Main menu

Background

ရုရှားလေကြောင်းလိုင်း Aeroflot သည် ဟိုချီမင်းသို့ ဇန်နဝါရီတွင် တိုက်ရိုက်ပျံသန်းမှု ပြန်လည်စတင်မည်

Mon, 01/01/2024 - 13:39 -- journal_editor

ရုရှားနိုင်ငံ၏အထင်ကရလေကြောင်းလိုင်းဖြစ်သည့် Aeroflot သည် ဇန်နဝါရီ ၃၁ ရက်တွင် မော်စကိုနှင့်ဟိုချီမင်းမြို့ကြား တိုက်ရိုက် ပျံသန်းမှု ပြန်လည်စတင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ထိုင်ခုံ ၃၆၈ ခုံပါဝင်သည့် ဘိုးရင်း ၇၇၇ ဖြင့် အပတ်စဉ်နှစ်ကြိမ် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းပေးမည်ဖြစ်ကြောင်း ၎င်း ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားပြီး ပျံသန်းရန် ကြာချိန် ကိုးနာရီ နှင့်တစ်ဆယ့်ငါးမိနစ်ခန့် ကြာမည်ဖြစ်ကြောင်း သိရသည်။
ဗီယက်နမ် မြို့ပြလေကြောင်းအာဏာပိုင်မှ   ဗနမသူ်သအ ကို ဒီဇင်ဘာလအစောပိုင်းတွင်   ဟိုချီမင်းသို့  တိုက်ရိုက်ပြေးဆွဲရန်နှင့် ဟနွိုင်းသို့  ပျံသန်းမည့် ခရီးစဉ်များကိုလည်း  ပြန်လည်စတင်ခွင့်ပြုခဲ့ သည်။ လေယာဉ်ပြေးဆွဲမှုများသည်   ရုရှားနှင့်ယူကရိန်းကြား  စစ်ပွဲ ကြောင့် ပြီးခဲ့သောနှစ် မတ်လတွင် ရပ်ဆိုင်းခဲ့ရသည်။ တစ်ချိန်တည်း ရုရှားနိုင်ငံသို့ ပျံသန်းလျက်ရှိသည့် တစ်ခုတည်းသော   ဗီယက်နမ် လေကြောင်းလိုင်းသည် ၎င်း၏မော်စကိုသို့ ပျံသန်းသည့် ဝန်ဆောင်မှု ကို ရပ်ဆိုင်းခဲ့သည်။
လွန်ခဲ့သည့် နှစ်နှစ်နီးပါးမှစတင်၍ ဗီယက်နမ်နှင့် ရုရှားကြား ခရီးသည်များသည် နှစ်နိုင်ငံကြား   တိုက်ရိုက်ပျံသန်းမှုနည်းပါးခြင်း ကြောင့် Emirates  လေကြောင်းလိုင်း၊Qatar Airways နှင့်Turkish  လေကြောင်းလိုင်းတို့မှ ပြေးဆွဲသည့်  လေကြောင်းခရီးစဉ်များနှင့် ချိတ်ဆက်မှုများ ပြုလုပ်ခဲ့ရသည်။  သို့ရာတွင် အဆိုပါ လေကြောင်း လိုင်းများသည် အရှေ့အလယ်ပိုင်းတွင်  ရပ်နားလေ့ရှိသောကြောင့် အပိုကြာချိန်များ ဖြစ်ပေါ်စေပြီး  ခရီးသည်များအတွက် အဆင်မပြေ ဖြစ်မှုကို ဖြစ်စေခဲ့ကြောင်း ဖော်ပြထားသည်။
၂၀၁၉ခုနှစ်နှောင်းပိုင်းတွင် ကိုဗစ်(၁၉) မဖြစ်ပွားမီ ရုရှားနိုင်ငံ သည် ဗီယက်နမ်နိုင်ငံသို့ကမ္ဘာလှည့်ခရီးသွားများအများဆုံးလာရောက် သည့် နိုင်ငံ ၁၀ ခုအနက်မှ တစ်ခုဖြစ်သည်။
ဗီယက်နမ်နှင့် ရုရှားကြား တိုက်ရိုက်လေကြောင်းပျံသန်းမှု မရှိ ခြင်းကြောင့် ယခုနှစ်အတွင်း ရုရှားနိုင်ငံမှ လာရောက်သူဦးရေ သိသိ သာသာ လျော့ကျသွားခဲ့ပြီး ယခုအချိန်အထိ ရုရှားနိုင်ငံမှ ရောက် ရှိလာသူ ၉၇၀ဝ၀ သာရှိပြီး  ယင်းသည် ကိုဗစ် (၁၉) မတိုင်မီ အရေ အတွက်၏ ငါးပုံတစ်ပုံဖြစ်ကြောင်းသိရသည်။
အဆိုပါ ခရီးသွားအများစုသည် သတ်မှတ်ထားသော စီးပွား ဖြစ် လေယာဉ်များထက်  စင်းလုံးငှားလေယာဉ်ဖြင့်  လာရောက် ကြောင်း ဖော်ပြထားသည်။ ခရီးသွားရောက်ရှိမှု  ကျဆင်းရခြင်းမှာ လေကြောင်းလိုင်းများမှ ပျံသန်းပြေးဆွဲမှုဆိုင်ရာ  ချိတ်ဆက်မှုများ ပြုလုပ်ရန်   လိုအပ်ခြင်းနှင့် ခရီးသွားကြာမြင့်ချိန်  တိုးလာမှုကြောင့် ဖြစ်ပြီး ယခုကဲ့သို့တိုက်ရိုက်လေကြောင်း  ပြန်လည်ပြေးဆွဲခြင်းဖြင့် ရုရှားနိုင်ငံမှ ကမ္ဘာလှည့်ခရီးသွားများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း သိရသည်။             

  (စီးပွားရေးသံမှူး၊ ဗီယက်နမ်)