုပ်မှု စရိတ်မြင့်တက်လာခြင်းနှင့် ဆက်စပ်လျက်ရှိကြောင်း၊ ပြည်တွင်း ဈေး ကွက်ထက်   ပြည်ပသို့ တင်ပို့ခြင်းက ပိုမိုများပြားနေခြင်းကြောင့် နိုင်ငံတော်၏ စားနပ်ရိက္ခာဖူလုံမှုကို ခြိမ်းခြောက်နေသဖြင့် ပြည်တွင်း ဈေးကွက်ကို ထိခိုက်စေကြောင်း သိရသည်။

 

စီးပွားရေးသံမှူး
(မော်စကိုမြို့)